Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

125. Kaṭāhakajātakaṃ

Author: နိဿယ-1 @ IAPT

(၁၂၅)နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဗဟုံပိသော ဝိကတ္ထေယျ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤကဋာဟကဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သောရှုတ်ချသောစကားကိုဆိုတတ်သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။

ယော၊ အကြင်သူသည်။ အညံဇနပဒံ၊ မိမိ၏ဖွားရာမြေမှတစ်ပါးသောဇနပုဒ်သို့။ ဂတော၊ ရောက်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုတစ်ပါးသောဇနပုဒ်သို့ရောက်သောသူသည်။ တတ္ထ၊ ထိုမိမိအမျိုးဇာတ်ကိုမသိရာအရပ်၌။ ဗဟုံပိ၊ များစွာလည်း။ ဝိကတ္ထေယျ၊ ချုတ်ချယ်ရှုတ်ချသောစကားကိုဆိုရာ၏။ သာမိကော၊ သခင်သည်။ အနွာဂန္တွာန၊ ဤသို့တဖန်လာပြန်လတ်၍။ ဒူသေယျ၊ ဖျက်ဆီးရာ၏။ ကဋာဟက၊ ကဋာဟက။ ဘောဂေ၊ စည်းစိမ်တို့ကို။ ဘုဉ္ဇ၊ ခံစားလော့။ ။

ကဋာဟကဇာတကံ ပဉ္စမံ။၁၂၅။