Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

411. Susīmajātakaṃ (7-2-6)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကာဠာနိကေသာနိပုရေအဟေသုံ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသုသိမဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မြတ်သော တောထွက်ခြင်းကို အကြောင်းပြု၍ဟောတော်မူ၏။ ။

မိဘုရားကြီးသည် တစ်နေ့သ၌ မင်း၏ဦးခေါင်း၌သန်းတို့ကိုရှာသကဲ့သို့ပြု၍၊ အရှင်မင်းကြီး၊ သင်မင်းကြီး အိုပြီ။ ရှင်မင်းကြီး၏ ဦးခေါင်း၌တစ်ခုသော ဆံဖြူသည်ထင်၏ဟုဆို၏။ ရှင်မ၊ ထိုသို့တပြီးကားတစ်ခုသော ဆံကိုနုတ်၍ ငါ၏လက်၌လျှင်ထားလော့ဟုဆို၏။ မိဘုရားသည်မင်း၏ဦးခေါင်းမှ တစ်ခုသော မည်းသောဆံကိုနုတ်၍၊ မိမိဦးခေါင်း၌ဆံဖြူကိုယူ၍၊ အရှင် မင်းကြီး၊ ဤသည်ကားအရှင်မင်းကြီး၏ ဆံဖြူတည်းဟုမင်း၏လက်၌ထား၏။ ထိုဆံကိုမြင်၍ ထိတ်လန့်သောစိတ်ရှိသော ဘုရားလောင်းသည် ရွှေပျားနှင့်တူသောနဖူးမှချွေးတို့သည်ထွက်ကုန်၏။ ။

ထိုဘုရားလောင်းသည် မိမိကိုယ်ကိုဆုံးမလျက်။ သုသိမ၊ သင်အိုပြီ။ ဤမျှလောက်သော ကာလပတ်လုံး မစင်ညွန်၌ငုပ်သောဝက်ကဲ့သို့ ကာမညွန်၌ငုပ်၍ ထိုကာမညွန်ကိုစွန့်အံ့သောငှါမတတ်နိုင်။ ကာမတို့ကိုစွန့်၍ ဟိမဝန္တာသို့ဝင်၍ရဟန်းပြု၍ သင်အားမြတ်သော အကျင့်ဖြင့်နေအပ်သောအခါတည်းဟုကြံ၍။ ။

(၁၁၀၃)ကာဠာနိ ကေသာနိ ပုရေ အဟေသုံ၊ဇာတာနိ သီသမှိ ယထာပဒေသေ။

တာနဇ္ဇ သေတာနိ သုသိမ ဒိသာ၊ဓမ္မံ စရ ဗြဟ္မစရိယဿ ကာလော။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၁၁၀၃)သိသုမ၊ သုသိမ။ ပုရေ၊ ရှေး၌။ သီသမှိ၊ သင်၏ဦးခေါင်း၌။ ယထာပဒေသေ၊ ဆံပေါက်ရောက်ခြင်းငှါ လျော်သောအရပ်၌။ ဇာတာနိ၊ ရောက်ကုန်သော။ ကာဠာနိ၊ ပိတုန်းတောင်သို့ညိုရောင်လက်လက်ဖိတ်ဖိတ်ထွက်သောအဆင်းရှိကုန်သော။ ကေသာနိ၊ ဆံတို့သည်။ အဟေသုံ၊ ဖြစ်ကုန်၏။ အဇ္ဇ၊ ယခု။ သေတာနိ၊ ဗျိုင်းဖြူအသွေးဖွေးဖွေးဖြူကုန်သော။ တာနိ၊ ထိုဆံတို့ကို။ ဒိသွာ၊ မြင်၍။ ဓမ္မံ၊ ကုသလကမ္မပထတရား ဆယ်ပါးကို။ စရ၊ ကျင့်လော့။ ဗြဟ္မစရိယဿ၊ မြတ်သောအကျင့်၏။ ဝါ၊ မေထုန်မှကြဉ်ရှောင်ခြင်း၏။ ကာလော၊ အခါတန်ပြီ။ ။

ဤသို့ဘုရားလောင်းသည် မြတ်သောအကျင့်ဖြင့် နေခြင်း၏ ကျေးဇူးတို့ကို ချီးမွမ်းသည်ရှိသော်၊ မိဘုရားသည် ငါသည် မင်းအား ငြိစွန်းခြင်းကို ပြုအံ့ဟု ငြိစွန်းခြင်း၏ ဖြေခြင်းကိုလျှင်ပြုမိ၏ဟု ထိတ်လန့်သည်ဖြစ်၍ ယခုအခါ ထိုမင်းအား ရဟန်းမပြုစိမ့်သောငှါ ကိုယ်အဆင်းကိုချီးမွမ်းအံ့ဟု ကြံ၍။ ။

(၁၁၀၄)မမေဝ ဒေဝ ပလိတံ န တုယှံ၊မမေဝ သီသံ မမ ဥတ္တမင်္ဂံ။

အတ္ထံ ကရိဿန္တိ မုသာ အဘာသိံ၊ဧကာပရာဓံ ခမ ရာဇသေဋ္ဌ။ ။

(၁၁၀၅)ဒဟရော တုဝံ ဒဿနိယောသိ ရာဇ၊ပဌမုဂ္ဂတော ဟောတိ ယထာ ကဠီရော။

ရဇ္ဇဉ္စ ကာရေဟိ မမဉ္စ ပဿ၊မာ ကာလိကံ အနုဓါဝီ ဇနိန္ဒ။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၁၁၀၄-၁၁၀၅)ဒေဝ၊ အရှင်မင်းကြီး။ မမေဝ၊ အကျွန်ုပ်၏သာလျှင်။ ပလိတံ၊ ဆံဖြူတည်း။ တုယှံ၊ ရှင်မင်းကြီး၏။ နပလိတံ၊ ဆံဖြူမဟုတ်။ မမေဝ၊ အကျွန်ုပ်၏သာလျှင်။ သီသံ၊ ဦးခေါင်း၌ရောက်သောဆံဖြူတည်း။ မမ၊ အကျွန်ုပ်၏။ ဥတ္တမင်္ဂံ၊ မြတ်သော အင်္ဂါ၌ရောက်သော ဆံဖြူတည်း။ အဟံ၊ အကျွန်ုပ်သည်။ အတ္ထံ၊ အကျိုးစီးပွါးကို။ ကရိဿန္တိ၊ ပြုအံ့ဟု။ မုသာ၊ မုသားကို။ အဘာသိံ၊ ဆိုမှား၏။ ရာဇသေဋ္ဌ၊ မင်းမြတ်။ ဧကာပရာဓံ၊ အကျွန်ုပ်၏ တစ်ခုသောအပြစ်ကို။ ခမ၊ သည်းခံပါလော့။ ။

ရာဇ၊ မင်းမြတ်။ ပဌမုဂ္ဂတော၊ ပေါက်သစ်ဖြစ်၍။ ကဠီရော၊ နုသော အညှောက်သည်။ ဒဿနီယော၊ ရှုချင်ဘွယ်ရှိသည်။ ဟောတိယထာ၊ ဖြစ်၏သို့။ ဧဝံတထာ၊ ထို့အတူ။ တုဝံ၊ သင်မင်းကြီးသည်လည်း။ ဒဟရော၊ ပျိုနုသည်ဖြစ်၍။ ဒဿနီယော၊ ရှုချင်ဘွယ်ရှိသည်။ အသိ၊ ဖြစ်၏။ ရဇ္ဇဉ္စ၊ မင်းအဖြစ်ကိုလည်း။ ကာရေဟိ၊ ပြုစေလော့။ မမဉ္စ၊ အကျွန်ုပ်ကိုလည်း။ ပဿ၊ ရှုပါလော့။ ။

(အကျွန်ုပ်ကို ကိုးကွယ်ရာမရှိအောင် မပြပါလင့်ဟူလိုသည်)။ ။

ဇနိန္ဒ၊ လူတို့ကိုအစိုးရသောမင်းမြတ်။ ကာလိကံ၊ ဒုတိယဘဝတတိယဘဝဟုဆိုအပ်သောကါလလျားမှအကျိုးပေးတတ်သောရဟန်းအဖြစ်သို့။ မာအနုဓာဝိ၊ မကပ်လင့်။ (ဤမျက်မြင်ကိုယ်၏အဖြစ်၌ကာမဂုဏ်ချမ်းသာကိုဖြစ်စေတတ်၍ အကာလိကဖြစ်သောမင်းအဖြစ်ကိုစွန့်၍ကာလလျားမှအကျိုးပေးသော အကာလိကဖြစ်သောရဟန်းအဖြစ်သို့ မကပ်ပါလင့်ဟူလိုသည်)။

ဘုရားလောင်းသည် မိဘုရားစကားကိုကြား၍၊ ရှင်မ၊ သင်ဆိုတိုင်းဖြစ်ရာသလျှင်ကတည်း။ ငါ၏အရွယ်သည် ရင့်တိုင်းရင့်တိုင်း ဤမည်းညိုသောဆံတို့သည် ဘောက်ပြန်၍ပိုက်ဆန်လျှော်တို့ကဲ့သို့ဖြူကုန်သည်ဖြစ်ရာ၏။ အရွယ်ရင့်တိုင်းရင့်တိုင်း အိုခြင်းသို့ရောက်ကုန်သော ကြာညို အစရှိကုန်သော ပန်းဆိုင်းနှင့်တူကုန်သော သူငယ်တို့၏၎င်း ရွှေအဆင်းနှင့် တူကုန်သောမြတ်သော အရွယ်တင့်တယ်ခြင်းနှင့် ပြည့်စုံသော မင်းသ္မီးအစရှိသည်တို့၏၎င်း အဆင်းဘောက်ပြန်ခြင်းကို၎င်း ကိုယ်၏ပျက်ခြင်းကို၎င်း ငါသည်မြင်ရ၏။ ရှင်မ၊ ဤသို့ဤသတ္တလောကသည် ပျက်စီးခြင်းအဆုံးရှိ၏ဟုဆို၍ ဘုရားကဲ့သို့သောတင့်တယ်ခြင်းဖြင့်တရားဟောလိုရကား။ ။

(၁၁၀၆)ပဿာမိ ဝေါဟံ ဒဟရိံ ကုမာရိံ၊သာမဋ္ဌပဿံ သုတနုံ သုမဇ္ဈံ။

ကာဠပ္ပဝါဠာဝ ပဝေလ္လမာနာ၊ပလောဘယန္တီဝ နရေသု ဂစ္ဆတိ။ ။

တမေန ပဿာမိပရေန နာရိံ၊အာသီတိကံ နာဝုတိကံ ဝ ဇစ္စာ။

ဒဏ္ဍံ ဂဟေတွာန ပဝေဓမာနံ၊ဂေါပါနသီဘောဂ္ဂသမံ စရန္တိံ။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၁၁၀၆-၁၁၀၇)ဘဒ္ဒေ၊ ရှင်မ။ အဟံ၊ ငါသည်။ သာမဋ္ဌပဿံ၊ အလုံးစုံသောအပြင်တို့၌ပြေပြစ်သော အရောင်အဆင်းရှိသော။ သုတနုံ၊ တင့်တယ်ကောင်းမြတ်သောကိုယ်ရှိသော။ သုမဇ္ဈံ၊ ကောင်းသော သဏ္ဍာန်နှင့် ပြည့်စုံသောခါးရှိသော။ ဒဟရိံ၊ ပျိုနုသော။ ကုမာရိံ၊ သတို့သ္မီးကို။ ပဿာမိ၊ မြင်၏။ (ဝေါတိနိပါတမတ္တံ)။ ပဝေလ္လမာနာ၊ ညင်းညင်းသောလေသည် ခတ်အပ်သည်ရှိသော် ထိုမှဤမှတုန်လှုပ်သော။ ကာဠပ္ပဝါဠာဝ၊ သန္တာနက်ကဲ့သို့အရွက်ရှိသောမည်းသောနွယ်ကဲ့သို့။ သာဣတ္ထီ၊ ထိုမိန်းမသည်။ နရေသု၊ ယောက်ျားတို့၏အနီးအပါး၌။ ပလောဘယန္တိဝ၊ ကိလေသာ၏ အစွမ်းအားဖြင့် ဖြားယောင်းသကဲ့သို့။ ဂစ္ဆတိ၊ သွား၏။ ။

အပရေနသမယေန၊ နောက်အခါ၌။ ဇစ္စာ၊ မွေးဘွားသည်မှ။ အသီတိကဉ္စ၊ အသက်ရှစ်ဆယ် ရှိသည်လည်းဖြစ်သော။ နဝုတိကဉ္စ၊ အသက်ကိုးဆယ်ရှိသည်လည်းဖြစ်သော။ တမေနံနာရိံ၊ ထိုမိန်းမကို။ ဒဏ္ဍံ၊ တောင်ဝှေးကို။ ဂဟေတွာန၊ ကိုင်၍။ ပဝေဓိမာနံ၊ တုန်လှုပ်လျက်။ ဂေါပါနသီဘောဂ္ဂသမံ၊ အခြင်တူလျော၊ ကိုင်းညွတ်သောကိုယ်ရှိသည်ဖြစ်၍။ စရန္တိံ၊ သွားသည်ကို။ ပဿာမိ၊ မြင်ရ၏။ ။

ဘုရားလောင်းသည်။ ပဌမဂါထာဖြင့် ရုပ်၌အသာဒကိုဆိုပြီး၍ ဤဒုတိယဂါထာဖြင့် ရုပ်၏အပြစ်ကိုပြပြီး၍။ ယခုအခါအိမ်၏အလယ်၌ မိမိမမွေ့လျော်ခြင်းကိုပြလိုသည်ဖြစ်၍။ ။

(၁၁၀၈)သောဟံ တမေဝါနုဝိစိန္တယန္တော၊ဧကော သယာမိ သယနဿ မဇ္ဈေ။

အဟမ္ပိ ဧဝံ ဣတိ ပေက္ခမာနော၊ဂေဟေ န ရမေ ဗြဟ္မစရိယဿ ကာလော။ ။

(၁၁၀၉)ရဇ္ဇုဝါလမ္ဗနီ စေသာ၊ယာ ဂေဟေ ဝသတော ရတိ။

ဧဝမ္ပိ ဆေတွာန ဝဇန္တိ ဓီရာ၊အနပေက္ခိနော ကာမသုခံ ပဟာယ။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၁၁၀၈-၁၁၀၉)သောအဟံ၊ ထိုငါသည်။ တမေဝ၊ ထိုရုပ်တို့၏ အသာဒ,အာဒီနဝကိုသာလျှင်။ အနုဝိစိန္တယန္တော၊ အဘန်ဘန် တစေ့စေ့ကြံလျက်။ သယနဿ၊ အိပ်ရာ၏။ မဇ္ဈေ၊ အလယ်၌။ ဧကော၊ တစ်ယောက်ထည်း။ ပဿာမိ၊ ရှု၏။ အဟမ္ပိ၊ ငါသည်လည်း။ ဧဝံတထာ၊ ထို့အတူ။ ဘဝိဿာမိ၊ ဖြစ်အံ့။ ဣတိ၊ ဤသို့။ ပေက္ခမာနော၊ ရှုလျက်။ ဂေဟေ၊ အိမ်၌။ နရမေ၊ မမွေ့လျော်။ ဗြဟ္မစရိယဿ၊ မြတ်သောအကျင့်ကိုကျင့်ခြင်း၏။ ကာလော၊ အခါတည်း။ ။

ဂေဟေ၊ အိမ်၌။ ဝသတော၊ နေသောသူ၏။ ယာရတိ၊ အကြင်မွေ့လျော်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဧသာ၊ ဤသို့မွေ့လျော်ခြင်းသည်။ အာလမ္ဗနီ၊ ဆွဲလှမ်းရာဖြစ်သော။ ရဇ္ဇုဝ၊ ကြိုးကဲ့သို့။ ဟောတိ၊ ဖြစ်၏။ ဓီရာ၊ ပညာရှိတို့သည်။ ဧတမ္ပိ၊ ဤကာမ၌မွေ့လျော်ခြင်းကိုလည်း။ ဆေတွာန၊ ဖြတ်၍။ ကာမသုခံ၊ ကာမချမ်းသာကို။ ပဟာယ၊ ပယ်၍။ အနပေက္ခိနော၊ ငဲ့ကွက်ခြင်း မရှိကုန်သည်ဖြစ်၍။ ဝဇန္တိ၊ သွားကုန်၏။ ။

(စကာရောနိပါတမတ္တော။ ။ သာမဋ္ဌပဿန္တိ သဗ္ဗတ္ထမဋ္ဌပဿံ။ အယမေဝဝါပါဌေါ။ သဗ္ဗသတ္တေသုမဋ္ဌ ဆဝိဝဏ္ဏန္တိအတ္ထော။ ။ အဋ္ဌကထာ ဘွင့်ရကား သဗ္ဗကိုသာပြုသည်။ ပလောဘယန္တိဝနရေသုဂစ္ဆတိကား။ ။ ဝဒန္တိဝံသဋ္ဌမိဒံဇတာဇရာ။ ။ ဟူသောဆန်းသုတ်နှင့်လည်းတော်၏။ အနက်လည်းလျော်၏။ ။ မတံဝေန၌နိဂ္ဂဟိတ်ကျေ)။ ။

သုသိမဇာတကံ ဆဋ္ဌံ။၄၁၁။