Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

5. Ruhakavaggo

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အပိရုဟက ဆိန္နာပိ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤရူဟကဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌သီတင်းသုံး နေတော်မူစဉ်၊ မယားဟောင်းဖြားယောင်းသောရဟန်းကို အကြောင်းပြု၍ဟောတော်မူ၏။ ။

မင်းသည် ပုရောဟိတ်ပုဏ္ဏားအမျက်ထွက်ကြောင်းကိုသိ၍ ပုရောဟိတ်ပုဏ္ဏားကိုခေါ်စေ၍၊ ဆရာ၊ မိန်းမအားအပြစ်မည်သည်ကားဖြစ်မြဲလျှင်တည်း။ ပုဏ္ဏေးမအားသည်းခံအံ့သောငှါသင့်၏ဟုသည်းခံစိမ့်သောငှါ။ ။

(၂၃၃)အပိရုဟက ဆိန္နာပိ၊ဇိယာ သန္ဓီယတေ ပုန။

သန္ဓီယဿု ပုရာဏိယာ၊မာ ကောဓဿ ဝသံ ဂမိ။

ဟူသောပဌမဂါထာကိုဆို၏။ ။

(၂၃၃)ဘောရူဟက၊ အိုရူဟက။ အပိ၊ စင်စစ်။ ဆိန္နာပိ၊ ပြတ်သော်လည်း။ ဇီယာ၊ လေးညှို့ကို။ ပုန၊ တဖန်။ သန္ဓီယတေ၊ ဆက်ပြန်အပ်၏။ ပုရာဏိယာ၊ ပုရာဏီနှင့်။ သဒ္ဓိံ၊ တကွ။ သန္ဓိယဿု၊ စေ့စပ်ပြန်ဦးလော့။ ကောဓဿ၊ အမျက်၏။ ဝသံ၊ နိုင်ငံသို့။ မာဂမိ၊ မလိုက်လင့်။ ။

ထိုစကားကိုကြား၍။ ။

(၂၃၄)ဝိဇ္ဇမာနေသု ဝါကေသု၊ဝိဇ္ဇမာနေသု ကာရိသု။

အညံ ဇိယံ ကရိဿာမိ၊အလညေ-ဝ ပုရာဏိယာ။

ဟူသောဤဒုတိယဂါထာကိုပုဏ္ဏားလျှောက်၏။ ။

(၂၃၄)မဟာရာဇ၊ မင်းမြတ်။ ဝါကေသု၊ နူးညံ့သောလျှော်တို့သည်။ ဝိဇ္ဇမာနေသု၊ ရှိကုန်သော်၎င်း။ ကာရီသု၊ လေးညှို့ကိုပြုကုန်သောသူတို့သည်။ ဝိဇ္ဇမာနေသု၊ ရှိကုန်သော်၎င်း။ အညံ၊ တစ်ပါးသော။ ဇိယံ၊ လေးညှို့သစ်ကို။ ကရိဿာမိ၊ ပြုအံ့။ ပုရာဏိယာ၊ လေးညှို့ဟောင်းနှင့်တူသောပုရာဏီဖြင့်။ မေ၊ အကျွန်ုပ်အား။ အလညေ-ဝ၊ အလိုမရှိပြီးသလျှင်ကတည်း။

ရုဟကဇာတကံ ပဌမံ။၁၉၁။

ဣတ္ထိသိယာရူပဝတီ,ဤသို့အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသိရီကာဠကဏ္ဏိကဇာတ်သည် မဟာဥမင်္ဂဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ ။

ထိုမဟာဥမင်္ဂဇာတ်၌ ဝိဒေဟမင်းကြီးသည်။သိန်းသည်အဘယ်သို့သိရာအံ့နည်း။ ပညာရှိမဟော်သဓာကို မေးအံ့ဟုကြံ၍၊ ထိုမဟော်သဓာသုခမိန်ကိုမေးလိုရကား။ ။

(၂၃၁)ဣတ္ထီ သိယာ ရူပဝတီ၊သာ စ သီလဝတီ သိယာ။

ပုရိသော တံ န ဣစ္ဆေယျ၊သဒ္ဒဟာသိ မဟောသဓ။

ဟူသောပဌမဂါထာကိုဆို၏။ ။

(၂၃၅)မဟောသဓ၊ ချစ်သားမဟော်သဓာ။ တွံ၊ သင်သည်။ သဒ္ဒဟာသိ၊ ယုံ၏လော။ ‌ယောဣတ္ထီ၊ အကြင်မိန်းမသည်။ ရူပဝတီ၊ အဆင်းရူပကာယ်နတ်နှယ်တပဲလွန်ကဲသောအဆင်းရှိသည်။ သိယာ၊ ဖြစ်ရာ၏။ သာဣတ္ထီ၊ ထိုမိန်းမသည်။ သီလဝတီစ၊ အကျင့်အာစာရသီလနှင့်ပြည့်စုံသည်လည်း။ သိယာ၊ ဖြစ်ရာ၏။ တံဣတ္ထိံ၊ ထိုအဆင်းပြင်လျာသီလဝစာရဂုဏပြည့်စုံသောမိန်းမကို။ ပုရိသော၊ ယောက်ျားသည်။ နဣစ္ဆေယျ၊ အလိုမရှိသည်ဖြစ်ရာအံ့လော။ ။

မင်းကြီးဆိုသား။ ထိုစကားကို။ ကြားလတ်တုံသော်။ မြော်မြင်ရေးရာ။မတ်လိမ်မာသည်။ ။

(၂၃၆)သဒ္ဒဟာမိ မဟာရာဇ၊ပုရိသော ဒုဗ္ဘဂေါ သိယာ။

သိရီ စ ကာဠကဏ္ဏီ စ၊န သမန္တိ ကုဒါစနံ။

ဟူသောဤဒုတိယဂါထာကိုလျှောက်၏။ ။

(၂၃၆)မဟာ-ရာဇ၊ မြတ်သောမင်းကြီး။ သဒ္ဒဟာမိ၊ ယုံပေ၏။ ပုရိသော၊ ယောက်ျားသည်။ ဒုဘဂေါ၊ ဘုန်းနည်းသည်။ သိယာ၊ ဖြစ်ရာ၏။ သိရီစ၊ ဘုန်းကြက်သရေရှိသောသူသည်၎င်း။ ကလကာဏ္ဏီစ၊ ဘုန်းစက်ပါးရှားဝတ်စားညစ်ပုပ်သူယုတ်သည်၎င်း။ ကုဒါစနံ၊ တစ်ရံတစ်ဆစ်မျှ။ နသမန္တိ၊ ထက်အာကာဘီ,မြီနှင့်စပ်မျှ,မယှဉ်ကြသို့,တကွညီညွတ်ခြင်းသို့မရောက်ကုန်ရာ။

သိရီကာဠကဏ္ဏိဇာတကံဒုတိယံ။၁၉၂။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အယမေဝ သာအဟမသ္မိသောနအညော,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤစူဠပဒုမဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ သာသနာတော်၌ငြီးငွေ့သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။

ထိုအခါပဒုမမင်းသည်၊ အကြင်မိန်းမသည် ငါ့ကိုတောင်ကမ်းပါးပြတ်မှတွန်းချအပ်၏။ ထိုမိန်းမသည်သီလမရှိသောဤမိန်းမပင်တည်း။ တစ်ပါးမိန်းမမဟုတ်၊ သတ်အပ်သောအဖြစ်သို့ရောက်သော ထိုငါမွေးမြူအပ် သောငတုံးသည်လည်း၊ ဤငတုံးလျှင်ပင်တည်း။တစ်ပါးသူမဟုတ်၊ ဤသို့ဆိုလို၍။ ။

(၂၃၇)အယမေ-ဝ သာ အဟ-မသ္မိ သော အနညော၊အယမေဝ သော ဟတ္ထစ္ဆိန္နော အနညော။

ယမာဟု ကောမာရ-ပတိံ မမန္တိ၊ဝဇ္ဈိတ္ထိယော နတ္ထိ ဣတ္ထီသု သစ္စံ။

(၂၃၈)ဣမဉ္စ ဇမ္မံ မုသလေန ဟန္တွာ၊လုဒ္ဒံ ဆဝံ ပရဒါရူပသေဝိံ။

ဣမိဿာစ နံ ပါပ-ပတိဗ္ဗတာယ၊ဇီဝန္တိယာ ဆိန္ဒထ ကဏ္ဏ-နာသံ။

ဟူသောဤဂါထာတို့ကိုဆို၏။ ။

(၂၃၇-၂၃၈)ဘောန္တောအမစ္စာ၊ အိုအမတ်တို့။ ယာယ၊ အကြင်မိန်းမသည်။ အဟံ၊ ငါ့ကို။ ပဗ္ဗတ-ပပါတိတော၊ တောင်ကမ်းပါးပြတ်မှတွန်းချလိုက်၏။ သာဣတ္ထီ၊ ထိုငါ့ကိုတွန်းချသောမိန်းမသည်။ အယမေဝ၊ ဤမိန်းမပင်တည်း။ အနညာ၊ တစ်ပါးသောမိန်းမမဟုတ်။ တာယ၊ ထိုမိန်းမသည်။ ယောပုရိသော၊ အကြင်ယောက်ျားကို။ ပဗ္ဗတပပါတိတော၊ တောင်ကမ်းပါးပြတ်မှတွန်းချအပ်၏။ သောပုရိသော၊ ထိုတွန်းချအပ်သောယောကျ်ားသည်။ အဟံ၊ ငါသည်ပင်။ အသ္မိ၊ ဖြစ်၏။ အနညော၊ တစ်ပါးသောသူမဟုတ်။ ဧသာ၊ ဤမိန်းမသည်။ ယံဟတ္ထစ္ဆိန္နံ၊ အကြင်ပြတ်သောလက်ခြေနားနှာခေါင်းရှိသောသူယုတ်မာကို။ အယံ၊ ဤယောက်ျားသည်။ မမံ၊ ငါ၏။ ကောမာရပတိ၊ မိဘထိမ်းမြားသော ငယ်လင်တည်း။ ဣတိ၊ ဤသို့။ အာဟုအာဟ၊ ဆို၏။ သောဟတ္ထစ္ဆိန္နော၊ သူ၏ငယ်လင်ဆိုသောပြတ်သောလက်ခြေနားနှာခေါင်းရှိသောထိုယောက်ျားသည်။ အယမေဝ၊ ဤသူယုတ်မာပင်တည်း။ အနညော၊ တစ်ပါးသောသူမဟုတ်။ ဣတ္ထိယော၊ မိန်းမတို့မည်သည်ကား။ ဝဇ္ဈာ၊ သတ်အပ်သောအဖြစ်သို့ရောက်ကုန်၏။ ဣတ္ထီသု၊ မိန်းမတို့၌။ သစ္စံ၊ သစ္စာသည်။ နတ္ထိ၊ မရှိ။ ။

လုဒ္ဒံ၊ ရုန့်ရင်းကြမ်းကြုတ်စွာထသော။ ဆဝံ၊ ကျေးဇူးဂုဏ်ကင်းသည်ဖြစ်၍သူသေနှင့်တူထသော။ ပါရဒါရူပ-သေဝိံ၊ သူ့မယားကိုမှီဝဲတတ်ထသော။ ဣမဉ္စဇမ္မံ၊ ဤသူယုတ်မာကိုလည်း။ မုသလေန၊ ကြည်ပွေ့ဖြင့်။ ဟန္တွာ၊ သိသိညက်ညက်ကြေအောင်နှက်၍။ ဒဏ္ဍံ၊ မင်းဒဏ်ကို။ ကရောထ၊ ပြုကြကုန်လော့။ ပါပ-ပတိဗ္ဗတာယ၊ ယုတ်မာစွာသောလင်ကိုလုပ်ကျွေးသော။ ဣမိဿာစ၊ ဤသီလမရှိသောမိန်းမမည်သည်လည်း။ ဝါ၊ ၏လည်း။ (နံကားနိပါတ်မျှ)။ ဇီဝန္တိယာ၊ အသက်ရှည်စဉ်လျှင်။ ကဏ္ဏနာသံ၊ နားနှာခေါင်းကို။ ဆိန္ဒထ၊ ဖြတ်ကြကုန်လော့။

စူဠပဒုမဇာတကံတတိယံ။၁၉၃။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နသန္တိဒေဝါ ပဝသန္တိ နူန,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤမဏိစောရဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊မြတ်စွာဘုရားကို သတ်အံ့သောငှါလုံ့လပြုသော ဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါသုဇာတာသည် မိမိ၏သီလကျေးဇူးကိုဆင်ခြင်၍၊ ဤလောက၌သီလရှိကုန်သောသူတို့ကို ညှဉ်းဆဲတတ်ကုန်သော ယုတ်မာကုန်သောနိုင်ထက်ကလူမူတတ်သောသူတို့ကိုမြင်အံ့သောငှါ စွမ်းနိုင်ကုန်သောနတ်တို့မည်သည်ကားမရှိကုန်ယောင်တကားဟုဆိုလို၍။ ။

(၂၃၉)နသန္တိ ဒေဝါ ပဝသန္တိ နူန၊နဟိ နူန သန္တိ ဣဓ လောက-ပါလာ။

သဟသာ ကရောန္တာနံ အ-သညတာနံ၊နဟိနူန သန္တီ ပဋိသေဓိတာရော။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၂၃၉)ဣဓလောကေ၊ ဤလူ့ရွာ၌။ ဒေဝါ၊ သီလရှိသောသူတို့ကိုကြည့်ရှုတတ်ယုတ်မာသောသူကိုတားမြစ်တတ်ကုန်သောနတ်တို့သည်။ နသန္တိနူန၊ မရှိကုန်ယောင်တကား။ ဧဝရူပေသု၊ ဤသို့သဘောရှိကုန်သော။ ကိစ္စေသု၊ ကိစ္စတို့သည်။ ဥပ္ပန္နေသု၊ ဖြစ်ကုန်လတ်သော်။ ဒေဝါ၊ သီလရှိသောသူတို့ကိုကြည့်ရှုတတ်,ယုတ်မာသောသူတို့ကိုတားမြစ်တတ်ကုန်သော နတ်တို့သည်။ ပဝသန္တိနူန၊ အရပ်တစ်ပါး ရှောင်သွားကုန်ယောင်တကား။ ဣဓလောကေ၊ ဤလူ့ရွာ၌။ လောက-ပါလာ၊ လူကိုစောင့်တတ်၏ဟု သမုတ်အပ်ကုန်သောသီလရှိသောသူတို့ကို ချီးမြှောက်တတ်ကုန်သောရဟန်း ပုဏ္ဏားတို့သည်လည်း။ နဟိသန္တိနူန၊ အလျှင်းပင်မရှိကုန်ယောင်တကား။ သဟသာ၊ မဆင်မခြင်အဆောတလျင်အားဖြင့်။ ကရောန္တာနံ၊ ရုန့်ရင်းကြမ်းထမ်းသောအမှုကိုပြုတတ်ကုန်သော။ အ-သညတာနံ၊ ကိုယ်နှုတ်နှလုံးကိုမစောင့်ကုန်သောသူတို့ကို။ ပဋိသေဓိတာရော၊ ဤကဲ့သို့အမှုကိုမပြုကြကုန်လင့်၊ဤအမှုကို သင်တို့ပြုခြင်းငှါ ခွင့်မရဟုတားမြစ်တတ်ကုန်သောနတ်တို့သည်။ နဟိသန္တိနူန၊ အလျှင်းပင်မရှိကုန်ယောင်တကား။ ။

သိကြားမင်းသည်ကောင်းကင်၌ရပ်၍၊ သိကြားမင်းပေးအပ်သောဤမင်းသည် ဤနေ့မှစ၍ တရားသဖြင့်မင်းအဖြစ်ကိုပြုလတ္တံ့၊ မင်းတရားမစောင့်ရာ၌အပြစ်ကိုထင်စွာပြအံ့။မင်းသည်တရားမစောင့်သည်အကယ် ၍ဖြစ်အံ့၊မရွာသင့်သောကာလ၌မိုဃ်းသည်ရွာ၏။ရွာသင့်သောကာလ၌မရွာ။ငတ်မွတ်ခြင်းဘေး,အနာနှိပ်စက်ခြင်းဘေး,ဓားလက်နက်ဘေး, ဤဘေးသုံးပါးတို့သည် ရောက်လာကုန်သည်သာလျှင်ဖြစ်ကုန်၏။ ဤသို့ ဆုံးမလိုသည်ဖြစ်၍။ ။

(၂၄၀)အ-ကာလေဝဿတိ တဿ၊ကာလေ တဿ န ဝဿတိ။

သဂ္ဂါစ စဝတိ ဌာနာ၊နနု သော တာဝတာ ဟတော။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၂၄၀)တဿ၊ ထိုတရားမစောင့်မဖြောင့်ကျင့်သောမင်း၏။ ရဇ္ဇေ၊ တိုင်းနိုင်ငံ၌။ ဒေဝေါ၊ မိုဃ်းသည်။ ဝဿန္တော၊ ရွာသည်ရှိသော်။ အ-ကာလေ၊ ကောက်တို့မှည့်ရာကာလ,ရိပ်ရာကာလ,နယ်ရာကာလ,စသောမလျောက်ပတ်သောကာလ၌။ ဝဿတိ၊ ရွာ၏။ တဿ၊ ထိုတရားမစောင့်မဖြောင့်ကျင့်သောမင်း၏။ ရဇ္ဇေ၊ တိုင်းနိုင်ငံ၌။ ကာလေ၊ စိုက်ပျိုးသောကာလ,ကောက်နုသောကာလ,အဖုံးကိုယူသောကာလ,ဟူသောလျောက်ပတ်သောကာလ၌။ နဝဿတိ၊ မရွာ။ အဓမ္မိက-ရာဇာ၊ ဂတိတိမ်းပါး တရားမစောင့်သော မင်းသည်။ သဂ္ဂါစဌာနာ၊ နတ်ပြည်ကိုရခြင်းမှလည်း။ စဝတိ၊ လွတ်ကင်းတတ်၏။ (တနည်း)။ အဓမ္မိကရာဇာ၊ ဂတိတိမ်းပါးတရားမစောင့်သောမင်းသည်။ သဂ္ဂေ၊ နတ်ပြည်၌။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ ကရောန္တောပိ၊ ပြုသော်လည်း။ သဂ္ဂါစဌာနာ၊ နတ်ပြည်မှသော်လည်း။ စဝတိ၊ ရွေ့လျှောရ၏။ သော၊ ထိုတရားမစောင့်သောမင်းသည်။ တာဝတာဧတ္တကေန၊ ဤမျှအတိုင်းအရှည်ဖြင့်။ ဟတောနနူ၊ ပျက်စီးသည်မဟုတ်လော။ ။ (တနည်း)။ သော၊ ထိုတရားမစောင့်သောမင်းသည်။ နု၊ စင်စစ်။ တာဝတာ၊ ထိုမျှသာ။ နဟတော၊ ဆင်းရဲပျက်စီးရာသည်မဟုတ်သေး။ ပန၊ စင်စစ်သော်ကား။ အဋ္ဌသုမဟာနိရယေသု၊ ငရဲကြီးရှစ်ထပ်တို့၌၎င်း။ သောဠသဠဿဒ္ဒနိရယေသု၊ တစ်ဆယ့်ခြောက်ထပ်သော ဥဿဒ္ဒငရဲတို့၌၎င်း။ သော၊ ထိုတရားမစောင့်သောမင်းသည်။ ဟညိဿတိ၊ ဆင်းရဲပင်ပန်းလတ္တံ့။ ။ (ဤနောက်နည်း၌နု,ကားဧကံသဝါစီ၊ န,ကားပဋိသေဓဝါစီ)။

မဏိစောရဇာတကံစတုတ္ထံ။၁၉၄။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ပဗ္ဗတပတ္ထရေရမ္မေ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤပဗ္ဗတပတ္ထရဇာတ်ကို၊ ဇေတဝန်းကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ ကောသလမင်းကြီးကို အကြောင်းပြု၍ဟောတော်မူ၏။

ထိုအခါမင်းသည် ဘုရားလောင်းကို ခေါ်စေ၍နေရာကိုပေး၍၊ပညာရှိ၊ ငါသည်သင့်ကို ပြဿနာမေးအံ့ဟုဆို၍၊ မင်းမြတ်၊ အသျှင်တို့မေးတော်မူကုန်လော့၊ ဖြေအံ့ဟုဆိုသည်ရှိသော်၊ ပြဿနာကိုမေးလိုရကား။

(၂၄၁)ပဗ္ဗတ-ပတ္ထရေရမ္မေ၊ဇာတာ ပေါက္ခရဏီ သိဝါ။

တံသိင်္ဂါလော အပါပယိ၊ဇာနံ သီဟေန ရက္ခိတံ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၂၄၁)ပဏ္ဍိတ၊ ပညာရှိ။ ရမ္မေ၊ နှလုံးမွေ့လျော်ဖွယ်ရှိသော။ ပဗ္ဗတ-ပတ္ထရေ၊ ဟိမဝန္တာတောင်ခြေရင်း၌ ပြန့်၍တည်သောမြေအပြင်၌။ သိဝါ၊ ချမ်းအေးချိုမြိန်သောရေနှင့်ပြည့်စုံသော။ ပေါက္ခရဏီ၊ ရေကန်သည်။ ဇာတာ၊ ဖြစ်၏။ (တနည်း)။ ပေါက္ခရဏီ၊ ကြာတို့ဖြင့်ဖုံးလွှမ်းအပ်သောမြစ်သည်။ ဇာတာ၊ ဖြစ်၏။ တံ၊ ထိုရေကန်ကို။ ဝါ၊ ထိုမြစ်ကို။ သီဟေန၊ ခြင်္သေ့မင်းသည်။ ရက္ခိတံ၊ စောင့်ရှောက်အပ်၏ဟူ၍။ ဇာနံဇာနန္တော၊ သိလျက်။ သိင်္ဂါလော၊ မြေခွေးသည်။ အပါပယိ၊ သောက်ကောင်းသလော။ ။

ဘုရားလောင်းသည် မချွတ်ထိုမင်း၏နန်းတွင်းသူ၌ အမတ်တစ်ယောက်သည်မှားယွင်းသည်ဖြစ်လတ္တံ့ဟုသိ၍။ ။

(၂၄၂)ပိဝန္တိ စေ မဟာ-ရာဇ၊သာပဒါနိ မဟာ-နဒိံ။

န တေန အ-နဒီ ဟောတိ၊ခမဿု ယဒိ တေ ပိယာ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၂၄၂)မဟာ-ရာဇ၊ မင်းမြတ်။ မဟာနဒိံ၊ ကြာတို့ဖြင့်ဖုံးလွှမ်းအပ်သည့်အဖြစ်ကြောင့် ပေါက္ခရဏီဟုရအပ်သောအမည်ရှိသောမြစ်ကြီးကို။ သာပဒါနိ၊ မြေခွေးသာမဟုတ်သေး ငှက်,ခွေး,ယုန်,ကြောင်,ကြံ့,ပြောင်,ကျား,ဆင်,သမင်, အစရှိသောသားမျိုး တို့သည်။ ပိဝန္တိစေ၊ သောက်ကုန်စေကာမူ။ တေန၊ ထိုအများချိုးသောက်သုံးစားခြင်းတည်းဟူသော အကြောင်းကြောင့်။ သာ၊ ထိုမြစ်ကြီးသည်။ အနဒီနာမ၊ မြစ်မမည်သည်။ နဟောတိ၊ မဖြစ်။ ဥစ္ဆိဋ္ဌနဒီပိ၊ အကြွင်းဖြစ်သောမြစ်မည်သည်လည်း။ နဟောတိ၊ မဖြစ်။ ဧဝံ၊ ဤအတူ။ သာပိ၊ ထိုလွန်ကျူးသောမိန်းမသည်လည်း။ အနိတ္ထီ၊ မိန်းမမမည်သည်။ နဟောတိ၊ မဟုတ်။ ဥစ္ဆိဋ္ဌိပိ၊ ကြွင်းကျန်ဖြစ်သောမိန်းမမည်သည်။ နဟောတိ၊ မဟုတ်။ သာဣတ္ထီ၊ ထိုမိန်းမကို။ တေ၊ အသျှင်မင်းမြတ်သည်။ ယဒိပိယာ၊ အကယ်၍မြတ်နိုးတော်မူသည်ဖြစ်အံ့။ ခမဿု၊ သည်းခံတော်မူလော့။ ။

ပဗ္ဗတပတ္ထရဇာတကံ ပဉ္စမံ။၁၉၅။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယေနကာဟန္တိ ဩဝါဒံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဝလာဟကဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ပါးသောသာသနာတော်၌ ငြီးငွေ့သော ရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

သဗ္ဗညုမြတ်စွာဘုရားသည် ရဟန်းတို့ကိုခေါ်တော်မူ၍၊ ရဟန်းတို့၊ ဘီလူးမတို့၏အလိုသို့လိုက်ကုန်သောထိုနှစ်ရာငါးကျိပ်သောကုန်သည်တို့သည် အသက်ကုန်ခြင်းသို့ရောက်လေကုန်သကဲ့သို့၊ ဝလာဟကမင်းမြတ်၏စကားကို လိုက်နာကုန်သော ကုန်သည်တို့သည် မိမိတို့၏တည်ရာအရပ်တို့၌ တည်ရာရကုန်သကဲ့သို့၊ ထို့အတူသာလျှင် မြတ်စွာဘုရားတို့၏အဆုံးအမကိုမလိုက်နာကုန်သော ရဟန်းယောက်ျားတို့သည်၎င်း၊ ရဟန်းမိန်းမတို့သည်၎င်း၊ ဒါယကာယောက်ျားတို့သည်၎င်း၊ ဒါယိကာမိန်းမတို့သည်၎င်း ငါးပါးအပြားရှိသော နှောင်ဖွဲ့ခြင်း,ကမ္မကာရဏပြုရာအရပ်,အစရှိကုန်သောလေးပါးကုန်သော အပါယ်တို့၌မြို့ကြီးစွာသော ဆင်းရဲသို့ရောက်ကုန်၏။ မြတ်စွာဘုရားဆုံးမတိုင်း ကျင့်ကုန်သောသူတို့သည်ကား၊ သုံးပါးကုန်သော ဂဟပတိမဟာသာလ, ဗြာဟ္မဏမဟာသာလ, ခတ္တိယမဟာသာလ,ဟုဆိုအပ်သော သူကြွယ်မျိုးတို့သို့၎င်း၊ ကာမာဝစရ နတ်ပြည်ခြောက်ထပ်သို့၎င်း၊ ဗြဟ္မာ့ပြည်နှစ်ဆယ်တို့သို့၎င်း၊ ဤအရပ်တို့သို့ရောက်ကုန်၍သေခြင်းကင်းရာမဟာနိဗ္ဗာန်ကို မျက်မှောက်ပြုကုန်၍ ကြီးစွာသောချမ်းသာကိုခံစားရကုန်၏ဟုမိန့်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍။ ။

(၂၄၃)ယေ န ကာဟန္တိ ဩဝါဒံ၊နရာ ဗုဒ္ဓေန ဒေသိတံ။

ဗျသန-န္တေ ဂမိဿန္တိ၊ရက္ခသီဟိ-ဝ ဝါဏိဇာ။

(၂၄၄)ယေ စ ကာဟန္တိ ဩဝါဒံ၊နရာ ဗုဒ္ဓေန ဒေသိတံ။

သောတ္ထိံ ပါရံ ဂမိဿန္တိ၊ဝလာဟေနေ-ဝ ဝါဏိဇာ။

ဟူသောဤနှစ်ဂါထာကိုဟောတော်မူ၏။ ။

(၂၄၃-၂၄၄)ဘိက္ခဝေ၊ ရဟန်းတို့။ ယေနရာ၊ အကြင်သူတို့သည်။ ဗုဒ္ဓေန၊ သဗ္ဗညုမြတ်စွာဘုရားသည်။ ဒေသိတံ၊ ဟောတော်မူအပ်သော။ ဩဝါဒံ၊ အဆုံးအမကို။ နကာဟန္တိ နကရိဿန္တိ၊ မပြုကုန်လတ္တံ့၊မလိုက်နာကုန်လတ္တံ့၊ မကျင့်ကုန်လတ္တံ့။ တေနရာ၊ ထိုသူတို့သည်။ ရက္ခသီဟိ၊ ဘီလူးမတို့သည်။ ပလောဘိတာ၊ ဖြားယောင်းအပ်ကုန်သော။ ဝါဏိဇာ၊ ကုန်သည်တို့သည်။ ဗျသနံ၊ ကြီးစွာသော ပျက်စီးခြင်းသို့။ ဂမိံ သုဣဝ၊ ရောက်ကုန်ဖူးသကဲ့သို့။ တထာ၊ ထို့အတူ။ ဗျသနံ၊ ကြီးစွာသော ပျက်စီးခြင်းသို့။ ဂမိဿန္တိ၊ ရောက်ကုန်လတ္တံ့။ ။

ယေနရာစ၊ အကြင်သူတို့သည်ကား။ ဗုဒ္ဓေန၊ သဗ္ဗညုမြတ်စွာဘုရားသည်။ ဒေသိတံ၊ ဟောတော်မူအပ်သော။ သြဝါဒံ၊ အဆုံးအမကို။ ကာဟန္တိ၊ ပြုကုန်လတ္တံ့။ တေနရာ၊ ထိုသူတို့သည်။ ဝလာဟေန၊ ဝလာဟကမြင်းမြတ်သည်။ အာဂစ္ဆထ၊ လာကြကုန်လော့။ ဣတိ၊ ဤသို့။ ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။ တဿ၊ ထိုဝလာဟကမြင်းမြတ်၏။ ဝစနကရာ၊ စကားကိုလိုက်နာကုန်သော။ ဝါဏိဇာဣဝ၊ ကုန်သည်တို့ကဲ့သို့။ သောတ္ထိံ၊ ချမ်းသာစွာ။ ပါရံ၊ သံသရာ၏ထိုမှာဘက်ကမ်းဖြစ်သော နိဗ္ဗာန်သို့။ ဂမိဿန္တိ၊ ရောက်ကုန်လတ္တံ့။ (ကရဿသပစ္စယဿကာဟော,ဟူသော သုတ်ဖြင့်ကရဓာတ်ကိုကာဟ,ပြု၍၊ဿ,ကိုလည်းချေ၍ကာဟန္တိ,ပြီးသည်)။ ။

ဝလာဟကဇာတကံဆဋ္ဌံ။၁၉၆။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊နနံဥမှယတေဒိသွာ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမိတ္တာမိတ္တဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသောရဟန်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။

ရသေ့အပေါင်းတို့သည် ဘုရားလောင်းကို ခြံရံကုန်၍၊ အသျှင်၊ အဘယ်သို့သောအကြောင်းကြောင့်လျှင် အဆွေခင်ပွန်း၏အဖြစ်ကို၎င်း၊ ရန်သူ၏အဖြစ်ကို၎င်း သိအံ့သောငှါ တတ်ကောင်းအံ့နည်းဟုမေးကုန်၏။ ထိုရသေ့တို့အားဘုရားလောင်းသည်၊ ဤသို့သောအကြောင်းကြောင့် အဆွေခင်ပွန်း၏အဖြစ်ကို၎င်း၊ ရန်သူ၏အဖြစ်ကို၎င်း သိအံ့သောငှါ တတ်ကောင်း၏ဟုကြားလိုရကား။ ။

(၂၄၅)န နံ ဥမှယတေ ဒိသွာ၊န စ နံ ပဋိနန္ဒတိ။

စက္ခူနိ-ဿ န ဒဒါတိ၊ပဋိလောမဉ္စ ဝတ္တတိ။

(၂၄၆)ဧတေ ဘဝန္တိ အာကာရာ၊အမိတ္တသ္မိံ ပတိဋ္ဌိတာ။

ယေဟိ အမိတ္တံ ဇာနေယျ၊ဒိသွာ သုတွာ စ ပဏ္ဍိတော။

ဟူသောဤနှစ်ဂါထာကိုဆို၏။ ။

(၂၄၅-၂၄၆)ဘောတာပသာ၊ အိုရသေ့တို့။ ယော၊ အကြင်သသူသည်။ ယဿ၊ အကြင်သသူ၏။ အမိတ္တော၊ ရန်သူသည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုရန်သူဖြစ်သောသူသည်။ နံ၊ ထိုရန်ဖက်ဖြစ်သသူကို။ ဒိသွာ၊ မြင်၍။ နဥမှယတေ၊ မပြုံးမရွှင်။ အဿ၊ ထိုရန်ဖက်ဖြစ်သသူ၏။ ဝစနံ၊ စကားကို။ သုတွာစ၊ ကြား၍လည်း။ နံ၊ ထိုရန်ဖက်ဖြစ်သသူကို။ နပဋိနန္ဒတိ၊ မနှစ်သက်။ အဿ၊ ထိုရန်ဖက်ဖြစ်သသူအား။ စက္ခူနိ၊ ဆိုင်၍ကြည့်သောမျက်စိတို့ကို။ နဒဒါတိ၊ မပေး။ အဿ၊ ထိုရန်ဘက်ဖြစ်သသူ၏။ ပဋိလောမဉ္စ၊ ဆန့်ကျင်ဘက်ကိုလည်း။ ဝတ္တတိ၊ ကျင့်၏။

ယေဟိ၊ အကြင်မပြုံးမရွှင်ခြင်း အစရှိသောအကြောင်းတို့ကြောင့်။ ပဏ္ဍိတော၊ ပညာရှိသည်။ တာနိ၊ ထိုမပြုံးမရွှင်ခြင်း အစရှိသောအကြောင်းတို့ကို။ ဒိသွာ၊ မြင်၍၎င်း။ သုတွာစ၊ ကြား၍၎င်း။ အယံ၊ အသူသည်။ မေ၊ ငါ၏။ အမိတ္တော၊ ရန်သူတည်း။ ဣတိ၊ ဤသို့။ အမိတ္တံ၊ ရန်သူကို။ ဇာနေယျ၊ သိရာ၏။ ဧတေအာကာရာ၊ မြင်၍မပြုံးမရွှင်ခြင်းအစရှိသောအကြောင်းတို့သည်။ အမိတ္တသ္မိံ၊ ရန်သူ၌။ ပတိဋ္ဌာ၊ တည်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ (မှိဤသံဟသနေ။ မှယတေ၊ဥမှယတေ၊ဝိမှယတေ။ နနံဥမှယတေဒိသွာ။ (သဒ္ဒနီတိ)။ မှိ၊ မှိဓာတ်သည်။ ဤသံဟသနေ၊ ပြင်းစွာမရယ်ဇဉ်းငယ်ပြုံးရွှင်ခြင်း၌၊ပေး။ ဇဂ္ဃ, ဓာတ်ကဲ့သို့ပြင်းစွာရယ်ခြင်းကိုမဟောဟူလို)။ ။

မိတ္တာမိတ္တဇာတကံသတ္တမံ။၁၉၇။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ပဝါသာအာဂတောတာတ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤရာဓဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ သာသနာတော်၌ငြီးငွေ့သော ရဟန်းတစ်ပါးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ပုဏ္ဏားသည်လာလတ်၍ အပင်အပန်းဖြေပြီးလျှင်ဘုရားလောင်းကို၊ ချစ်သားရာဓ၊ သင်၏အမိသည် ယုတ်မာသောအကျင့်ကိုကျင့်သလော၊ မကျင့်သလောဟုမေးလိုရကား။ ။

(၂၄၇)ပဝါသာ အာဂတော တာတ၊ဣဒါနိ နစိရာ-ဂတော။

ကစ္စိန္နု တာတ တေ မာတာ၊န အည-မုပသေဝတိ။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၂၄၇)တာတရာဓ၊ ချစ်သားရာဓ။ အဟံ၊ ငါသည်။ ပဝါသာ၊ ဝေးစွာသောအရပ်တစ်ပါးမှ။ ဣဒါနိ၊ ယခုပင်လျှင်။ အာဂတော၊ ရောက်လာသည်။ အမှိ၊ ဖြစ်၏။ နစိရာဂတော၊ ရောက်သည်မကြာမြင့်သေး။ တာတ၊ ချစ်သားရာဓ။ တေ၊ သင်၏။ မာတာ၊ အမိသည်။ အညံ၊ ယောက်ျားတစ်ပါးသို့။ နဥပသေဝတိကစ္စိနု၊ မမှီမဝဲကြည်ရှောင်ပါ၏လော။ ။

ရာဓအည်၊ ဘခင်၊ ပညာရှိတို့မည်သည်ကားဟုတ်မှန်သည်မူလည်းဖြစ်စေ၊ မဟုတ်မမှန်သည်မူလည်းဖြစ်စေ၊ အကျိုးစီးပွါးကိုမဆောင်တတ်သောစကားမည်သည်ကိုဆိုမြဲမဟုတ်ကုန်ဟုသိစေလိုရကား။

(၂၄၈)န ခေါ ပနေ-တံ သုဘဏံ၊ဂိရံ သစ္စု-ပသံဟိတံ။

သယေထ ပေါဋ္ဌပါဒေါ-ဝ၊မံပုရေ ဥပကူထိတော။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၂၄၈)တာတ၊ ဘခင်။ ပဏ္ဍိတေနနာမ၊ ပညာရှိသောသူမည်သည်ကား။ သစ္စု-ပသဉှိတံ၊ ဟုတ်မှန်သောသဘောနှင့်စပ်သော်လည်း။ ဧတံဤဒိသံ၊ ဤကဲ့သို့သဘောရှိသော။ အနိယျာနိကံ၊ အကျိုးစီးပွါးကိုမဆောင်တတ်သော။ (ထည့်)။ ဂိရံ၊ စကားကို။ ခေါပန၊ စင်စစ်။ နသုဘဏံ၊ နှုတ်ထွက်လွယ်သဖြင့်မဆိုကောင်း။ သစ္စံ၊ မှန်သော်လည်း။ အနိယျာနိကံ၊ အကျိုးစီးပွါးကိုမဆောင်တတ်သောစကားကို။ ဘဏန္တောစ၊ ဆိုသောသူသည်ကား။ ပေါဋ္ဌပါဒေါ၊ ပေါဋ္ဌပါဒသည်။ မံမမ၊ ငါ၏။ ပုရေ၊ ရှေး၌။ ကုက္ကုဠဈာမေ၊ မီးနှင့်ရောသောပြာပူ၌။ ဥပကုထိတော၊ အလွန်ဆင်းရဲပင်ပန်းပူလောင်သည်ဖြစ်၍။ သေတိယထာ၊ အိပ်ရ၏သို့။ ဧဝံတထာ၊ ထို့အတူ။ ကုက္ကုဠဈာမေ၊ မီးနှင့်ရောသောပြာပူ၌။ ဥပကုတိတော၊ အလွန်ဆင်းရဲပင်ပန်းပူလောင်သည်ဖြစ်၍။ သယေထ၊ အိပ်ရရာ၏။ ။

(ဤဂါထာ၌၊ ပဏ္ဍိတေနနာမ,ဟူသောပါဌသေသကတ္တားကို၊ သုခေနဘဏိတဗ္ဗံသုဘဏံ,ပြု၍ နသုဘဏံ, ဟူသောကံဟောပုဒ်၌ အဝုတ္တ,ကတ္တားစပ်အပ်၏။ ဂိရံ,ဟူသောကံပုဒ်ကိုလည်း၊ ၎င်းနသုဘဏံ,ဟူသောပုဒ်၌ဝုတ္တကံစပ်အပ်၏။ ယင်းသို့သော်။ ။ ဥတ္တိဝါစာဂိရာဝါဏီ၊ ဘာရတီကထိတာဝစီ, ဟု၊ နိဃဏ္ဋုကျမ်း၌ဣတ္ထိလိင်လာသည်မဟုတ်လောဟူမူ။ ဂိရန္တိဝစနံ၊ တံဟိယထာဣဒါနိဂိရာဧဝံတဒါဂိရန္တိဝုစ္စတိ။ ။ အဋ္ဌကထာရှိရကား၊ ယခုကာလ၌ဂိရာ,ဟုဣတ္ထိလိင်ဆို၏သို့၊ ဤဇာတ်ဝတ္ထုဖြစ်ရာထိုကာလ၌၊ ဂိရံ, ဟုနပုံးလိင်ခေါ်ဆိုသည်ဟူလို။ ။ သောသုကပေါတကောဓလိင်္ဂံ အနာဒိယိတွာဧဝမာဟ။ ။ ဤအလိုသော်၊ ကျေးသားငယ်ရာစသည်လိင်ကို မယူမူ၍ နပုံးလိင်ဆိုသည်ဟူလို။ ။ ကုက္ကုဠဈာမေ,ကားပါဌသေသ။ ကုက္ကုဠဈာမောတိအဂ္ဂိမိဿကဆာရိကဿေတံနာမံ။ ။ ဋီကာဟူရကား၊ ကုက္ကုဠသည်ပင်ပြာပူကိုဟောလျက်၊ ဈာမောစွက်ပြန်သည်ကား မီးရောသောပြာပူဟုသိစေလိုသည်ဟူလို။ ။ ကုက္ကုဠောတုဏှဘသ္မသ္မိံ။ ။ (နိဃဏ္ဋု)။ ။ ဥပကုထိတော၊ ဥပရှေးရှိသောကုထဓာတ်။ သုထ,ကုထ,ကထ,ဟိံသာယံ။ သောထတိ၊ ကောထတိ၊ ကထတိ။ ။ (ဓာတုမာလာ)။ ။

ရာဓဇာတကံအဋ္ဌမံ။၁၉၈။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဥဘယံမေနခမတိ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဂဟပတိဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ လူ၏အဖြစ်ကို လည်တမော်မော် မျှော်ခြင်းရှိသော ရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ဘုရားလောင်းသည်၊ အိမ်သို့ဝင်၍ ထိုနှစ်ယေါက်ကုန်သော သူတို့၏အမူအရာကိုမြင်၍၊ ဤအမူသည်ဤမိန်းမယုတ်သည် ပြုအပ်သောဥပါယ်တမည်ဖြစ်လတ္တံ့ဟုသိလျှင်၊ ရွာသူကြီးကိုခေါ်၍၊ အိုရွာသူကြီး။ငါတို့သည် သင်၏နွားအိုအသားကို စားကုန်သည်ရှိသော် ဤလမှနှစ်လဖြင့်စပါးကို ပေးကုန်အံ့,ဟုဆို၍စားကြကုန်၏။ သင်သည်လခွဲကိုလည်း မလွန်စေမူ၍ယခုပင်လျှင် အဘယ့်ကြောင့်တောင်းရဘိသနည်း။ သင်သည်ဤအမဲအို၊ ထိုတောင်းလိုခြင်းဟူသော အကြောင်းကြောင့်မလာ။ တစ်ပါးသော အကြောင်းကြောင့်လာသည်ဖြစ်လတ္တံ့။ငါသည် သင်၏အမူအရာကို မနှစ်သက်။ ဤယုတ်မာသောအကျင့်ကိုကျင့်သော ယုတ်မာသောသဘောရှိသောမိန်းမညစ်သည်လည်း ကျီ၌ စပါးမရှိသည်ကိုသိ၏။ ထိုမိန်းမညစ်သည် ကျီသို့တက်၍ စပါးသည်မရှိဟုဆို၏။ သင်သည်လည်းပေးလော့ဟု,ဆို၏။ နှစ်ယောက်ကုန်သောသင်တို့၏ အမူအရာကိုငါသည်မနှစ်သက် ဟုထိုအနက်ကိုပြလိုသည်ဖြစ်၍။ ။

(၂၄၉)ဥဘယံ မေ န ခမတိ၊ဥဘယံ မေ န ရုစ္စတိ။

ယာစာ-ယံ ကောဋ္ဌ-မောတိဏ္ဏာ၊နာ-ဒ္ဒသံ ဣတိ ဘာသတိ။

(၂၅၀)တံ တံ ဂါမပတိ ဗြူမိ၊ကဒရေ အပ္ပသ္မိ ဇီဝိတေ။

ဒွေ မာသေ သင်္ဂရံ ကတွာ၊မံသံ ဇရဂ္ဂဝံ ကိသံ။

အ-ပ္ပတ္တ-ကာလေ စောဒေသိ၊တံ ပိ မယှံ န ရုစ္စတိ။

ဟူသောဤဂါထာတို့ကိုဆို၏။ ။

(၂၄၉-၂၅၀)ဂါမပတိ၊ ရွာသူကြီး။ ယေနကာရဏေန၊ အကြင်အကြောင်းကြောင့်။ တုမှာကံ၊ သင်တို့၏။ ကြိယံ၊ အမူအရာသည်။ မေ၊ ငါ့အား။ နရုစ္စတိရုစိံ နဥပ္ပါဒေတိ၊ နှစ်သက်ခြင်းကိုမဖြစ်စေ။ တံတေနကာရဏေန၊ ထိုအကြောင်းကြောင့်။ တံ၊ သင့်ကို။ အဟံ၊ သည်။ ဗြူမိ၊ ဆိုအံ့။ အမှာကံ၊ ငါတို့၏။ ဇီဝိတေ၊ အသက်သည်။ ကဒရေကသိရေ၊ ဆင်းရဲငြိုငြင်ပင်ပန်းသည်ရှိသော်။ အပ္ပသ္မိံ၊ နည်းသည်ရှိသော်။ မံသံ၊ နွားသားကို။ ဂဏှန္တာနံ၊ ဝယ်ကုန်သော။ အမှာကံ၊ ငါတို့အား။ ကိသံ၊ ကြုံသော။ ဇရဂ္ဂဝံ၊ နွားအိုကို။ ဒဒမာနော၊ ပေးသော။ တွံ၊ သင်သည်။ ဒွီဟိမာသေဟိ၊ နှစ်လတို့ဖြင့်။ မူလံ၊ အတိုးကို။ ဒါတဗ္ဗံ၊ ပေးအပ်၏။ ဣတိဧဝံ၊ ဤသို့။ ဒွေမာသေ၊ နှစ်လတို့ကို။ သင်္ကရံ၊ ပိုင်းခြားခြင်းကို။ ဂါ၊ ချိန်းချက်ဆုံးဖြတ်ခြင်းကို။ ကတွာ၊ ပြု၍။ အ-ပ္ပတ္တကာလေ၊ ပိုင်းခြားသောကာလမရောက်မီလျှင်။ စောဒေသိ၊ အမဲဖိုးကိုတောင်းလာ၏။ တံပိ၊ ထိုအမူအရာသည်လည်း။ မယှံ၊ ငါ့အား။ နရုစ္စတိ၊ နှစ်သက်ခြင်းကို မဖြစ်စေ။ ယာစာယံယာစအယံ၊ အကြင်မိန်းမညစ်သည်လည်း။ အန္တောကောဋ္ဌေ၊ ကျီအတွင်း၌။ ဝီဟီနံ၊ စပါးတို့၏။ နတ္ထိ-ဘာဝံ၊ မရှိသည်၏အဖြစ်ကို။ ဇာနမာနာဝ၊ သိလျက်ပင်လျှင်။ အဇာနန္တိဝိယ၊ မသိယောင်ကဲ့သို့။ ဟုတွာ၊ ဖြစ်၍။ (ထည့်)။ ကောဋ္ဌံ၊ ကျီသို့။ ဩတိဏ္ဏာ၊ သက်၍။ ကောဋ္ဌ-ဒွါရေ၊ ကျီတံခါး၌။ ဌတွာ၊ ရပ်၍။ ဝီဟိံ၊ စပါးကို။ နာဒ္ဒသံ နအဒ္ဒသံ၊ မမြင်ပြီ။ ဣတိ၊ ဤသို့။ ဘာသတိ၊ ဆို၏။ တွဉ္စ၊ သင်သည်လည်း။ အကာလေ၊ လ,ရက်,ချိန်းချက်သော အခါမဟုတ်သည်၌။ ယံစောဒေသိ၊ အကြင်တောင်များ၏။ ဧတံဥဘယံ၊ ထိုသင်တို့နှစ်ယောက်အမူအရာနှစ်ပါးသည်။ မေ၊ ငါအား။ နခမတိ၊ အသည်းကိုဆွဲသကဲ့သို့ သည်းခံခြင်းကို မဖြစ်စေ။ တံဥဘယံ၊ ထိုသင်တို့နှစ်ယောက်အမူအရာနှစ်ပါးသည်။ မေ၊ ငါအား။ နရုစ္စတိ၊ နှစ်သက်ခြင်းကိုမဖြစ်စေ။

ထိုဘုရားလောင်းသည် ဤသို့ဆိုလျက်ရွာသူကြီးကို ဥသျှောင်၌ ကိုင်ပြီးလျှင်ငင်၍ ဤအလယ်၌သတ်ပုတ်၍ ငါရွာသူကြီးကိုကားဟူ၍ သူတစ်ပါး၏ စောင့်ရှောက်ထိန်းသိမ်းအပ်သော ဥစ္စာ၌ပြစ်မှားကောင်း သလော။ ဤသို့အစရှိသောစကားတို့ဖြင့် ဆဲရေးသတ်ပုတ်၍အားနည်းသည်ကိုပြုပြီးလျှင် လည်၌ကိုင်၍ အိမ်မှထုတ်လိုက်၍၊ ထိုမိန်းမကိုလည်း ဆံ၌ဆွဲ၍ ကျီမှချပြီးလျှင် သတ်ပုတ်၍ တဖန်ဤသို့သဘောရှိသောအမှုကိုအကယ်၍ပြုပြန်အံ့၊ သိရလတ္တံ့၊ဟုခြိမ်းခြောက်၏။ ထိုအခါမှစ၍ ရွာသူကြီးသည် ထိုအိမ်ကို ကြည့်အံ့သောငှါလည်းမဝံ့လေ။ ထိုမိန်းမသည်လည်း တဖန်စိတ်ဖြင့်မျှလည်း လွန်ကျူး၍ ကျင့်ခြင်းငှါ မဝံ့လေ။ (ယဿဒါတုကာမော ရောစဘေဓာရယတေဝါ ထံသမ္ပဒါနံ၊ ဟုကစ္စည်း စာတော်ရှိရကား။ နခမတိနရုစ္စတိ ကြိယာ နှစ်ပါးသည် သမ္ပဒါန်ကို ငဲ့သည်ဖြစ်၍၊ မေကိုကတ္တားပေးလို့ မလျော်၊ သည်သာမဟုတ်သေး။ တိဝိဘတ်သည် ကတ္တားဟောဖြစ်ရကား၊ အဝုတ္တကတ္တားမသင့်။ နဒ္ဒသံ နအဒ္ဒသံဖြတ်။ သသံယုဂ်မရှိမူ၍။ ဒ္ဒသာသံယုဂ် ရှိစေရာသည်။ တံသုခံဒရဏံ ဝိဒါရဏံ ကဒရံ,ပြု၍၊ ဒုက္ခရရကား။ ။ ကဒရဉ္စေဝလဒ္ဓါလူခံကသိရံဖွင့်သည်။ ။ လူခန္တိဒုက္ခံ, ဋီကာဆင့်သည်။ ။ သင်္ကရံပရိစ္ဆေဒံ၊ (အဋ္ဌကထာ)။ ။ သင်္ကရန္တိနိစ္ဆယံ,ဟုဋီကာလှောက်ပြန်သည်။ ဇရောစ သောဂေါစာတိ ဇရဂ္ဂဝေါ,ပြု၍။ ။ ကွစိသမာသန္တဂတာန မကာရန္တော, ဟူသောသုတ်ဖြင့် ယမာသ်ပုဒ်အဆုံး၌အ,လာ။ ဩကိုအဝ, ပြု၍ဇရဂ္ဂဝေါ,ပြီးသည်။ ။ အညောဟိ သဒ္ဒက္ကမော၊ အညောအတ္ထက္ကမော,ဟူရကား။ ဤဇာတ်၌ သဒ္ဒက္ကမ အတ္ထက္ကမ ကမောက္ကမရှိသည်)။ ။

ဂဟပတိ ဇာတကံနဝမံ။၁၉၉။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သရီရဒဗျံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသာဓုသီလဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံး နေတော်မူစဥ်၊ မထင်ရှားသောပုဏ္ဏားကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုရှေးအခါ၌လည်း တစ်ယောက်သော ပုဏ္ဏားအား လေးယောက်ကုန်သောသ္မီးတို့သည်ရှိကုန်၏။ ထိုလေးယောက်ကုန်သောသ္မီးတို့ကိုယခုအခါ၌ လေးယောက်ကုန်သောသူတို့သည်တောင်းကုန်သကဲ့သို့၊ ဤအတူသာလျှင် လေးယောက်ကုန်သောသူတို့သည်တောင်းကုန်၏။ ပုဏ္ဏားသည်အဘယ်သူအားသာလျှင် ပေးအပ်ကုန်သနည်း။ ဟုမသိသည်ဖြစ်၍ဆရာကိုမေးပြီးလျှင် ပေးသင့်သောသူအားပေးအံ့,ဟုနှလုံးသွင်း၍ ထိုဆရာ၏အထံသို့သွား၍ ထိုအကြောင်းကိုမေးလိုရကား။ ။

(၂၅၁)သရီရဒဗျံ ဝုဍ္ဎဗျံ၊သောဇစ္စံ သာဓု-သီလိယံ။

ဗြာဟ္မဏံ တေဝ ပုစ္ဆာမ၊ကန္နု တေသံ ဝနိမှသေ။ ။

ဟူသောပဌမဂါထာကိုဆို၏။ ။

(၂၂၁)အာစရိယ၊ ဆရာ။ မေ၊ အကျွန်ုင်၏။ ဓိဘရော၊ သ္မီးတို့ကို။ စတ္တာရောဇနာ၊ လေးယောက်သောသူတို့သည်။ ပတ္တေန္တိ၊ တောင်းကုန်၏။ တေသု၊ ထိုလေးယောက်သောသူတို့တွင်။ ဧကဿ၊ တစ်ယောက်သောသူအား။ သရီရ-ဒဗျံ၊ တင့်တယ်သောကိုယ်ဒြဗ်သည်။ ဝါ၊ အဆင်းလှသည်၏အဖြစ်သည်။ သံဝိဇ္ဇတိ၊ ရှိ၏။ ဧကဿ၊ တစ်ယောက်သောသူအား။ ဝုဍ္ဎဗျံ ဝုဍ္ဎဘာဝေါ၊ အရွယ်ကြီးသည်၏အဖြစ်သည်။ အတ္ထိ၊ ရှိ၏။ ဧကဿ၊ တစ်ယောက်သောသူအား။ သောဇစ္စံသုဇာတိတာ၊ အမျိုးကောင်းသည်၏အဖြစ်သည်။ ဝါ၊ အမျိုးမြတ်သည်၏အဖြစ်သည်။ အတ္ထိ၊ ရှိ၏။ ဧကဿ၊ တစ်ယောက်သောသူအား။ သာဓု-သီလိယံ၊ ကောင်းသောသီလနှင့်ပြည့်စုံသည်၏အဖြစ်သည်။ အတ္ထိ၊ ရှိ၏။ တေသု၊ ဆိုအပ်ပြီးသော လေးယောက်သောသူတို့တွင်။ အသုကဿနာမ၊ ဤအစည်ရှိသောသူအား။ မေ၊ ငါ၏။ တာ၊ ထိုသ္မီးတို့ကို။ ဒါတဗ္ဗာ၊ ပေးသင့်ကုန်၏။ ဣတိ၊ ဤသို့။ အဇာနန္တာ၊ မသိကုန်သည်ဖြစ်၍။ မယံ၊ အကျွန်ုပ်တို့သည်။ တွံဗြဟ္မဏညေဝ၊ အသျှင်ပုဏ္ဏားကိုသာလျှင်။ ပုစ္ဆာမ၊ မေးပါကုန်၏။ တေသံ၊ ထိုဆိုအပ်ပြီးသော လေးယောက်ကုန်သောသူတို့တွင်။ ကန္နု၊ အဘယ်သူကိုလျှင်။ မယံ၊ ငါတို့သည်။ ဝနိမှသေ၊ သမက်ပြုဖို့အလိုရှိကုန်ရအံ့နည်း။ ။

ဆရာပုဏ္ဏားသည်ထိုစကားကိုကြားလတ်၍အဆင်း၏ပြည့်စုံခြင်းအစရှိသောဂုဏ်တို့သည်ရှိပါကုန်သော်လည်း သီလပျက်သောသူကို ကဲ့ရဲ့အပ်၏။ ထို့ကြောင့်ငါတို့သည် သီလရှိသောသူ၏အဖြစ်ကိုသာလျှင် နှစ်သက်၏ဟုဤအနက်ကိုပြလိုရကား။ ။

(၂၅၂)အတ္ထော အတ္ထိ သရီရသ္မိံ၊ဝုဍ္ဎဗျဿ နမော ကရေ။

အတ္ထော အတ္ထိ သုဇာတသ္မိံ၊သီလံ အသ္မာက ရုစ္စတိ။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၂၅၂)ဗြဟ္မဏ၊ ပုဏ္ဏား။ သရီရသ္မိံ၊ တင့်တယ်သော အဆင်းနှင့်ပြည့်စုံသောကိုယ်၌လည်း။ အတ္ထော၊ အကျိုးစီးပွါးသည်။ အတ္ထိ၊ ရှိပေသလျှင်ကတည်း။ နတ္ထီတိ၊ မရှိဟူ၍။ နဝဒါမိ၊ ငါမဆို(လှန်)။ ဝုဍ္ဎဗျဿ၊ အရွယ်ကြီးသည်၏ အဖြစ်အား။ နမော၊ ရှိခိုးခြင်းကို။ ကရေကရေယျ၊ ပြုရာ၏။ ဟိသစ္စံ၊ မှန်၏။ ဝုဍ္ဎဘာဝေါ၊ အရွယ်ကြီးသည်၏အဖြစ်သည်။ ဝန္ဒနာ-မာနံ၊ ရှိခိုးခြင်းမြတ်နိုးခြင်းကို။ လဘတိ၊ ရထိုက်၏။ သုဇာတသ္မိံ၊ မြတ်သောအမျိုးနှင့် ပြည့်စုံသောသူ၌လည်း။ အတ္ထော၊ အကျိုးစီးပွါးသည်။ အတ္ထိ၊ ရှိပေသလျှင်ကတည်း။ ပန၊ ထိုသို့ရှိသော်လည်း။ အသ္မာကံ၊ ငါတို့အားမူကား။ သီလံ၊ သီလသည်။ ရုစ္စတိ၊ နှစ်သက်ခြင်းကိုဖြစ်စေ၏။ ဟိသစ္စံ၊ မှန်၏။ သီလဝါ၊ သီလရှိသော။ အာစာရသမ္ပန္နော၊ အကျင့်အာစာရနှင့်ပြည့်စုံသောသူကို။ သရီရ-ဒဗျ-ဝိရဟိတောပိ၊ တင့်တယ်ကောင်းမြတ်သော ကိုယ်ဒြဗ်မှကင်းသော်လည်း။ ဝါ၊ အဆင်းပြင်လျာ မလှပါသော်လည်း။ ပါသံသော၊ ပညာရှိတို့ချီးမွမ်းထိုက်၏။

(သရီရဒဗျန္တိသရီရဒဗ္ဗံ,ဋီကာဟူရကားဒဗျ,ဒဗ္ဗ,ကားအနက်တူ၊ ဝုဍ္ဎဒဗျံ,ဟုဝုဍ္ဎ,နောင်ဒဗျ, ရှိပြန်သည်ကားအနက်လည်းမလို၊ ဂါထာလည်းပို၍ဒ,ကိုသိမ်း။ ဝုဍ္ဎဗျံဝုဍ္ဎဘာဝေါ,ဟု၊ အဋ္ဌကထာဖွင့်ရကား ဝုဍ္ဎဿဘာဝေါဝုဍ္ဎဗျံ,ပြု၍ ဏျတ္တတာဘာဝေတု,ဟူသောသုတ်၌ တုသဒ္ဒါ, ဖြင့်သော, အနက်၌ဗျ, ပစ္စည်းသက်။ ။ တနည်းသော်တုံ၊ ဏျပစ္စည်းသက်၍ဝ,အက္ခရာလာ၊ဝ,ကိုဗ, ပြု၍ယ,သို့ကပ်က၊ဝုဍ္ဎဗျ,လှလှပြီး၏။ ။ သုန္ဒရာဇတိအဿာတိ သုဇာတော,ပြု၍ ကွစိသမာ သန္တဂတာနမကာရော, ဟူသောသုတ်ဖြင့်အ,လာ၍ သုဇာတပြီးသည်။ ။ သုဇာတဿဘာဝေါသောဇစ္စံ၊ သာဓုသီလိဿဘာဝေါသာဓုသီလိယံ,ပြု။ တွေဝ,ကိုတွံဧဝဖြတ်၍ ဧဝကိုဗြာဟ္မဏနောင်ယှဉ်။ ။ ဝနိမှသေ,၌။ ဝနဓာတ်၊ဓနိမှသေ,ဟူ၍ဓနဓာတ်လည်းသင့်၏။ ။ မာတာဟိတဝဣရန္ဓတိ၊ဝိဓုရဿဟဒယံဓနိယျတီတိဧတ္ထပနဣစ္ဆာယံ၊ ဓနိယျတီတိယိပတ္ထေတိဣစ္ဆတိ၊(သဒ္ဒနီသိ)။ ။

သာဓုသီလဇာတကံဒသမံ။၂၀၀။ ရုဟကဝဂ္ဂေါ ပဉ္စမော။ တဿုဒ္ဒါနံ။

ရူဟကံ,သိရိကာဠကံ,၊ပဒုမံ,ပဏိစောရကံ,၊ ပဗ္ဗတပတ္ထရ,ဝလာဟံ,၊မိတ္တာမိတ္တဉ္စ,ရာဓဉ္စ။

ဂဟပတိ,သာဓုသီလံ။