နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ဟိရညံမေ,သုဝဏ္ဏံမေ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဂရဟိတဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊တစ်ယောက်သောသာသနာတော်၌ငြီးငွေ့သော ရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါ၌ ထိုဘုရားလောင်းကိုထိုမျောက်တို့သည် လူ့ပြည်၌လူတို့၏ဖြစ်သောအမူအရာမည်သည်ကိုသင်တို့သည်သိကုန်လတ္တံ့၊ ငါတို့အားလည်းပြောဆိုကုန်လော့၊ ငါတို့သည်နာလိုကုန်၏ဟုဆိုကြကုန်၏။ လူတို့၏အမူအရာကိုသင်တို့သည် ငါ့ကိုမမေးကြကုန်လင့်ဟု ဘုရားလောင်းသည်ဆိုလတ်သည်ရှိသော်၊ ဆိုပါကုန်ဦးလော့၊ နာလိုကုန်၏ဟုမျောက်တို့သည်ဆိုကုန်၏။ ဘုရားလောင်းသည်လည်း၊ အချင်းတို့၊ လူတို့မည်သည်ကား၊ မင်းတို့သည်၎င်း၊ ပုဏ္ဏားတို့သည်၎င်း၊ ငါ့ဥစ္စာငါ့ဥစ္စာဟူ၍သာလျှင် ဆိုကုန်လျက်၊ ဖြစ်ကုန်၍အတည်မရှိသော သဘောကြောင့် အနိစ္စ၏အဖြစ်ကိုမသိကြကုန်။ ယခုအခါ၌ထိုအလွန်မိုက်သောလူတို့၏အကြောင်းကိုသင်တို့သည်နားထောင်ကုန်လော့ဟုဆို၍။ ။
(၂၉၃)ဟိရညံ မေ သုဝဏ္ဏံ မေ၊ဧသာ ရတ္တိံ ဒိဝါ ကထာ။
ဒုမ္မေဓါနံ မနုဿာနံ၊အရိယ-ဓမ္မံ အ-ပဿတံ။
(၂၉၄)ဒွေ ဒွေ ဂဟပတယော ဂေဟေ၊ဧကော တတ္ထ အ-မဿုကော။
လမ္ဗ-တ္ထနော ဝေဏိ-ကတော၊အထော အင်္ကိတကဏ္ဏကော။
ကီတော ဓနေန ဗဟုနာ၊သော တံ ဝိတုဒတေ ဇနံ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၂၉၃-၂၉၄)ဘဝန္တော၊ အချင်းမျောက်အပေါင်းတို့။ ဒုမ္မေဓာနံ၊ ပညာမရှိကုန်သော။ အရိယ-ဓမ္မံ၊ ဘုရားအစရှိသောအရိယာတို့၏တရားကို။ ဝါ၊ အပြစ်ကင်းသောကိုးပါးသောလောကုတ္တရာတရားကို။ အ-ပဿတံ အ-ပဿန္တာနံ၊ မမြင်ကုန်ထသော။ မနုဿာနံ၊ လူတို့၏။ ရတ္တိံ၊ ညဉ့်၌၎င်း။ ဒိဝါ၊ နေ့၌၎င်း။ ကထာ၊ မပြတ်ပြောသောစကားသည်ကား။ မေ၊ ငါ၏။ ဟိရညံ၊ ငွေ။ မေ၊ ငါ၏။ သုဝဏ္ဏံ၊ ရွှေ။ ဣတိ၊ ဤသို့။ ဧသာကထာ၊ ငါ့ငွေငါ့ရွှေဟူ၍ဆိုသောစကားသာလျှင်တည်း။ အညံ၊ ငါ့ငွေငါ့ရွှေပြောသည်မှတစ်ပါးကို။ တေ၊ ထိုအိမ်ရှင်တို့သည်။ ပဉ္စက္ခန္ဓာ၊ ငါးပါးသောခန္ဓာတို့သည်။ အနိစ္စာ၊ အမြဲမရှိကုန်။ ဟုတွာ၊ အကြောင်းအားလျော်စွာဖြစ်၍။ နဘဝန္တိ၊ အရှည်မတည်ပျက်စီးကုန်၏။ ဣတိ၊ ဤသို့။ နဇာနန္တိ၊ မသိကုန်။ တနည်း။ အညာ၊ ငါ့ငွေငါ့ရွှေပြောသည်မှတစ်ပါးသော။ အနိစ္စံဝါ၊ အနိစ္စဟူ၍၎င်း။ ဒုက္ခံပိ၊ ဒုက္ခဟူ၍၎င်း။ ဣတိ၊ ဤသို့။ တေသံ၊ ထိုအိမ်၌နေသောသူတို့အား။ ကထာနာမ၊ အနိစ္စဒုက္ခနှင့်စပ်သောစကားမည်သည်။ နတ္ထေဝ၊ အလျှင်းပင်မရှိခဲ့။ ဂေဟေ၊ အိမ်၌။ ဒွေဒွေ၊ နှစ်ယောက်နှစ်ယောက်ကုန်သော။ ဂဟပတယော၊ အိမ်ရှင်တို့သည်။ သန္တိ၊ ရှိကုန်၏။ တတ္ထ၊ ထိုနှစ်ယောက်ကုန်သော အိမ်ရှင်တို့တွင်။ ဧကော၊ တယောက်သောအိမ်ရှင်သည်ကား။ အ-မဿုကော၊ မုတ်ဆိတ်ကြင်စွယ်လည်းမရှိ။ လမ္ဗတ္ထနော၊ ရှည်သောသားမြတ်လည်းရှိ၏။ ဝေဏိကတော၊ အထူးထူးအပြားပြား အခြင်းအရာအားဖြင့် ထုံးအပ်သော ဆံထုံးလည်းရှိ၏။ အထော၊ ထိုမြို့။ အင်္ကိတ-ကဏ္ဏကော၊ နားဍောင်းပန်ဆင်ဝတ်စရာဖောက်အပ်သောနားလည်းရှိ၏။ ဗဟုနာ၊ များစွာသော။ ဓနေန၊ အတွင်းဥစ္စာဖြင့်။ ကီတော၊ ဝယ်ယူဆောင်အပ်၏။ တနည်းကား။ ဗဟုနာဗဟုံ၊ များစွာသော။ ဓနေနဓနံ၊ ဥစ္စာကို။ မာတာပိတူနံ၊ သူ့မိသူ့ဘတို့အား။ ဒတွာ၊ ပေး၍။ ကီတော၊ ဝယ်ယူဆောင်အပ်၏။ သော၊ ထိုအဖိုးဥစ္စာများစွာပေး၍ ဝယ်အပ်သောအိမ်ရှင်တဦးသည်။ တံဇနံ၊ ထိုကျွန်အမှုလုပ်အစရှိသောသူကို။ ဝိတုဒတေ၊ ဟယ်ကျွန်ပျက်၊ နင်သည်အမှုကိုမပြုကောင်းသလောဟု နှုတ်သီးလှံဖြင့်ထိုးတတ်၏။ ဧဝံ၊ ဤသို့။ လောကေ၊ လူ့ ပြည်၌။ အတိဝိယ၊ အလွန်လျှင်။ အ-ယုတ္တံ၊ မသင့်ဟူ၍။ ဗောဓိသတ္တော၊ ဘုရားလောင်းသည်။ မနုဿလောကံ၊ လူ့ပြည်အရပ်ကို။ ဂရဟိ၊ ကဲ့ရဲ့တော်မူ၏။ တံ၊ ထိုဘုရားလောင်းလူတို့ကြောင်းကြားပြောစကားကို။ သုတွာ၊ ကြား၍။ သဗ္ဗေ၊ ကုန်အောင်စုံကုန်သော။ ဝါနရာ၊ မျောက်တို့သည်။ မာကထေထမာကထေထ၊ ထံပါ ထံပါ မပြောပါ ကုန်လင့်။ မယံ၊ ငါတို့သည်။ အသောတဗ္ဗယုတ္တကံ၊ မကြားကောင်းမနာသာယုတ်မာသောစကားဆိုးကို။ အသုမှာတိ၊ ကြားရကုန်၏ဟု။ ဥဘောဟိဟတ္တေဟိ၊ လက်နှစ်ဖက်တို့ဖြင့်။ ကဏ္ဏေ၊ နားနှစ်ဖက်တို့ကို။ ဒဠှံ၊ ကြပ်ကြပ်။ ပိဒဟိံသု၊ ပိတ်ကုန်၏။ ဣမသ္မိံဌာနေ၊ ဤကျောက်ဖျာအရပ်၌။ အမှေဟိ၊ ငါတို့သည်။ ဣဒံအ-ယုတ္တံ၊ ဤစကားညစ်စကားယုတ်ကို။ သုတံ၊ ကြားအပ်၏။ ဣတိ၊ ဤသို့။ တံဌာနံ၊ ထိုအရပ်ကို။ ဝိဂရဟိတွာ၊ အထူးထူးအပြားပြားကဲ့ရဲ့၍။ အညတ္ထ၊ တစ်ပါးသောအရပ်သို့။ အဂမံသု၊ သွားကြလေကုန်၏။ သောပိဋ္ဌိပါသာဏော၊ ထိုကျောက်ဖျာသည်။ ဂရဟိတ ပိဋ္ဌိပါသာဏောယေဝနာမ၊ မျောက်တို့ကဲ့ရဲ့ရာကျောက်ဖျာဟူသောအမည်ရှိသည်လာလျှင်။ ဇာတောကိရ၊ ဖြစ်သတတ်။ ။ (ဧဝံစသည်ကားအဋ္ဌကထာစကား)။ ။
ဂရဟိတဇာတကံနဝမံ။၂၁၉။