Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

181. Asadisajātakaṃ (2-4-1)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ဓနုဂ္ဂဟော အသဒိသော,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤအသဒိသဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံး နေတော်မူစဉ်၊ မြတ်သော တောထွက်တော်မူခြင်းကို အကြောင်းပြု၍ဟောတော်မူ၏။ ။

သဗ္ဗညုမြတ်စွာဘုရားသည်၊ ရဟန်းတို့၊ ဤသို့ အသဒိသမင်းသားသည်ခုနှစ်ပြည်ထောင်သောမင်းတို့ကိုပြေးစေ၍အောင်မြင်ပြီးသောစစ်ပွဲရှိသည်ဖြစ်၍ ရသေ့ရဟန်းအဖြစ်သို့ကပ်လေ၏ဟု ပြတော်မူလိုရကား ဘုရားအဖြစ်သို့ရောက်တော်မူပြီး၍။ ။

(၂၁၃)ဓနုဂ္ဂဟော အသဒိသော၊ရာဇ-ပုတ္တော မဟ-ဗ္ဗလော။

ဒူရေ-ပါတီ အက္ခဏ-ဝေဓီ၊မဟာ-ကာယ-ပ္ပဒါလနော။ ။

(၂၁၄)သဗ္ဗာ-မိတ္တေ ရဏံ ကတွာ၊န စ ကဉ္စိ ဝိဟေဌယိ။

ဘာတရံ သောတ္ထိံ ကတွာန၊သံယမံ အဇ္ဈုပါဂမိ။ ။

ဟူသောဤနှစ်ပါးသောအဘိသမ္ဗုဒ္ဓဂါထာတို့ကိုဟောတော်မူ၏။ ။

(၂၁၃-၂၁၄)ဘိက္ခဝေ၊ ရဟန်းတို့။ မဟ-ဗ္ဗလော၊ ကြီးမားသောကာယဗလဉာဏဗလရှိထသော။ ဒူရေ-ပါတီ၊ ဝေးစွာသောစတုမဟာရာဇ် တာဝတိံသာတိုင်အောင်သောအရပ်သို့မြားကိုရောက်စေနိုင်ထသော။ အက္ခဏဝေဓီ၊ မချွတ်မယွင်းပစ်နိုင်ထသော။ ဝါ၊ လျှပ်တပြက်ခဏ၌လျှပ်ရောင်ဖြင့် ခုနစ်ကြိမ်ရှစ်ကြိမ်တိုင်မြားကိုကိုင်၍ပစ်နိုင်ထသော။ မဟာကာယပ္ပဒါလနော၊ ဓမ္မ,ဒါရု,လောဟ,အယ,ဝါလိက,ဥဒက,ဖလက,ဟု၊ ဆိုအပ်သော ခုနှစ်ပါးကြီးမားသော အစုအပေါင်းကို ထုတ်ချင်းထွင်း အောင်ပစ်နိုင်ထသော။ ရာဇ-ပုတ္တော၊ ဗာရာဏသီပြည့်ရှင်မင်း၏သားတော်အကြီးဖြစ်ထသော။ အသဒိသော၊ ဗလဝီရိယပညာတို့ဖြင့် သူတကာမတူနိုင်သည်ဖြစ်၍ အသဒိသ,မည်ကျော်ရသော။ ဓနုဂ္ဂဟော၊ လေးသမားကျော်သည်။

သဗ္ဗာမိတ္တေ၊ ခုနှစ်ပြည်ထောင်ရန်သူကုန်အောင်တို့ကို။ ရဏံကတွာ၊ စစ်ထိုးခြင်းကိုပြု၍။ (တနည်း)။ ရဏံကတွာစုဏ္ဏဝိစုဏ္ဏံကတွာ၊ မြူမှုန့်ကဲ့သို့ဖရိုဖရဲကွဲပြားလွင့်ပြေးသည်ကိုပြု၍။ ပလာပေသိ၊ ပြေးစေ၏။ ကိဉ္စိစ၊ တစ်စုံတစ်ယောက်ကိုမျှလည်း။ နဝိဟေဌယိ၊ သွေးတစ်စက် မျှမထွက်စေဘဲ မညှဉ်းဆဲမနှိပ်စက်။ သော၊ ထိုအသဒိသလေးသမားကျော်သည်။ ဘာတရံ၊ ညီတော်ကို။ သောတ္ထိံ ကတွာန၊ ချမ်းသာသည်ကိုပြု၍။ သံယမံ၊ သီလကိုစောင့်ရှောက်သောရသေ့ရဟန်းအဖြစ်သို့။ အဇ္ဈုပါဂမိ၊ ကပ်လေ၏။ (အက္ခဏဝေဓိတိအဝိရာဓိတဝေဓိ,ဟူသောအဋ္ဌကထာအလို၊အခလိတ, ဆိုလိုလျက်၊အက္ခဏ,ဆိုသတည်း။ ။ အထဝါအက္ခဏံဝုစ္စတိဝိဇ္ဇု။ ယာဝဧကာဝိဇ္ဇုနိစ္ဆရတိတာဝတေနောဘာသေန သတ္တဋ္ဌဝါ ရေကဏ္ဍာနိဂဟေတွာ ဝိဇ္ဈတီတိအက္ခဏဝေဓိ။ ဤအလိုသော်၊အ,ကား ခုဒ္ဒကအနက်။ နခဏံ အက္ခဏံ,ပြု၍ငယ်သောခဏဟုဆိုအပ်သောဝိဇ္ဇု,ကိုရသတည်း။ အက္ခဏေသတ္တဋ္ဌဝါရေဝိဇ္ဈတီတိအက္ခဏဝေဓီ, ဟူလိုသည်။ မဟန္တေကာယေပဒါလေတီတိ မဟန္တကာယပ္ပဒါလနော,ပြု။ ။ စ,ဒါ,လော,အ။ ဝါ,ဥ,ပ။ သတ္တကြီးကာယာ။ ထိုခုနှစ်ပါးတို့တွင်၊ တစ်ပါးသော လေးသမားသည် စမ္မကာယ,ကိုထွင်းဖောက်စေသည်ရှိသော်မဟိံ သစမ္မကိုသော်လည်း ထွင်းဖောက်နိုင်၏။ အသဒိသလေးသမားကျော်မူကားမဟိံ သစမ္မတို့၏ အထပ်တစ်ရာကိုသော်လည်း ထွင်းဖောက်နိုင်၏။ တစ်ပါးသောလေးသမားသည်လက်ရှစ်​သစ်ထူသောရေသဖန်းပျဉ်,လက်လေးသစ်ထူသော ပိတောက်ပျဉ်ကို ထွင်းဖောက်နိုင်၏။ အသဒိသလေးသမားကျော်မူကားတစပ်ထည်း ထပ်သောပျဉ်ချပ် တစ်ရာကိုသော်လည်း ထွင်းဖောက်နိုင်၏။ ထိုမှတစ်ပါးလက်ရှစ်သစ်ထူသောကြေးနီပြား,လက်ရှစ်သစ်ထူသောသံပြားကိုလည်းထွင်းဖောက်နိုင်၏။ သဲဖြင့်ပြည့်သောလှည်း, ပျဉ်ချပ်ဖြင့်ပြည့်သောလှည်း, ကောက်ရိုးဖြင့်ပြည့်သောလှည်း၏ နောက်အဖို့ဖြင့်မြားကိုသွင်း၍ ရှေ့အဘို့ဖြင့် ထွက်စေနိုင်၏။ ပကတိအားဖြင့်ရေ၌ လေးဥသဘတိုင်အောင်မြားကိုပစ်နိုင်၏။ ကြည်း၌သော်ကားဥသဘတစ်ရာသော်လည်းမလောက်တာဝတိံသာတိုင်ရောက်အောင်ပစ်နိုင်၏)။ ။

အသဒိသဇာတကံ ပဌမံ။၁၈၁။