Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

162. Santhavajātakaṃ (2-2-2)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နသန္ဓဝသ္မာပရမတ္ထိပါပိယော,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသန္ဓဝဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊မီးပူဇော်ခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏။

မိမိပူဇော်သောမီးသည်ပင်လျှင် မိမိကျောင်းဆောင်ကို လောင်ခဲ့ရကား၊ ဘုရားလောင်းပုဏ္ဏားသည်‌ကြောက်လန့်တကြားပြေး၍ အပ၌ရပ်လျက်စက်ဆုပ်ဖွယ်ရှိသောသူနှင့် ပေါင်းဖော်ခြင်းမည်သည်ကိုမပြုအပ်။ယခုအခါငါသည် ငြိုငြင်သဖြင့်ဆောက်လုပ်အပ်သော သစ်ရွက်မိုးသောကျောင်းကိုဤမီးသည်လောင်ခဲ့ပြီဟုဆို၍။ ။

(၁၇၅)န သန္ထဝသ္မာ ပရမတ္ထိ ပါပိယော၊ယော သန္ထဝေါ ကာ-ပုရိသေန ဟောတိ။

သန္တပ္ပိတော သပ္ပိနာ ပါယသေန၊ကိစ္ဆာကတံ ပဏ္ဏ-ကုဋိံ အဒယှိ။

ဟူသောရှေးဦးစွာသောဂါထာကိုရွတ်၏။

(၁၇၅)ကာပုရိသေန၊ စက်ဆုပ်ဖွယ်သောယုတ်မာသသူနှင့်။ ယောသန္ဓဝေါ၊ အကြင်ပေါင်းဖော်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ အသ္မာသန္ဓဝါ၊ ထိုစက်ဆုပ်ဖွယ်ရှိသသူနှင့်ပေါင်းဖော်ခြင်းအောက်။ ပရံ၊ အလွန်။ ပါပိယော၊ အထူးသဖြင့်ယုတ်မာသောသဘောသည်။ နတ္ထိ၊ လောကဓာတ်ဝယ်မရှိပြီ။ ကသ္မာ၊ အဘယ့်ကြောင့်မရှိဟူ၍ငါဆိုသနည်းဟူမူကား။ သပ္ပိနာ၊ ထောပတ်ဖြင့်၎င်း။ ပါယာသေန၊ ဃနာဖြင့်၎င်း။ သန္တပ္ပိတောအပိ၊ ရောင့်ရဲပါစေလျက်လည်း။ အယံအဂ္ဂိ၊ ဤမီးသည်။ မယာ၊ ငါသည်။ ကိစ္ဆာကတံ၊ ငြိုငြင်သဖြင့်ပြုအပ်သော။ ပဏ္ဏ-ကုဋိံ၊ သစ်ရွက်မိုးသောကုဋီကို။ အဒယှိ၊ အားပါးမနာလောင်ခဲ့ပြီ။ တသ္မာ၊ ထို့ကြောင့် ငါဆိုပေသတည်း။ ။

ထိုဘုရားလောင်းသည် ဤသို့ဆို၍ အဆွေခင်ပွန်းကိုပြစ်မှားတတ်သောသင်ဖြင့်ငါ့အား အလိုမရှိဟုထိုမီးကိုရေဖြင့်ငြိမ်းစေ၍ သစ်ခက်ဖြင့်ပုတ်၍ ဟိမဝန္တာ၏အတွင်းသို့ဝင်သည်ရှိသော်၊ တစ်ခုသောရွှေနှင့်တူသောအဆင်းရှိသည်၏အဖြစ်ကြောင့်သာမာအမည်ရှိသောသမင်မကို၊ခြင်္သေ့၏၎င်း၊ ကျား၏၎င်း၊ သစ်၏၎င်း မျက်နှာကိုလျက်သည်ကိုမြင်၍သူတော်ကောင်းတို့နှင့်ပေါင်းဖော်ခြင်းထက်မြတ်ခြင်းမည်သည် မရှိဟုကြံ၍။ ။

(၁၇၆)န သန္ထဝ-သ္မာ ပရ-မတ္ထိ သေယျော၊ယော သန္ထဝေါ သပ္ပုရိသေန ဟောတိ။

သီဟဿ ဗျဂ္ဃဿ စ ဒီပိနောစ၊သာမာ မုခံ လေဟတိ သန္ဓဝေန။

ဟူသောဒုတိယဂါထာကိုရွတ်သတည်း။ ။

(၁၇၆)သပ္ပုရိသေန၊ သူတော်ကောင်းနှင့်။ ယောသန္ဓဝေါ၊ အကြင်ပေါင်းဖော်ရခြင်းသည်။ ဟောတိ၊ ဖြစ်၏။ အသ္မာသန္ဓဝါ၊ ထိုသူတော်ကောင်းတို့နှင့်ပေါင်းဖော်ရခြင်းထက်။ ပရံ၊ အလွန်။ သေယျော၊ အထူးသဖြင့်မြတ်သောသဘောသည်။ နတ္ထိ၊ လောကဓာတ်ဝယ်မရှိ။ သီဟဿ၊ ခြင်္သေ့၏၎င်း။ ဗျဂ္ဃဿစ၊ ကျား၏၎င်း။ ဒီပိနောစ၊ သစ်၏၎င်း။ မုခံ၊ မျက်နှာကို။ သာမာ၊ ရွှေအဆင်းနှင့်တူသောအဆင်းရှိသောသမင်မသည်။ သန္ဓဝေန၊ အဖော်ခုံမင် ချစ်ခင်မေတ္တာကြောင့်။ လေဟတိ၊ လျက်၏။ ။

(သန္တပ္ပိ တောသပ္ပိနာပါယာသေန၌ အဝိသဒ္ဒါစသဒ္ဒါတို့သည် နိပါတ်ဖြစ်၍ဇောတကမျှဖြစ်ရကား၊ ထင်ရှားမရှိသော်လည်း မိမိအနက်မပျောက်မပျက်အောင်ယောဇနာသကာလဘော်ရသည်)။ ။

သန္ဓဝဇာတကံ ဒုတိယံ။