နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အာဂမိဿတိ မေပါပံ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤပရန္တပဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ဒေဝဒတ်သည် ဘုရားအားသတ်အံ့သောငှါ လုံ့လပြုခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
မိဘုရားသည် သားသည်ကြီးလတ်သော်တစ်နေ့သ၌ မိုးသောက်ထ အခါ၌ချမ်းသာစွာနေလျက် သာယာစွာပရန္တပကျွန်ကို မင်းကိုသတ်သော သင့်ကိုတစ်စုံတစ်ယောက်သော သူသည်မြင်သလောဟုမေး၏။ ငါ့ကိုတစ်စုံ တစ်ယောက်သောသူသည်မမြင်၊ စင်စစ်သော်ကား သစ်ခက်ကိုလှုပ်သော အသံကိုကြား၏။ ထိုသစ်ခက်ကိုလူသည်၎င်း တိရစ္ဆာန်သည်၎င်း လှုပ်သည် ဤအဖြစ်ကိုမသိ။ တစ်ရံတဆစ် ငါ့အားဘေးသည်ရောက်လတ္တံ့။ အကြင်သူသည် သစ်ခက်ကိုလှုပ်၍သွား၏။ ထိုသူမှရောက်လတ္တံ့ဟု၊ မိဘုရားနှင့်တကွပြောလိုရကား။ ။
(၁၁၄၃)အာဂမိဿတိ မေ ပါပံ၊အာဂမိဿတိ မေ ဘယံ။
တဒါ ဟိ စလိတာ သာခါ၊မနုဿေန မိဂေန ဝါ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုပရန္တပကျွန်, မိဖုရားတို့သည် ပုရောဟိတ်အိပ်ပျော်၏ဟူ၍ အောက်မေ့ကုန်၏။ ထိုပုရောဟိတ်သည်ကား မပျော်သည်ဖြစ်၏။ ထိုသူတို့၏ စကားကိုကြား၍ တစ်နေ့သ၌ ပုရောဟိတ်သည် ပရန္တပကျွန်သည် သစ်သီးကြီးငယ်အကျိုးငှါ သွားသည် ရှိသော် မိမိပုဏ္ဏေးမ ကိုအောက်မေ့၍ မြည်တမ်းသကဲ့သို့။ ။
(၁၁၄၄)ဘီရုယာ နူန မေ ကာမော၊အဝိဒူရေ ဝသန္တိယာ။
ကရိဿတိ ကိသံ ပဏ္ဍုံ၊သာဝ သာခါ ပရန္တပံ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ပုဏ္ဏားသည် ဂါထာကိုသာလျှင်ဆို၏အနက်ကိုကားမဆို။ ထိုကြောင့် ဤဂါထာ၏ကိစ္စသည် မိဖုရားအားမထင်။ ထိုအခါ ထိုပုဏ္ဏားကို၊ ပုဏ္ဏား၊ အသို့ဆိုသနည်းဟုဆို၏။ ပုဏ္ဏားသည် ထိုအနက်ကို ချွတ်ယွင်းသဖြင့်မှတ်စေ၏။ တဘန်တစ်နေ့သ၌။ ။
(၁၁၄၅)သောစယိဿတိ မံ ကန္တာ၊ဂါမေ ဝသမနိန္ဒိတာ။
ကရိဿတိ ကိသံ ပဏ္ဍုံ၊သာဝ သာခါ ပရန္တပံ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
တစ်နေ့သ၌။ ။
(၁၁၄၆)တယာ မံ အသိတာပင်္ဂိ၊သိတာနိ ဘဏိတာနိစ။
ကိသံ ပဏ္ဍုံ ကရိဿန္တိ၊သာဝ သာခါ ပရန္တပံ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
နောက်အဖို့၌ မင်းသားသည် အရွယ်သို့ရောက်သည်ဖြစ်၍ တစ်ဆယ့်ခြောက်နှစ်အရွယ်ရှိ၏။ ထိုအခါ ထိုမင်းသားကို၊ ပုဏ္ဏားသည် တောင်ဝေးကိုကိုင်စေ၍ ရေချိုးဆိပ်သို့သွား၍ မျက်စိတို့ကိုဖွင့်၍ကြည့်၏။ မင်းသားသည်၊ ပုဏ္ဏား၊ သင်သည်ကန်းသည်မဟုတ်လောဟုဆို၏။ ပုဏ္ဏားသည် ငါသည်မကန်း။ ဤအမည်ရှိသော အကြောင်းကြောင့် အသက်ကိုစောင့်၏ဟုဆို၍ သင့်အဘကိုသိ၏လောဟုဆို၏။ ဤပရန္တပသည် ငါ၏ အဘတည်းဟုဆိုသည်ရှိသော်၊ ဤပရန္တပသည် သင်၏အဘမဟုတ်။ သင့်အဘသည်ကား ဗာရာဏသီမင်းတည်း။ ဤပရန္တပကား သင်တို့ကျွန်တည်း။ သင့်အမိသည်ချွတ်ယွင်း၍ ဤအရပ်၌သင်၏ အဘကိုသတ်၍မြှုပ်စေ၏ဟု အရိုးတို့ကိုထုတ်၍ပြ၏။ မင်းသားအားကြီးစွာသော စိုးရိမ်ခြင်းသည်ဖြစ်၏။ ထိုအခါပုဏ္ဏားကို ယခုအသို့ပြုရအံ့နည်းဟုမေး၏။ ထိုပရန္တံပသည် ဤဆိပ်၌လျှင် သင်၏အဘအား အကြင်အမှုကိုပြု၏။ ထိုအမှုကိုပြုလော့ဟု အလုံးစုံသော အကြောင်းကိုကြား၍ မင်းသားကိုနှစ်ရက်သုံးရက်လေး,တောင့်အတတ်ကို သင်စေ၏။ ထိုအခါတစ်နေ့သ၌ သန်လျက်ကို၎င်း ရေသနုပ်ကို၎င်းယူ၍၊ ဘခင်၊ ရေချိုးအံ့သောငှါသွားကုန်အံ့ဟုဆို၏။ ပရန္တပသည်၊ ချစ်သား၊ ကောင်းပြီဟု မင်းသားနှင့်တကွ သွား၏။ ထိုပရန္တပ၏ရေချိုးအံ့သောငှါ သက်သောကာလ၌လက်ျာလက်ဖြင့်သန်လျက်ကိုလက်ဝဲဖြင့်ဦးသျှောင်ကို ကိုင်၍ သင်သည်ဤဆိပ်၌လျှင် ငါ့အဘကိုဦးသျှောင်ကိုကိုင်၍ ဟစ်ကြွေးစဉ်သတ်သတတ်။ ငါသည်လည်းသင့်ကိုထိုအတူလျှင်ပြုအံ့ဟုဆို၏။ ထိုပရန္တပသည် သေဘေးမှကြောက်ရကား ငိုကြွေးလျက်။ ။
(၁၁၄၇)အဂမာ နူန သော သဒ္ဒေါ၊အသံသိ နူန သော တဝ။
အက္ခာတံ နူန တံ တေန၊ယော တံ သာခမကမ္ပယိ။ ။
(၁၁၄၈)ဣဒံ ခေါ တံ သမာဂမ္မ၊မမ ဗာလဿ စိန္တိတံ။
တဒါ ဟိ စလိတာ သာခါ၊မနုဿေန မိဂေန ဝါ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
ထိုနောင်မှမင်းသားသည်။ ။
(၁၁၄၉)တထေဝ တွံ အဝေဒေသိ၊အဝဇ္ဈိ ပိတရံ မမ။
ဟန္တွာ သာခါဟိ ဆာဒေန္တော၊အာဂမိဿတိ တေ ဘယံ။ ။
ဟူသောဤဩသာနဂါထာကိုဆို၏။ ။
(၁၁၄၉)ပရန္တပ၊ ကျွန်ပရန္တပ။ တထေဝ၊ ထိုအတူလျှင်။ တွံ၊ သင်သည်။ အဝေဒေသိ၊ သတ်၏။ မမ၊ ငါ၏။ ပိတရံ၊ အဘကို။ အဝဇ္ဈိ၊ သတ်ပြီ။ ဟန္တွာ၊ သတ်ပြီး၍။ သာခါဟိ၊ သစ်ခက်တို့ဖြင့်။ ဆာဒေန္တော၊ ဖုံးလွှမ်း၏။ တေ၊ သင်အား။ ဘယံ၊ ဘေးသည်။ အာဂမိဿတိ၊ ရောက်လတ္တံ့။ ။
ပရန္တပဇာတကံ ဧကာဒသမံ။ ။ ဂန္ဓါရဝဂ္ဂေါ ဒုတိယော။ ။ တဿုဒ္ဒါနံ။ ။
ကုက္ကုမနောဇသုတနော၊ဂိဇ္ဈဒဗ္ဗပုပ္ဖပဏ္ဏကော။
သတ္တုဘသ္တအဋ္ဌိသေနော၊ကပိဗကဗြဟ္မာဒသ။
ဂန္ဓာရောမဟာကပိစ၊ကုမ္ဘကာရောဒဠှဓမ္မော။
သောမဒတ္တောသုပိမောစ၊ကောဋသိမ္ဗလိဓူမကာရီ။
ဇာဂရော ကုမ္မာသပိဏ္ဍော၊ပရန္ထပါဧကာဒသ။ ။
သတ္တကနိပါတံ နိဋ္ဌိတံ။၂၁။၄၁၆။
သတ္တနိပါတ်ပြီး၏။ ။