နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သီဟင်္ဂုလီသီဟနခေါ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသီဟကောတ္ထုဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံး နေတော်မူစဉ်၊ ကောကာလိကကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုမြေခွေးမသား၏အသံကိုကြား၍တစ်ပါးသောဘုရားလောင်း၏ဇာတ်တူဖြစ်သောသားသည်၊ ဘခင်၊ဤခြင်္သေ့သည် အဆင်းအစရှိသည်တို့ဖြင့်ကျွန်ုပ်တို့နှင့်တူ၏။ ထိုခြင်္သေ့၏ အသံသည်တမူကား ကျွန်ုပ်တို့မှတစ်ပါးသောမြေခွေးသံနှင့် တူ၏။ ဤခြင်္သေ့သည်အဘယ်မည်သောခြင်္သေ့နည်းဟုမေးလိုရကား။ ။
(၂၂၇)သီဟင်္ဂုလီ သီဟနခေါ၊သီဟ-ပါဒပတိဋ္ဌိတော။
သော သီဟော သီဟသင်္ဃမှိ၊ဧကော နဒတိ အညထာ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်၊ ချစ်သား၊ဤခြင်္သေ့သည် သင်၏ညီတည်း။ မြေခွေးမ၏သားဖြစ်၍ အဆင်းအားဖြင့်ငါနှင့်တူ၏။ အသံအားဖြင့်အမိနှင့်တူ၏။ ဤသို့ဆိုပြီးသော်မြေခွေးမသားကိုခေါ်၍၊ ချစ်သား၊ဤနေ့မှစ၍ ဤအရပ်၌နေသည်ရှိသော်နည်းသောအသံရှိသည်ဖြစ်၍နေလော့၊တဖန်အကယ်၍မြည်ပြန်အံ့၊မြေခွေး၏အဖြစ်ကိုသ်ိပြန်လတ္တံ့ဟုဆုံးမလိုရကား။ ။
(၂၂၈)မာ တွံ နဒိ ရာဇပုတ္တ၊အပ္ပသဒ္ဒေါ ဝနေ ဝသ။
သရေန မာတံ ဇာနေယျုံ၊န ဟိ တေ ပေတ္တိကော သရော။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
(၂၂၈)ရာဇ-ပုတ္တ၊ ကေသရာခြင်္သေ့မင်း၏သား။ တွံ၊ သင်သည်။ မာနဒိ၊ မမြည်လင့်။ အပ္ပသဒ္ဒေါ၊ အသံမရှိသည်ဖြစ်၍။ ဝနေ၊ တော၌။ ဝသ၊ နေလော့။ သရေန၊ အသံအားဖြင့်။ တံ၊ သင့်ကို။ မာဇာနေယျုံ၊ ခွေးဟူ၍မသိစေကုန်လင့်။ ဟိသစ္စံ၊ မှန်၏။ တေ၊ သင်၏။ သရော၊ အသံသည်။ နပေတ္တိကော၊ အဘဖြစ်သောခြင်္သေ့မင်း၏အသံနှင့်မတူ။
(သီဟကောတ္ထုဇာတကံအဋ္ဌမံ။၁၈၈။သီဟကောဋ္ဌဇာတကံရှိသည်ကား ပျက်သည်။ ။ သိင်္ဂါလောဇမ္ဗုကောကောတ္ထု။ ။ (အဘိဓာန်)။ ။ ကုသအက္ကောသေ၊ တု။တုဝါ။ဟု-၎င်း ဋီကာလာသောကြောင့် ပဌမက္ခရာတုလည်းသင့်၏။ ခြင်္သေ့သားမြေခွေးဖြစ်သောကြောင့်၎င်း၊ ဘတူမိတူဖြစ်သောကြောင့်၎င်းသီဟကောတ္ထု,ဆိုသည်)။ ။