နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊စတုပ္ပဒေါအဟံသမ္မ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသူကရဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ မထေရ်အိုတစ်ပါးကိုအကြောင်းပြု၍ဟောတော်မူ၏။
(ဤဇာတ်၌ဝက်ပုပ်သည်ဦးခေါင်းကိုချီ၍စစ်ထိုးခြင်းငှါခြင်္သေ့မင်းကိုခေါ်လိုရကား။ ။
(၁၅၅) စတုပ္ပဒေါ အဟံသမ္မ၊တွံပိ သမ္မ စတုပ္ပဒေါ။
ဧဟိ သမ္မနိဝတ္တဿု၊ကိံနု ဘီတော ပလာယသိ။
ဟူသောရှေးဦးစွာသောဂါထာကိုဆိုသတည်း။ ။
(၁၅၅) သမ္မ၊ အချင်းခြင်္သေ့။ အဟံ၊ ငါလည်း။ စတုပ္ပဒေါ၊ အခြေလေးချောင်းရှိသောသားတည်း။ သမ္မ၊ အချင်းခြင်္သေ့။ တွံပိ၊ သင်သည်လည်း။ စတုပ္ပဒေါ၊ ခြေလေးချောင်းရှိသောသားတည်း။ သမ္မ၊ အချင်းခြင်္သေ့။ ဧဟိ၊ လာလော့။ တွံ၊ သင်သည်။ ဘီတော၊ ငါမှကြောက်၍။ ပလာယသိကိံနု၊ ပြေးသလော။ နိဝတ္တဿု၊ ပြန်ခဲ့ဦးလော့။ ။
ယခုတမူကားမစင်စရနယ်၍ စက်ဆုပ်ဖွယ်သောသင်၏ကိုယ်ကို နှုတ်သီးဖြင့်လည်း ကိုက်အံ့သောငှါ မတတ်ကောင်။ ခြေဖြင့်လည်းကျောက်ကန်အံ့သောငှါမတတ်ကောင်း။ ဥပါယ် လှလှရသောသင့်အား အောင်ခြင်းကိုငါပေး၏ဟုဆိုလိုရကား။
(၁၅၆)အသုစိ-ပ္ပူတိ-လောမော-သိ၊ဒုဂ္ဂန္ဓောဝါသိ သူကရ။
သစေ ယုဇ္ဈိတု-ကာမော-သိ,ဇယံ သမ္မ ဒဒါမိ တေ။
ဟူသောဒုတိယဂါထာကိုခြင်္သေ့မင်းဆိုသတည်း။
(၁၅၆) သမ္မသူကရ၊ အချင်းဝက်ပုပ်။ တွံ၊ သင်သည်။ အသုစိပူတိလောမော၊ မစင်လူးခြင်းကြောင့် ပုပ်သောအမွေးရှိသည်။ အသိ၊ ဖြစ်၏။ ဒုဂ္ဂန္ဓော၊ အလိုမရှိအပ်စက်ဆုပ်ဖွယ်သောအနံ့ရှိသည်ဖြစ်၍။ ဝါယိ၊ ပုပ်နံ့မခံနိုင်လှိုင်၏။ ယုဇ္ဈိတုကာမော၊ စစ်ထိုးလိုသည်။ သစေအသိ၊ အကယ်၍ဖြစ်အံ့။ တေ၊ ဥပါယ်လှလှရပေသောသင့်အား။ ဇယံ၊ အောင်ခြင်းကို။ ဒဒါမိ၊ ငါပေး၏။
သူကရဇာတကံတတိယံ။ ။