ဘဝန္တော၊ အိုအချင်းတို့။ ပါဏ-ဃာတီ၊ သတ္တဝါကိုသတ်သောသူသည်။ စတူသုအပါယေသု၊ အပါယ်လေးပါးတို့၌။ မဟာ-ဒုက္ခံ၊ ကြီးစွာသောဆင်းရဲကို။ အနုဘဝမာနော၊ ခံရလျက်။ ဒီဃ-ရတ္တံ၊ အခါလေးမြင့်။ ဟိယသ္မာ၊ အကြင်ကြောင့်။ သောစတိ၊ စိုးရိမ်ရ၏။ တသ္မာ၊ ထို့ကြောင့်။ အယံဇာတိ၊ ထိုထိုဘဝ၌ဤသို့သဘောရှိသောပဋိသန္ဓေနေခြင်းသည်၎င်း။ အယံသမ္ဘဝေါ၊ ဤမသိမလိမ်မာစဉ်မန္ဒခိဍ္ဍစသောအစဉ်အားဖြင့်ကြီးပွါခြင်းသည်၎င်း။ ဒုက္ခာ၊ အိုခြင်း,နာခြင်း,သေခြင်း, မုန်းသော သူတို့နှင့်ပေါင်းဘော်ရခြင်း,ချစ်သောသူတို့နှင့်ကွေကွင်းရခြင်း,လက်ခြေပြတ်ခြင်း,အစရှိကုန်သောဆင်းရဲတို့၏တည်ရာဖြစ်၏။ ဧဝံ၊ ဤသို့။ သတ္တာ၊ သတ္တဝါတို့သည်။ စေဇာနေယျုံ၊ အကယ်၍သိကုန်ငြားအံ့။ ပါဏော၊ သတ္တဝါတို့သည်။ ပါဏိနံ၊ သတ္တဝါကို။ နဟညေ၊ မသတ်ရာ။ ။
(ဤသို့ဘုရားလောင်းသည်ငရဲဘေးဖြင့်ခြိမ်းခြောက်၍တရားဟောပြီ။ လူတို့သည်ထိုတရားကိုနာရကုန်သည်ဖြစ်၍ငရဲဘေးမှကြောက်ကုန်၍ပါဏာတိပါတမှကြဉ်ကုန်၏။ ဘုရားလောင်းသည်လည်းတရားဟော၍ လူများကိုသီလ၌ တည်စေ၍ကံအားလျော်စွာလား၏။ လူများသည်လည်း ဘုရားလောင်း၏ အဆုံးအမ၌တည်၍ ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်ကို ပြည့်စေ၏)။ ။
မတကဘတ္တဇာတကံအဋ္ဌမံ။၁၈။