နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကိမတ္ထံအဘိသန္ဓာယ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမဟိံသရာဇဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊လျှပ်ပေါ်သောမျောက်တစ်ခုကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါတစ်နေ့သ၌ ထိုသစ်ပင်၌နေသောနတ်သည် သစ်ခွကြား၌တည်၍ထိုကျွဲမင်းကိုဤမျောက်ပျက်၏မထေမဲ့မြင်ပြုခြင်းကိုသည်းခံဘိ၏၊ ထိုမျောက်ပျက်ကိုပစ်လော့ဟုဆို၍ထိုအနက်ကိုပြလိုရကား။ ။
(၄၃၉)ကိမတ္ထ-မဘိသန္ဓာယ၊လဟု-စိတ္တဿ ဒုဗ္ဘိနော။
သဗ္ဗ-ကာမ-ဟရဿေ-ဝ၊ဣဒံ ဒုက္ခံ တိတိက္ခသိ။ ။
(၄၄၀)သိင်္ဂေန နိဟနာဟေ-တံ၊ပဒသာ စ အဓိဋ္ဌဟ။
ဘိယျော ဗာလာ ပကုဇ္ဈေယျုံ၊နော စ-ဿ ပဋိသေဓကော။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၄၃၉-၄၄၀)မဟိံသရာဇ၊ ကျွဲမင်း။ သဗ္ဗ-ကာမ-ဟရဿ၊ အလုံးစုံသောအလိုကိုပေးတတ်သော အရှင်သခင်၏။ ဒုက္ခံ၊ ဆင်းရဲကို။ တိတိက္ခသိဣဝ၊ သည်းခံသကဲ့သို့။ ကိမတ္ထံ၊ အဘယ်အကြောင်းကို။ အဘိသန္ဓာယ၊ ရည်၍။ ဝါ၊ စွဲ၍။ လဟု-စိတ္တဿ၊ ပေါ့သောစိတ်ရှိသော။ ဒုဗ္ဘိနော၊ အဆွေခင်ပွန်းပြစ်မှားတတ်သောမျောက်၏။ ဣဒံဒုက္ခံ၊ ဤဆင်းရဲကို။ တိတိက္ခသိ၊ သည်းခံဘိသနည်း။ ။
ဧတံ၊ ဤမျောက်ကို။ သိင်္ဂေန၊ ချိုဖြင့်။ နိဟနာတ-နိဟနထ၊ ထိုးကြိတ်ကော်ခတ်သတ်လိုက်ဘိလော့။ ပဒသာစ၊ ထက်စွာသော ခွါရှိသော ခြေဖြင့်လည်း။ အဓိဋ္ဌဟ၊ သိသိညက်ညက်ကြေအောင်နင်းချေလိုက်ဘိလော့။ ပဋိသေဓကော၊ တားမြစ်တတ်သော သူသည်။ နောစေအဿ၊ အကယ်၍မရှိသည်ဖြစ်အံ့။ ဗာလာ၊ ပညာနည်းပါးသောသတ္တဝါတို့သည်။ ဘိယျော၊ အဖန်တလဲလဲ။ ပကုဇ္ဈေယျုံ၊ ညှဉ်းဆဲကုန်ရာ၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းကျွဲမင်းသည်၊ သစ်ပင်စောင့်နတ်၊ ငါသည်ဤမျောက်ထက်အမျိုးအနွယ်အစရှိသည်တို့ဖြင့်လွန်မြတ်သည် ဖြစ်လျက် ဤမျောက်၏အပြစ်ကို အကယ်၍ သည်းမခံအံ့၊ အဘယ်မှာ သဗ္ဗညုတညာဏ်ကိုရှာသောငါ၏နှလုံးအလိုသည်ပြီးခြင်းသို့ရောက်နိုင်အံ့နည်း။ ဤမျောက်သည်ကား ငါ့ကိုကဲ့သို့ တစ်ပါးသော ကျွဲကိုလည်း ထင်မှတ်၍မရိုသေသောအကျင့်ကို ပြုလတ္တံ့။ ထိုအခါ ကြမ်းကုန်သော ကျွဲတို့သည် ဤမျောက်ကားဤသို့ပြု၏ဟုသတ်ကုန်လတ္တံ့။ ထိုသို့တစ်ပါးသော ကျွဲတို့သည်သတ်၍ ထိုမျောက်၏သေခြင်းကြောင့်ငါ့အားဆင်းရဲမှ၎င်း၊ ပါဏာတိပါတ်မှ၎င်း လွတ်ခြင်းသည်ဖြစ်လတ္တံ့ဟုဆို၍။ ။
(၄၄၁)မမေ-ဝါ-ယံ မညမာနော၊အညေပေ-ဝံ ကရိဿတိ။
တေ နံ တတ္ထ ဝဓိဿန္တိ၊သာ မေ မုတ္တိ ဘဝိဿတိ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၄၄၁)ရုက္ခဒေဝတေ၊ ရုက္ခစိုးနတ်မင်း။ အယံ၊ ဤမျောက်သည်။ မမေဝမမဣဝ၊ ငါ့အားပြုကျင့်သကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ မညမာနော၊ ငါကဲ့သို့ အောက်မေ့သည်ဖြစ်၍။ အညေပိ၊ ငါမှတစ်ပါးကျွဲတို့ကိုလည်း။ ကရိဿတိ၊ ပြုလတ္တံ့။ တေ၊ ထိုငါမှတစ်ပါးသောကျွဲတို့သည်။ နံ၊ ထိုမျောက်ပျက်ကို။ တတ္ထ၊ ထိုအရပ်၌။ ဝဓိဿန္တိ၊ သတ်ကုန်လတ္တံ့။ ဧဝံသတိ၊ ဤသို့ငါမူမသတ် သူတစ်ပါးသတ်သည်ရှိသော်။ သာမုတ္တိ၊ ထိုဆင်းရဲမှလွတ်ခြင်း,ပါဏာတိပါတ်မှလွတ်ခြင်း,နှစ်ပါးသည်။ မေဘဝိဿတိ၊ ငါ့အားဖြစ်လတ္တံ့။ ။
နှစ်ရက်သုံးရက်လွန်သဖြင့် ဘုရားလောင်းသည် တစ်ပါးသောအရပ်သို့သွား၏။ တစ်ပါးသောကြမ်းသောကျွဲသည်ထိုအရပ်သို့လာ၍နေ၏။ ပျက်ချော်သောမျောက်သည် ဤကျွဲကား ထိုကျွဲကောင်လျှင်တည်းဟု အမှတ်ရှိသဖြင့် ထိုကျွဲ၏ကျောက်ထက်တက်၍ ထို့အတူသာလျှင် မရိုမသေကျင့်၏။ ထိုအခါထိုမျောက်ကို ထိုကျွဲသည်ခါလျက် မြေ၌ကျစေ၍ ချိုဖြင့်ရင်၌ပေါက်၍ ခြေတို့ဖြင့်နင်း၍ကြေစေ၏။ ။ (အညေပေဝံ၊သင့်သည်။ အညမေဝံ,ရှိသည်ကား။ တေ ဝဓိဿန္တိ,ဟူသော နောက်ဗဟုဝုစ်စကားနှင့်မတော်)။ ။
မဟိံသရာဇဇာတကံအဋ္ဌမံ။၂၇၈။