(၁ဝ၈) နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သိက္ခေယျဘိက္ခိတဗ္ဗာနိ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဗာဟိယဇာတ်ကို၊ ဝေသာလီပြည်ကိုမှီ၍ မဟာဝုန်စုလစ်မွန်းချွန်တပ်သောကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သော လိစ္ဆဝီမင်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
မဟာရာဇ၊ မြတ်သောမင်းကြီး။ သိက္ခိတဗ္ဗာနိ၊ သင်အပ်သောအတတ်တို့ကို။ သိက္ခေယျ၊ သင်ရာ၏။ တစ္ဆန္ဒိနော၊ ထိုအတတ်၌အလိုဆန္ဒရှိကုန်သော။ ဇနာ၊ လူတို့သည်။ သန္တိ၊ ရှိကုန်၏။ ဟိသစ္စံ၊ မှန်၏။ ဗာဟိယာ၊ မြို့ပ၌ပေါက်ဖွားသောဇနပုဒ်သူသည်။ သုဟဒေန၊ ဟိရီသြတ္တပ္ပကိုမစွန့် မူ၍ ဖုံးလွှမ်းသောအမူအရာဖြင့် ချမ်းသာစွာကိုယ်လက်သုတ်သင်ခြင်းဖြင့်။ ရာဇာနံ၊ မင်းကြီးကို။ အဘိရာဓယိ၊ နှစ်သက်စေပြီ။ (ပြည့်ရှင်မင်းကြီးကိုနှစ်သက်စေ၍ ဤစည်းစိမ်သို့ရောက်သည်ဟူလို။ သုခေနဟဒေါသုဟဒေါ။ ဟဒကရီသုဿဂ္ဂေတိဓာတု)။ ။
ဗာဟိယဇာတကံ အဋ္ဌမံ။၁၀၈။