နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အဇ္ဇာပိမေတံ သနသိ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤတိလမုဋ္ဌိဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသောအမျက်ထွက်တတ်သောရဟန်း ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါမင်းသားသည် ဗာရာဏသီပြည်သို့ရောက်၍မိဘတို့ကိုရှိခိုး၍အတတ်ကိုပြ၏။ မင်းသားသည်အသက်ရှည်သဖြင့် ငါ့သားကိုမြင်ရပြီ။ အသက်ရှင်စဉ် ငါ့သား၏ မင်းအသရေကိုကြည့်အံ့ဟု သားကိုမင်းအဖြစ်၌ထား၏။ ထိုဗြဟ္မဒတ်မင်းသည် မင်းအသရေကိုခံစားလျက် ဆရာပြုသောအပြစ်ကိုအောက်မေ့၍ အမျက်ဖြစ်၍ ထိုဆရာကိုသတ်အံ့ဟုခေါ်စိမ့်သောငှါဆရာ့အထံသို့လက်ဆောင်ပဏ္ဏာကာရနှင့်တကွ တမန်စေ၏။ ဆရာသည်ငယ်စဉ်ကာလ၌ ဗာရာဏသီမင်းကို မှတ်စိမ့်သောငှါမတတ်ကောင်းဟုမသွားမူ၍၊ ထိုမင်း၏ ပစ္ဆိမအရွယ်၌ ယခုအခါထိုမင်းကိုသိစိမ့်သောငှာ တတ်ကောင်းပြီဟုသွား၍ မင်းအိမ်တံခါး၌ရပ်လျက် တက္ကသိုလ်ဆရာလာ၏ဟု ကြားလျှောက်စေ၏။ မင်းသည် နှစ်သက်စွာ ပုဏ္ဏားကိုခေါ်စေ၍ မိမိအထံသို့လာသော ထိုပုဏ္ဏားကိုမြင်၍လျှင် အမျက်ကိုဖြစ်စေ၍မျက်စိတို့ကိုနီစွာပြု၍အမတ်တို့ကိုခေါ်၍၊ အိုအမတ်တို့၊ ယနေ့ထက်တိုင်အောင်လည်းငါသည်ဆရာပြုသောအမှုကို အောက်မေ့မိ၏။ ယနေ့ဆရာသည်နဖူးဖြင့် သေမင်းကိုယူ၍သေအံ့ဟုလာ၏။ ယနေ့ဆရာ၏အသက်သည်မရှိဟုဆိုလို၍။ ။
(၃၆၁)အဇ္ဇာပိ မေ တံ သရသိ၊ယံ မံ တွံ တိလ-မုဋ္ဌိယာ။
ဗာဟာယ မံ ဂဟေတွာန၊လဋ္ဌိယာ အနုတာလယိ။ ။
(၃၆၂)နနု ဇီဝိတေ န ရမသိ၊ယေနာ-သိ ဗြာဟ္မဏာ-ဂတော။
ယံ မံ ဗာဟာ ဂဟေတွာန၊တိက္ခတ္တုံ အနုတာလယိ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၃၆၁-၃၆၂)ဗြာဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ တိလမုဋ္ဌိယာ၊ နှမ်းတစ်ဆုပ်ကြောင့်။ မံ၊ ငါ့ကို။ ဗာဟာယ၊ မောင်း၌။ ဂဟေတွာန၊ ကိုင်၍။ လဋ္ဌိယာ၊ ဝါးခြမ်းစိတ်ဖြင့်။ မံ၊ ငါ့ကို။ ယံအနုတာလယိ၊ အကြင်ရိုက်ခြင်းကိုပြု၏။ မေ၊ ငါ့အား။ တံအနုတာလနံ၊ ထိုရိုက်ခြင်းကို။ အဇ္ဇာပိ၊ ယနေ့တိုင်အောင်လည်း။ တွံ၊ သင်သည်။ သရသိ၊ အောက်မေ့ဦးလော့။ ဝါ၊ သတိရ၏လော။ ။
ဗြာဟ္မဏ၊ ပုဏ္ဏား။ ယေန၊ အကြင်ကြောင့်။ တွံ၊ သင်သည်။ မမ၊ ငါ၏။ သန္တိကံ၊ အထံသို့။ အာဂတော၊ လာသည်။ အသိ၊ ဖြစ်၏။ ယံ၊ အကြင်ကြောင့်။ မမ၊ ငါ၏။ ဗာဟာ၊ မောင်းတို့ကို။ ဝါ။ မံ၊ ငါ့ကို။ ဗာဟာဗာဟာယ၊ မောင်း၌။ ဂဟေတွာန၊ ကိုင်၍။ တိက္ခတ္တုံ၊ သုံးချက်။ အနုတာလယိ၊ ရိုက်၏။ တသ္မာ၊ ထိုကြောင့်။ တွံ၊ သင်သည်။ ဇီဝိတေ၊ အသက်၌။ နရမသိနနုရမသိမညေ၊ မမွေ့လျော်ပြီဟုငါမှတ်ထင်၏။ ။
ဤသို့သောဘေးဖြင့်ခြိမ်းခြောက်၍ ဆိုသောစကားကိုကြားလတ်၍ ဆရာသည်။ ။
( ၃၆၃)အရိယော အနရိယံ ကုဗ္ဗန္တံ၊ယော ဒဏ္ဍေန နိသေဓတိ။
သာသနံ တံ န တံ ဝေရံ၊ဣတိ နံ ပဏ္ဍိတာ ဝိဒူ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၃၆၃)အရိယော၊ ဖြူစင်ကောင်းမြတ်သောအကျင့်ရှိသော။ ယော၊ အကြင်သူသည်။ အနရိယံ၊ ပါဏာတိပါတစသည်အပြား ငါးပါးသော ဒုဿိလျပါပဓမ္မကို။ ကုဗ္ဗန္တံ၊ ပြုကျင့်လွန်ကျူးသောပုဂ္ဂိုလ်ကို။ ဒဏ္ဍေန၊ သဲဒဏ်ရေဒဏ်တုတ်လှံကန်ဖြင့်။ နိသေဓတိ၊ တဖန် ဤကဲ့သို့သောအမှုကိုမပြုလင့်ဟုတားမြစ်ကွပ်နှိပ်၏။ တံ၊ ထိုသို့သားသ္မီးတပည့်တို့ကိုတားမြစ်ကွပ်နှိပ်ခြင်းသည်။ လောကေ၊ ဤလူ့ရွာ၌။ သာသနံ၊ ဆုံးမကံမြစ်သည်မည်၏။ တံ၊ ထိုသို့တားမြစ်ကွပ်နှိပ်ခြင်းသည်။ နဝေရံ၊ ရန်ပြုသည်မဟုတ်။ ဣတိ၊ ဤသို့။ နံ၊ ထိုသို့သဲဒဏ်ရေဒဏ် တုတ်လှံကန်ဖြင့် တဖန် ဤကဲ့သို့သောအမှုကိုမပြုလင့်ဟုတားမြစ်ကွပ်နှိပ်ခြင်းကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ဝိဒူ၊ သိကုန်၏။ ။
(အဇ္ဇာပိမေတံသရသိ၌။ အဇ္ဇာပိ၊ ယနေ့တိုင်အောင်လည်း။ မေ၊ ငါသည်။ သရသိ၊ အောက်မေ့မိ၏။ ဤသို့ပေးကြသည်ကား၊ သရသိကားတုမှယောဂဖြစ်၍မသင့်။ သည်သာမဟုတ်၊ မေ,ဟူသော ကတ္တားသည် သရသိနှင့် ပုတ္တလည်း မလျော်၊ အပုတ္တလည်း မထော်။ ယံမံဗာဟာဂဟေတွာန,၌နှစ်ချက်ယောဇနာသည်ကား။ ယံမံဗာဟာ ဂဟေတွာနာတိ ယံမမဗာဟာ ဂဟေတွာန၊ ယံမံ ဗာဟာယဂဟေတွာနာတိပိအတ္ထော၊ ဟူသောအဋ္ဌကထာနှင့် လျော်စေသည်။ အရိယသည်၊ အာစာရအရိယ, ဒဿန အရိယ, လိင်္ဂအရိယ, ပဋိဝေဓ အရိယ, ဟူ၍လေးပါးအပြားရှိသည်။ ထိုတွင်။ လူမူလည်း ဖြစ်စေ၊ တိရစ္ဆာန်မူလည်းဖြစ်စေ၊ ကောင်းမြတ်သောအကျင့်အာစာရ၌တည်သောသူသည် အာစာရအရိယမည်၏။ ကြည်ညိုဖွယ်သောဣရိယာပုထ်ကိုဆောင်တတ်သောရှုချင်ဖွယ်သောအဆင်းသဏ္ဌာန်နှင့် ပြည့်စုံသောသူသည်ဒဿနအရိယမည်၏။ အဝတ်အရုံအသွင်အပြင်ကို ယူခြင်းဖြင့်ရဟန်းနှင့်တူသည်ဖြစ်၍ သွားလာလှည့်ပတ်သော ဒုဿီလပုဂ္ဂိုလ်သည်လည်း လိင်္ဂအရိယမည်၏။ ဘုရား, ပစ္စေကဗုဒ္ဓါ,သောတာပန်, စသောအရိယာပုဂ္ဂိုလ်တို့သည်ပဋိဝေဓအရိယမည်၏။ ထိုလေးပါးတွင်ဤ၌အာစာရအရိယကိုလိုအပ်၏)။ ။
တိလမုဋ္ဌိဇာတကံ ဒုတိယံ။၂၅၂။