နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊သဗ္ဗေသုကိရဘူတေသု,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤအာဒိစ္စုပဋ္ဌာနဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သောအံ့ဖွယ်သရဲကို ဖြစ်စေတတ်သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။
မျောက်သည်ခဲဘွယ်ဘောဇဉ်ကိုမြင်၍ ငါသည်အံ့ဖွယ်ပြုသည်၏အဖြစ်ကိုပြု၍လူတို့ကို နှစ်သက်စေ၍ ငါ့အားလည်းခဲဘွယ်ကို၎င်း၊ဘောဇဉ်ကို၎င်းပေးစေအံ့ဟုကြံ၏။ ကြံပြီး၍ထိုမျောက်သည်ရသေ့တို့၏အကျင့်ကိုကျင့်သကဲ့သို့ဖြစ်၍ ရသေ့တို့၏ မနီးမဝေးသောအရပ်၌ နေကိုရှိခိုးလျက်သာလျှင် ရပ်၏။ လူတို့သည် ထိုမျောက်ကိုမြင်၍ သီလရှိကုန်သောသူတို့၏အထံ၌နေခြင်းကြောင့်သီလရှိသည်ဖြစ်၏ဟုဆို၍။ ။
(၂၀၁)သဗ္ဗေသု ကိရ ဘူတေသု၊သန္တိ သီလ-သမာဟိတာ။
ပဿ သာခါမိဂံ ဓမ္မံ၊အာဒိစ္စ-မုပတိဋ္ဌတိ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ဤသို့မျောက်၏ကျေးဇူးကိုဆိုကုန်သောသူတို့ကို ဘုရားလောင်းမြင်၍ သင်တို့သည်လျှပ်ပေါ်သောမျောက်၏သီလအကျင့်ကိုမသိကုန်၍ အရာမဟုတ်သည်၌သာလျှင်ကြည်ညိုကုန်၏ဟုဆို၍။ ။
(၂၀၂)နာ-ဿ သီလံ ဝိဇာနာထ၊အနညာယ ပသံသထ။
အဂ္ဂိဟုတ္တဉ္စ ဥဟဒံ၊ဒွေစ ဘိန္နာ ကမဏ္ဍလူ။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
(၂၀၂)ဘောန္တော၊ အိုဒါယကာတို့။ တုမှေ၊ သင်တို့သည်။ အဿ၊ ထိုမျောက်ယုတ်မာ၏။ သီလံ၊ သီလကို။ နဝိဇာနာထ၊ မသိကုန်။ အနညာယ၊ မသိကုန်၍။ ပသံသထ၊ ချီးမွမ်းကုန်၏။ ဣမိနာပါပ-မက္ကဋေန၊ ဤမျောက်ယုတ်မာသည်။ အမှာကံ၊ ငါတို့၏။ အဂ္ဂိဟုတ္တဉ္စ၊ မီးတင်းကုပ်ကိုလည်း။ ဥဟဒံ၊ ကျင်ကြီးစွန့်အပ်၏။ ဒွေကမဏ္ဍလူ စ၊ ကရားနှစ်ခုတို့ကိုလည်း။ ဘိန္နာ၊ ခွဲအပ်ကုန်၏။ ။
**အာဒိစ္စုပဋ္ဌာနဇာတကံ ပဉ္စမံ။**၁၇၅။