နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဟံသာကောဉ္စာမယူရာစ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤကေလိသီလဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေမူစဉ်၊ အသျှင်လကုဏ္ဍကဘဒ္ဒိယ မထေရ်ကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။
မြတ်စွာဘုရားသည်၊ ဤလွန်လေပြီးသောအကြောင်းကိုဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍။ ။
(၂၅၅)ဟံသာ ကောဉ္စာ မယူရာစ၊ဟတ္ထယော ပသဒါ မိဂါ။
သဗ္ဗေ သီဟဿ ဘာယန္တိ၊နတ္ထိ ကာယသ္မိ တုလျတာ။
(၂၅၆)ဧဝမေဝ မနုဿေသု၊ဒဟရော စေပိ ပညဝါ။
သော ဟိ တတ္ထ မဟာ ဟောတိ၊နေဝ ဗာလော သရီရဝါ။
ဟူသောဤဂါထာတို့ကိုဆို၏။
(၂၅၅-၂၅၆)ဘိက္ခဝေ၊ ရဟန်းတို့။ ကာယသ္မိ၊ ကိုယ်၌။ တုလျတာ၊ နှိုင်းယှဉ်အပ်သည်၏အဖြစ်သည်။ ယသ္မာ၊ အကြင်ကြောင့်။ နတ္ထိ၊ မရှိ။ တသ္မာ၊ ထို့ကြောင့်။ ဟံသာစ၊ ဟင်္သာတို့သည်၎င်း။ ကောဉ္စာစ၊ ကြိုးကြာတို့သည်၎င်း။ မယူရာစ၊ ဥဒေါင်းတို့သည်၎င်း။ ဟတ္ထယောစ၊ ဆင်တို့သည်၎င်း။ ပသဒါစ၊ ချေတို့သည်၎င်း။ မဂါစ၊ ဆိုအပ်ပြီးသည်မှကြွင်းကုန်သောသားတို့သည်၎င်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့သည်။ သီဟဿ၊ ခြင်္သေ့မှ။ ဘာယန္တိ၊ ကြောက်ကုန်၏။ ဧဝမေဝ၊ ဤအတူသာလျှင်။ မနုဿေသု၊ လူတို့တွင်။ ယော၊ အကြင်သူသည်။ ဒဟရောပိ၊ ငယ်သော်လည်း။ ပညဝါ၊ ပညာရှိသည်။ စေဟောသိ၊ အကယ်၍ဖြစ်အံ့။ သောဟိ၊ ထိုသူသည်သာလျှင်။ တတ္ထ၊ ထိုလူတို့၌။ မဟာ၊ ကြီးသည်။ ဟောတိ၊ ဖြစ်၏။ ဗာလော၊ ပညာမရှိသောသူသည်။ သရီရဝါ၊ ကိုယ်ကြီးသော်လည်း။ မဟာနာမ၊ ကြီးသောမည်သည်။ နေ-ဝဟောတိ၊ မဖြစ်သလျှင်တည်း။ တသ္မာ၊ ထို့ကြောင့်။ တုမှေ၊ သင်တို့သည်။ လကုဏ္ဍကဘဒ္ဒိယော၊ လကုဏ္ဍကဘဒ္ဒိယသည်။ သရီရေန၊ ကိုယ်အားဖြင့်။ ခုဒ္ဒကောတိ၊ ငယ်သကားဟူ၍။ တံ၊ ထိုလကုဏ္ဍကဘဒ္ဒိယကို။ ဉာဏေနပိ၊ ဉာဏ်အားဖြင့်လည်း။ ခုဒ္ဒကောတိ၊ ငယ်၏ဟူ၍။ မာမညိတ္ထ၊ မမှတ်ကြလင့်ကုန်။
ကေလိသီလဇာတကံဒုတိယံ။၂၀၂။