Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

270. Ulūkajātakaṃ (3-2-10)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သဗ္ဗေဟိကိရဉာတီဟိ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဥလူကဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်း သုံးနေတော်မူစဉ်၊ ကျီးခင်ပုပ်တို့၏ရန်ဖြစ်ခြင်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။

ထိုအခါ ခင်ပုပ်ကို မင်းမြှောက်လိုရကား တစ်ခုသောငှက်သည် ခပ်သိမ်းသောငှက်တို့၏ အလိုကို ယူအံ့သောငှာ သုံးကြိမ်ကြားစေ၏။ ထိုငှက်၏နှစ်ကြိမ်ကြားခြင်းတို့ကိုသည်းခံ၍သုံးကြိမ်ကြားသောအခါ၌၊ တစ်ခုသောကျီးသည်ထ၍အမျက်မထွက်သေးသော ဤခင်ပုပ်၏ ရာဇဘိသေကကိုပြုသောကာလ၌ပင် ဤသို့သဘောရှိသော မျက်နှာကို ကြည့်ပါလော့၊ အမျက်ထွက်သောခင်ပုပ်မျက်နှာသည်အသို့ သဘောရှိသည်ဖြစ်လတ္တံ့နည်း၊ ဤခင်ပုပ်သည် အမျက်ထွက်၍ ကြည့်အပ်သည်ရှိသော် ငါတို့သည်ပူစွာသောအိုးခင်း၌ထည့်အပ်သော ဆားကဲ့သို့ ထိုကြည့်ရာအရပ်၌လျှင် ပျက်စီးကုန်အံ့၊ ဤခင်ပုပ်ကိုမင်းပြုစိမ့်သောငှာ မနှစ်သက်ဟူသောအနက်ကိုပြအံ့သောငှာ။ ။

(၄၁၅)သဗ္ဗေဟိ ကိရ ဉာတီဟိ၊ကောသိယော ဣဿရော ကတော။

သစေ ဉာတီဟိ အနုညာတော၊ဘဏေယျာ-ဟံ ဧက-ဝါစိကံ။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၄၁၅)ယာဧသာသာဝနာ၊ အကြင်ခင်ပုပ်ကိုမင်းပြုကုန်အံ့ဟုသုံးကြိမ်ကြားခြင်းသည်။ ဝတ္တတိ၊ ဖြစ်၏။ တံသာဝနံ၊ ထိုသုံးကြိမ်ကြားသော အသံကို။ သုတွာ၊ ကြားသိ၍။ အဟံ၊ ငါသည်။ ဝဒါမိ၊ ဆိုချင်၏။ သဗ္ဗေဟိ၊ ကုန်အောင်စုံသော။ ဣမေဟိဉာတီဟိ၊ ဤအညီအညွတ်စည်းဝေးသော အဆွေအမျိုးတို့သည်။ အယံကောသိယော၊ ဤမျက်နှာလူရုပ်၊ ခင်ပုပ်ငှက်ငယ်ကို။ ဣဿရော၊ အစိုးရသောမင်းကို။ ကတောကိရ၊ ပြုအပ်သတတ်။ ဉာတီဟိ၊ အဆွေအမျိုးတို့သည်။ အဟံ၊ ငါ့ကို၊ ငါသည်။ အနုညာတော၊ အနူးအညွတ်ခွင့်လွှတ်အပ်သည်။ သစေဘဝေယျံ၊ အကယ်၍ဖြစ်ပါငြားအံ့။ အဟံ၊ ငါသည်။ ဧတ္ထ၊ ဤသို့ခင်ပုပ်ကိုမင်းပြုရာ၌။ ဝတ္တဗ္ဗံ၊ ဆိုဖွယ်ဖြစ်သော။ ဧကဝါစိကံ၊ တစ်ခွန်းသောစကားကို။ ဘဏေယျံ၊ ဆိုပါအံ့။ ။

ထိုအခါထိုကျီးကိုထိုငှက်တို့သည်ခွင့်ပြုလိုရကား။ ။

(၄၁၆)ဘဏ သမ္မ အနုညာတော၊အတ္ထံ ဓမ္မဉ္စ ကေဝလံ။

သန္တိ ဟိ ဒဟရာ ပက္ခီ၊ပညဝန္တော ဇုတိန္ဓရာ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၄၁၆)သမ္မဝါယသ၊ အဆွေကျီး။ တွံ၊ သင့်ကို။ အမှေဟိသဗ္ဗေဟိ၊ ကုန်အောင်စုံသော ငါတို့သည်။ အနုညာတော၊ အနူးအညွတ်ခွင့်လွှတ်အပ်၏။ ယံ၊ အကြင်စကားကို။ တေ၊ သင်သည်။ ဘဏိတဗ္ဗံ၊ ဆိုသင့်၏။ တံ၊ ထိုဆိုသင့် ဆိုဖွယ်စကားကို။ ဘဏ၊ လွတ်လွတ်ဆိုကာမူ။ ကေဝလံ၊ သက်သက်မူကား။ ဓမ္မဉ္စ၊ အကြောင်းကို၎င်း။ အတ္ထဉ္စ၊ စဉ်ဆက်ပဝေဏီလာသောအနက်ကို၎င်း။ အမုဉ္စိတွာ၊ မလွှတ်မူ၍။ ဘဏ၊ ဆိုလော့။ ဟိသစ္စံ၊ မှန်၏။ ဒဟရာ၊ ကိုယ်ကောင်ပင်ငယ်ကုန်သော်လည်း။ ပညဝန္တော၊ အရေးအရာမြော်မြင်သော ပညာနှင့်ပြည့်စုံကုန်သော။ ဇုတိန္ဓရာ၊ ဝင်းဝင်းတောက်သောပညာအရောင်ကိုဆောင်နိုင်ကုန်သော။ ပက္ခီ၊ ငှက်တို့သည်။ သန္တိ၊ ရှိပေကုန်သည်ပင်။ ။

ထိုကျီးသည်ဤသို့ငှက်အများခွင့်ပြုအပ်သည်ရှိသော်။ ။

(၄၁၇)န မေ ရုစ္စတိ ဘဒ္ဒ-န္တေ၊ဥလူကဿာ-ဘိသေစနံ။

အက္ကုဒ္ဓဿ မုခံ ပဿ၊ကထံ ကုဒ္ဓေါ ကရိဿတိ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၄၁၇)ဉာတယော၊ အဆွေအမျိုးအပေါင်းတို့။ ဝေါတုမှာကံ၊ အသျှင်တို့အား။ ဘဒ္ဒံ၊ ကောင်းမြတ်သောမင်္ဂလာသည်။ ဟောတု၊ ဖြစ်စေချင်၏။ တိက္ခတ္တုံ၊ သုံးကြိမ်။ သာဝနဝါစာယ၊ ကြားစေသောစကားဖြင့်။ ဥလူကဿ၊ မျက်နှာလူရုပ်၊ ငှက်ခင်ပုပ်အား။ ယံဧတံအဘိသေစနံ၊ အကြင်အဘိသိက်သွန်းခြင်းကို။ ကရိယတိ၊ ပြုအပ်၏။ ဧတံ၊ ဤခင်ပုပ်ငှက်အား အဘိသိက်သွန်းခြင်းသည်။ မေ၊ ငါ့အား။ နရုစ္စတိ၊ နှစ်သက်ခြင်းကိုမဖြစ်စေ။ ဟိသစ္စံ၊ မှန်၏။ ဣဒါနိ၊ ယခုအခါ၌။ တုဋ္ဌ-စိတ္တဿ၊ မင်းဖြစ်ပေတော့မည်ဟုနှစ်သက်သောစိတ်ရှိသော။ အ-က္ကုဒ္ဓဿ၊ အမျက်မထွက်သော။ ဧတဿ၊ ဤခင်ပုပ်၏။ မုခံ၊ မျက်နှာထားကို။ ပဿပဿထ၊ ရှုကုန်လဿေး။ ကုဒ္ဓေါပန၊ အမျက်ထွက်သော်ကား။ အယံ၊ ဤခင်ပုပ်သည်။ မုခံ၊ မျက်နှာကို။ ကထံကရိဿတိ၊ အဘယ်သို့ထားလတ္တံ့နည်း။ ဣတိ၊ ဤသို့။ အဟံ၊ ငါသည်။ နဇာနာမိ၊ မသိနိုင်။ ။

ထိုကျီးသည် ဤသို့သောစကားကိုဆို၍ငါမနှစ်သက်ဟုမြည်လျက် ကောင်းကင်သို့ပျံတက်၏။ ခင်ပုပ်သည်လည်း ထ၍ ငါ့စည်းစိမ်ကိုဖျက်သောကျီးကို ဖျက်ဆီးအံ့ဟုလိုက်လေ၏။ ထိုအခါမှစ၍ အချင်းချင်းရန်ငြိုးဖွဲ့ကြကုန်၏။ ငှက်အပေါင်းတို့သည်ဘုရားလောင်းရွှေဟင်္သာကိုမင်းပြု၍ဖဲကြကုန်၏။ ။

(သဗ္ဗေဟိကိရဉာတီဟိ,ဟူသောပါဌ်၌ မျက်မြင် ပစ္စက္ခစည်းဝေးကြသော ဆွေမျိုးတို့ကိုရည်၍ ဆိုသောကြောင့် ပစ္စန္တသမီပဖြစ်ရကား ဣမေဟိပင်တိုက်ရိုက် မရှိသော်လည်း ဂမျမာန်ဖြစ်၍ ထည့်ရသည်။ သမာဂတေဟိလည်း၎င်း ဂမျမာန်။ ကောသိယော၌လည်း အယံကား ဂမျမာန်။ ဤနည်းနှင်နှင်တိုက်ရိုက်ပင်မဆိုသော်လည်း ဂမျမာန် ဖြစ်သင့်သောအရာကို ပညာရှိတို့ရှာ၍ပြုစကောင်းသည်။ သမုဒ္ဒရာရေ တစ်စက်ကိုလက်ညှိုးဖြင့်မြည်းက သမုဒ္ဒရာကုန်အောင်အရသာကို သိရသကဲ့သို့တည်း)။ ။

ဥလူကဇာတကံ ဒသမံ။၂၇၀။ ပဒုမဝဂ္ဂေါ ဒုတိယော။ ။ တဿု-ဒ္ဒါနံ။ ။

ပဒုမံ,မုဒုပါဏိစ,၊ပလောဘနံ,ပနာဒကံ,။

ခုရ ရပ္ပံ,သိန္ဓဝဉ္စေဝ,၊ကက္ကဋာ,ရာမဒူသကံ,။

ဇာတံ ဥလူကဒသမံ။ ။