Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

199. Gahapatijātakaṃ (2-5-9)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဥဘယံမေနခမတိ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဂဟပတိဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ လူ၏အဖြစ်ကို လည်တမော်မော် မျှော်ခြင်းရှိသော ရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ဘုရားလောင်းသည်၊ အိမ်သို့ဝင်၍ ထိုနှစ်ယေါက်ကုန်သော သူတို့၏အမူအရာကိုမြင်၍၊ ဤအမူသည်ဤမိန်းမယုတ်သည် ပြုအပ်သောဥပါယ်တမည်ဖြစ်လတ္တံ့ဟုသိလျှင်၊ ရွာသူကြီးကိုခေါ်၍၊ အိုရွာသူကြီး။ငါတို့သည် သင်၏နွားအိုအသားကို စားကုန်သည်ရှိသော် ဤလမှနှစ်လဖြင့်စပါးကို ပေးကုန်အံ့,ဟုဆို၍စားကြကုန်၏။ သင်သည်လခွဲကိုလည်း မလွန်စေမူ၍ယခုပင်လျှင် အဘယ့်ကြောင့်တောင်းရဘိသနည်း။ သင်သည်ဤအမဲအို၊ ထိုတောင်းလိုခြင်းဟူသော အကြောင်းကြောင့်မလာ။ တစ်ပါးသော အကြောင်းကြောင့်လာသည်ဖြစ်လတ္တံ့။ငါသည် သင်၏အမူအရာကို မနှစ်သက်။ ဤယုတ်မာသောအကျင့်ကိုကျင့်သော ယုတ်မာသောသဘောရှိသောမိန်းမညစ်သည်လည်း ကျီ၌ စပါးမရှိသည်ကိုသိ၏။ ထိုမိန်းမညစ်သည် ကျီသို့တက်၍ စပါးသည်မရှိဟုဆို၏။ သင်သည်လည်းပေးလော့ဟု,ဆို၏။ နှစ်ယောက်ကုန်သောသင်တို့၏ အမူအရာကိုငါသည်မနှစ်သက် ဟုထိုအနက်ကိုပြလိုသည်ဖြစ်၍။ ။

(၂၄၉)ဥဘယံ မေ န ခမတိ၊ဥဘယံ မေ န ရုစ္စတိ။

ယာစာ-ယံ ကောဋ္ဌ-မောတိဏ္ဏာ၊နာ-ဒ္ဒသံ ဣတိ ဘာသတိ။

(၂၅၀)တံ တံ ဂါမပတိ ဗြူမိ၊ကဒရေ အပ္ပသ္မိ ဇီဝိတေ။

ဒွေ မာသေ သင်္ဂရံ ကတွာ၊မံသံ ဇရဂ္ဂဝံ ကိသံ။

အ-ပ္ပတ္တ-ကာလေ စောဒေသိ၊တံ ပိ မယှံ န ရုစ္စတိ။

ဟူသောဤဂါထာတို့ကိုဆို၏။ ။

(၂၄၉-၂၅၀)ဂါမပတိ၊ ရွာသူကြီး။ ယေနကာရဏေန၊ အကြင်အကြောင်းကြောင့်။ တုမှာကံ၊ သင်တို့၏။ ကြိယံ၊ အမူအရာသည်။ မေ၊ ငါ့အား။ နရုစ္စတိရုစိံ နဥပ္ပါဒေတိ၊ နှစ်သက်ခြင်းကိုမဖြစ်စေ။ တံတေနကာရဏေန၊ ထိုအကြောင်းကြောင့်။ တံ၊ သင့်ကို။ အဟံ၊ သည်။ ဗြူမိ၊ ဆိုအံ့။ အမှာကံ၊ ငါတို့၏။ ဇီဝိတေ၊ အသက်သည်။ ကဒရေကသိရေ၊ ဆင်းရဲငြိုငြင်ပင်ပန်းသည်ရှိသော်။ အပ္ပသ္မိံ၊ နည်းသည်ရှိသော်။ မံသံ၊ နွားသားကို။ ဂဏှန္တာနံ၊ ဝယ်ကုန်သော။ အမှာကံ၊ ငါတို့အား။ ကိသံ၊ ကြုံသော။ ဇရဂ္ဂဝံ၊ နွားအိုကို။ ဒဒမာနော၊ ပေးသော။ တွံ၊ သင်သည်။ ဒွီဟိမာသေဟိ၊ နှစ်လတို့ဖြင့်။ မူလံ၊ အတိုးကို။ ဒါတဗ္ဗံ၊ ပေးအပ်၏။ ဣတိဧဝံ၊ ဤသို့။ ဒွေမာသေ၊ နှစ်လတို့ကို။ သင်္ကရံ၊ ပိုင်းခြားခြင်းကို။ ဂါ၊ ချိန်းချက်ဆုံးဖြတ်ခြင်းကို။ ကတွာ၊ ပြု၍။ အ-ပ္ပတ္တကာလေ၊ ပိုင်းခြားသောကာလမရောက်မီလျှင်။ စောဒေသိ၊ အမဲဖိုးကိုတောင်းလာ၏။ တံပိ၊ ထိုအမူအရာသည်လည်း။ မယှံ၊ ငါ့အား။ နရုစ္စတိ၊ နှစ်သက်ခြင်းကို မဖြစ်စေ။ ယာစာယံယာစအယံ၊ အကြင်မိန်းမညစ်သည်လည်း။ အန္တောကောဋ္ဌေ၊ ကျီအတွင်း၌။ ဝီဟီနံ၊ စပါးတို့၏။ နတ္ထိ-ဘာဝံ၊ မရှိသည်၏အဖြစ်ကို။ ဇာနမာနာဝ၊ သိလျက်ပင်လျှင်။ အဇာနန္တိဝိယ၊ မသိယောင်ကဲ့သို့။ ဟုတွာ၊ ဖြစ်၍။ (ထည့်)။ ကောဋ္ဌံ၊ ကျီသို့။ ဩတိဏ္ဏာ၊ သက်၍။ ကောဋ္ဌ-ဒွါရေ၊ ကျီတံခါး၌။ ဌတွာ၊ ရပ်၍။ ဝီဟိံ၊ စပါးကို။ နာဒ္ဒသံ နအဒ္ဒသံ၊ မမြင်ပြီ။ ဣတိ၊ ဤသို့။ ဘာသတိ၊ ဆို၏။ တွဉ္စ၊ သင်သည်လည်း။ အကာလေ၊ လ,ရက်,ချိန်းချက်သော အခါမဟုတ်သည်၌။ ယံစောဒေသိ၊ အကြင်တောင်များ၏။ ဧတံဥဘယံ၊ ထိုသင်တို့နှစ်ယောက်အမူအရာနှစ်ပါးသည်။ မေ၊ ငါအား။ နခမတိ၊ အသည်းကိုဆွဲသကဲ့သို့ သည်းခံခြင်းကို မဖြစ်စေ။ တံဥဘယံ၊ ထိုသင်တို့နှစ်ယောက်အမူအရာနှစ်ပါးသည်။ မေ၊ ငါအား။ နရုစ္စတိ၊ နှစ်သက်ခြင်းကိုမဖြစ်စေ။

ထိုဘုရားလောင်းသည် ဤသို့ဆိုလျက်ရွာသူကြီးကို ဥသျှောင်၌ ကိုင်ပြီးလျှင်ငင်၍ ဤအလယ်၌သတ်ပုတ်၍ ငါရွာသူကြီးကိုကားဟူ၍ သူတစ်ပါး၏ စောင့်ရှောက်ထိန်းသိမ်းအပ်သော ဥစ္စာ၌ပြစ်မှားကောင်း သလော။ ဤသို့အစရှိသောစကားတို့ဖြင့် ဆဲရေးသတ်ပုတ်၍အားနည်းသည်ကိုပြုပြီးလျှင် လည်၌ကိုင်၍ အိမ်မှထုတ်လိုက်၍၊ ထိုမိန်းမကိုလည်း ဆံ၌ဆွဲ၍ ကျီမှချပြီးလျှင် သတ်ပုတ်၍ တဖန်ဤသို့သဘောရှိသောအမှုကိုအကယ်၍ပြုပြန်အံ့၊ သိရလတ္တံ့၊ဟုခြိမ်းခြောက်၏။ ထိုအခါမှစ၍ ရွာသူကြီးသည် ထိုအိမ်ကို ကြည့်အံ့သောငှါလည်းမဝံ့လေ။ ထိုမိန်းမသည်လည်း တဖန်စိတ်ဖြင့်မျှလည်း လွန်ကျူး၍ ကျင့်ခြင်းငှါ မဝံ့လေ။ (ယဿဒါတုကာမော ရောစဘေဓာရယတေဝါ ထံသမ္ပဒါနံ၊ ဟုကစ္စည်း စာတော်ရှိရကား။ နခမတိနရုစ္စတိ ကြိယာ နှစ်ပါးသည် သမ္ပဒါန်ကို ငဲ့သည်ဖြစ်၍၊ မေကိုကတ္တားပေးလို့ မလျော်၊ သည်သာမဟုတ်သေး။ တိဝိဘတ်သည် ကတ္တားဟောဖြစ်ရကား၊ အဝုတ္တကတ္တားမသင့်။ နဒ္ဒသံ နအဒ္ဒသံဖြတ်။ သသံယုဂ်မရှိမူ၍။ ဒ္ဒသာသံယုဂ် ရှိစေရာသည်။ တံသုခံဒရဏံ ဝိဒါရဏံ ကဒရံ,ပြု၍၊ ဒုက္ခရရကား။ ။ ကဒရဉ္စေဝလဒ္ဓါလူခံကသိရံဖွင့်သည်။ ။ လူခန္တိဒုက္ခံ, ဋီကာဆင့်သည်။ ။ သင်္ကရံပရိစ္ဆေဒံ၊ (အဋ္ဌကထာ)။ ။ သင်္ကရန္တိနိစ္ဆယံ,ဟုဋီကာလှောက်ပြန်သည်။ ဇရောစ သောဂေါစာတိ ဇရဂ္ဂဝေါ,ပြု၍။ ။ ကွစိသမာသန္တဂတာန မကာရန္တော, ဟူသောသုတ်ဖြင့် ယမာသ်ပုဒ်အဆုံး၌အ,လာ။ ဩကိုအဝ, ပြု၍ဇရဂ္ဂဝေါ,ပြီးသည်။ ။ အညောဟိ သဒ္ဒက္ကမော၊ အညောအတ္ထက္ကမော,ဟူရကား။ ဤဇာတ်၌ သဒ္ဒက္ကမ အတ္ထက္ကမ ကမောက္ကမရှိသည်)။ ။

ဂဟပတိ ဇာတကံနဝမံ။၁၉၉။