နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊နနံဥမှယတေဒိသွာ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမိတ္တာမိတ္တဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသောရဟန်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။
ရသေ့အပေါင်းတို့သည် ဘုရားလောင်းကို ခြံရံကုန်၍၊ အသျှင်၊ အဘယ်သို့သောအကြောင်းကြောင့်လျှင် အဆွေခင်ပွန်း၏အဖြစ်ကို၎င်း၊ ရန်သူ၏အဖြစ်ကို၎င်း သိအံ့သောငှါ တတ်ကောင်းအံ့နည်းဟုမေးကုန်၏။ ထိုရသေ့တို့အားဘုရားလောင်းသည်၊ ဤသို့သောအကြောင်းကြောင့် အဆွေခင်ပွန်း၏အဖြစ်ကို၎င်း၊ ရန်သူ၏အဖြစ်ကို၎င်း သိအံ့သောငှါ တတ်ကောင်း၏ဟုကြားလိုရကား။ ။
(၂၄၅)န နံ ဥမှယတေ ဒိသွာ၊န စ နံ ပဋိနန္ဒတိ။
စက္ခူနိ-ဿ န ဒဒါတိ၊ပဋိလောမဉ္စ ဝတ္တတိ။
(၂၄၆)ဧတေ ဘဝန္တိ အာကာရာ၊အမိတ္တသ္မိံ ပတိဋ္ဌိတာ။
ယေဟိ အမိတ္တံ ဇာနေယျ၊ဒိသွာ သုတွာ စ ပဏ္ဍိတော။
ဟူသောဤနှစ်ဂါထာကိုဆို၏။ ။
(၂၄၅-၂၄၆)ဘောတာပသာ၊ အိုရသေ့တို့။ ယော၊ အကြင်သသူသည်။ ယဿ၊ အကြင်သသူ၏။ အမိတ္တော၊ ရန်သူသည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုရန်သူဖြစ်သောသူသည်။ နံ၊ ထိုရန်ဖက်ဖြစ်သသူကို။ ဒိသွာ၊ မြင်၍။ နဥမှယတေ၊ မပြုံးမရွှင်။ အဿ၊ ထိုရန်ဖက်ဖြစ်သသူ၏။ ဝစနံ၊ စကားကို။ သုတွာစ၊ ကြား၍လည်း။ နံ၊ ထိုရန်ဖက်ဖြစ်သသူကို။ နပဋိနန္ဒတိ၊ မနှစ်သက်။ အဿ၊ ထိုရန်ဖက်ဖြစ်သသူအား။ စက္ခူနိ၊ ဆိုင်၍ကြည့်သောမျက်စိတို့ကို။ နဒဒါတိ၊ မပေး။ အဿ၊ ထိုရန်ဘက်ဖြစ်သသူ၏။ ပဋိလောမဉ္စ၊ ဆန့်ကျင်ဘက်ကိုလည်း။ ဝတ္တတိ၊ ကျင့်၏။
ယေဟိ၊ အကြင်မပြုံးမရွှင်ခြင်း အစရှိသောအကြောင်းတို့ကြောင့်။ ပဏ္ဍိတော၊ ပညာရှိသည်။ တာနိ၊ ထိုမပြုံးမရွှင်ခြင်း အစရှိသောအကြောင်းတို့ကို။ ဒိသွာ၊ မြင်၍၎င်း။ သုတွာစ၊ ကြား၍၎င်း။ အယံ၊ အသူသည်။ မေ၊ ငါ၏။ အမိတ္တော၊ ရန်သူတည်း။ ဣတိ၊ ဤသို့။ အမိတ္တံ၊ ရန်သူကို။ ဇာနေယျ၊ သိရာ၏။ ဧတေအာကာရာ၊ မြင်၍မပြုံးမရွှင်ခြင်းအစရှိသောအကြောင်းတို့သည်။ အမိတ္တသ္မိံ၊ ရန်သူ၌။ ပတိဋ္ဌာ၊ တည်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ (မှိဤသံဟသနေ။ မှယတေ၊ဥမှယတေ၊ဝိမှယတေ။ နနံဥမှယတေဒိသွာ။ (သဒ္ဒနီတိ)။ မှိ၊ မှိဓာတ်သည်။ ဤသံဟသနေ၊ ပြင်းစွာမရယ်ဇဉ်းငယ်ပြုံးရွှင်ခြင်း၌၊ပေး။ ဇဂ္ဃ, ဓာတ်ကဲ့သို့ပြင်းစွာရယ်ခြင်းကိုမဟောဟူလို)။ ။
မိတ္တာမိတ္တဇာတကံသတ္တမံ။၁၉၇။