(၁၄၁) နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ပါပဇနသံသေဝီ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဂေါဓဇာတ်ကို၊ဝေဠုဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သော ဆန့်ကျင်ဘက်ဖြစ်သောအဆွေခင်ပွန်းကိုပေါင်းသောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။
ဘော၊ အချင်းတို့။ ပါပဇနသံသေဝီ၊ ယုတ်မာသောအဆွေခင်ပွန်းနှင့်ပေါင်းဖက်သသူသည်။ အစ္စန္တ-သုခံ၊ စင်စစ်မပြတ်ဖြစ်သောချမ်းသာကို။ နဧဓတိ၊ မရ။ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ဂေါဓက္ကုလံ၊ ဖွတ်မျိုးသည်။ ကကဏ္ဋကာ၊ အဆွေခင်ပွန်းယုတ်ပုတ်သင်မှ။ သုခံ၊ ချမ်းသာကို။ နဧဓတိဣဝ၊ မရ၏သို့တည်း။ ပါပ-ဇန-သံသေဝီ၊ ယုတ်မာသောအဆွေခင်ပွန်းနှင့် ပေါင်းဖက်သသူသည်။ အတ္တာနဉ္စ၊ မိမိကိုယ်ကို၎င်း။ အညေစ၊ မိမိမှတစ်ပါးအတူတကွနေသမျှသောသူတို့ကို၎င်း။ ကလိံဝိနာသံ၊ ပျက်စီးခြင်းသို့။ ပါပေတိ၊ ရောက်စေတတ်၏။ (ဤဂါထာ၌ဣဝ,နှင့်စ,ဂမျမာန်)။ ။
ဂေါဓဇာတကံ ပဌမံ။၁၄၁။