Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

245. Mūlapariyāyajātakaṃ (2-10-5)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကာလောဃသတိဘူတာနိ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမူလပရိယာယဇာတ်ကို၊ ဥက္ကဋ္ဌတိုင်းကိုအမှီပြု၍မွေ့လျော်ခြင်းကို ဖြစ်စေတတ်သော တော၌ သီတင်းသုံးနေတော်မူစဉ်၊ ဟောတော်မူအပ်သော မူလပရိယာယသုတ္တန်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။

လွန်‌လေပြီးသောအခါ၊ ဗာရာဏသီပြည်၌ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော်၊ ဘုရားလောင်းသည်ပုဏ္ဏားအမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော်၊ ဗေဒင်တို့၏ကမ်းတဖက်သို့ရောက်သောဒိသာပါမောက္ခဆရာဖြစ်၍ လုလင်ငါးရာတို့ကိုဗေဒင်သင်၏။ ထိုငါးရာကုန်သော လူတို့သည်အပြီးသို့ ရောက်သောအတတ်ရှိကုန်သည်ဖြစ်၍ အတတ်၌မေးစိစစ်၍၊ အကြင်မျှလောက်သောအတတ်ကိုငါတို့တတ်ကုန်၏။ ဆရာသည်လည်း ထိုမျှလောက်သော အတတ်ကိုသာလျှင်တတ်၏။ အထူးမရှိပြီဟု မာန်ဖြင့်ခိုင်မာကုန်သည်ဖြစ်၍ ဆရာ့အထံသို့မသွားကုန်။ ဝတ်ကြီးဝတ်ငယ်ကိုမပြုကုန်။ ထိုငါးရာကုန်သောလုလင်တို့သည် တစ်နေ့သ၌ ဆရာသည် ဆီးပင်ရင်း၌နေသည်ရှိသော်၊ ဆရာကိုကဲ့ရဲ့လိုကုန်သည်ဖြစ်၍ ဆီးပင်ကိုလက်သည်းဖြင့် ခေါက်ကုန်၍ ဤသစ်ပင်သည်အနှစ်မရှိကုန်သလျှင် ကတည်းဟုဆိုကုန်၏။ ဘုရားလောင်းသည်မိမိအားကဲ့ရဲ့သည့်အဖြစ်ကိုသိ၍၊ တပည့်တို့၊ သင်တို့အား ငါသည်တစ်ခုသောပြဿနာကို မေးအံ့ဟုဆို၏။ တပည့်တို့သည်နှစ်သက် ရွှင်လန်းကုန်၍မေးကုန်လော့၊ ဖြေကုန်အံ့ဟုဆိုကြကုန်၏။ ဆရာသည်ပြဿနာကိုမေးလိုသည်ဖြစ်၍။ ။

(၃၄၆)ကာလော ဃသတိ ဘူတာနိ၊သဗ္ဗာနေ-ဝ သဟ-တ္တနာ။

ယော စ ကာလ-ဃသော ဘူတော၊သ ဘူတ-ပစနိံ ပစိ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၃၄၆)အန္တေဝါသိကာ၊ တပည့်တို့။ ကာလော၊ ပူရေဘတ္တကာလ, ပစ္ဆာဘတ္တကာလစသောကာလသည်။ အတ္တနာ၊ မိမိနှင့်။ သဟ၊ တကွ။ သဗ္ဗာနေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော။ ဘူတာနိ၊ သတ္တဝါတို့ကို။ ဃသတိ၊ စား၏။ ယောစဘူတော၊ အကြင်သတ္တဝါသည်ကား။ ကာလဃသော၊ ကာလကိုစား၏။ သသောဘူတော၊ ထိုသတ္တဝါသည်။ ဘူတ-ပစနိံ၊ သတ္တဝါတို့ကို အပါယ်၌ကျက်စေတတ်သော တဏှာရာဂ ဟူသောမီးကို။ ပစိ၊ ဉာဏ်တည်းဟူသော မီးဖြင့် ဖုတ်မြိုက်လောင်စေ၏။ ကော၊ အဘယ်သတ္တဝါနည်း။ ။

ဤပြဿနာကိုကြား၍လုလင်တို့တွင်တစ်ယောက်မျှလည်းသိအံ့သောငှါစွမ်းနိုင်သောသူမည်သည်မရှိ။ ထိုအခါ ထိုလုလင်တို့ကို ဘုရားလောင်းသည်၊ လုလင်တို့၊ သင်တို့သည် ဗေဒင်သုံးပုံတို့၌ရှိ၏ဟူသောအမှတ်ကိုမပြုကြကုန်လင့်။ သင်တို့သည်အကြင်အတတ်ကိုဆရာသည်သိ၏။ ထိုအလုံးစုံကိုငါတို့သိကုန်၏ဟူ၍ အောက်မေ့ကုန်သည်ဖြစ်၍ ငါ့ကိုဆီးပင်နှင့်တူသည်ကိုပြုကြကုန်၏။ သင်တို့ထက်တစ်ယောက်သောငါ၏များသော အနက်ကိုသိသည်၏အဖြစ်ကိုသိရကုန်အံ့၊ သွားကြလေကုန်။ ခုနစ်ရက်မြောက်သောကာလတိုင်အောင် နေ့ကိုပေး၏။ ဤမျှသောကာလဖြင့် ဤပြဿနာကိုကြံလေကုန်ဟု ဆိုသည်ရှိသော်၊ ထိုလုလင်တို့သည် ဘုရားလောင်းကိုရှိခိုးကုန်၍ မိမိတို့၏နေရာအရပ်သို့သွားကုန်၍ ခုနှစ်ရက်ပတ်လုံးကြံကုန်သော်လည်း ပြဿနာ၏ အဆုံးအစကို မမြင်ကုန်သလျှင်ကတည်း။ ခုနှစ်ရက်မြောက်သောနေ့၌ ဆရာ့အထံသို့သွားကုန်၍ ရှိခိုးကုန်လျက်နေကုန်၍၊ ကောင်းသောမျက်နှာရှိကုန်သောလုလင်တို့၊ ပြဿနာကိုမြင်ကြကုန်၏လောဟုမေးသည်ရှိသော်၊ မသိမမြင်နိုင်ကုန်ဟုဆိုကြကုန်၏။ ထိုအခါဘုရားလောင်းသည်ထိုလုလင်တို့ကိုကဲ့ရဲ့လိုသည်ဖြစ်၍။ ။

(၃၄၇)ဗဟူနိ နရ-သီသာနိ၊လောမသာနိ ဗြဟာနိ စ။

ဂီဝါသု ပဋိမုက္ကာနိ၊ကောစိဒေဝေတ္ထ ကဏ္ဏဝါတိ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၃၄၇)ဗဟူနိ၊ များစွာကုန်သော။ နရသီသာနိ၊ လူတို့၏ဦးခေါင်းတို့သည်။ ဒိဿန္တိ၊ ထင်ကုန်၏။ သဗ္ဗာနိစ၊ အလုံးစုံလည်းဖြစ်ကုန်သော။ တာနိ၊ ထိုလုလင်တို့၏ဦးခေါင်းတို့သည်။ လောမသာနိ၊ အမွေးကိုယ်စီရှိကြကုန်၏။ ဗြဟာနိစ၊ ကြီးလည်းကြီးကုန်၏။ ဂီဝါသု၊ လည်တို့၌။ ပဋိမုက္ကာနိ၊ စွပ်အပ်ကုန်၏။ တာလဖလံဝိယ၊ ထန်းသီးကဲ့သို့။ ဟတ္ထေန၊ လက်ဖြင့်။ နဂဟိတာနိ၊ မကိုင်မယူအပ်ကုန်။ တေသံ၊ ထိုလူဦးခေါင်းတို့၏။ ဣမေဟိဓမ္မေဟိ၊ ဤအမွေးရှိကြချင်းစသော သဘောတို့ဖြင့်။ နာနာကရဏံ၊ အထူးသည်။ နတ္ထိ၊ မရှိ။ ပန၊ ထူးသည်ကိုဆိုအံ့။ ဧတ္ထ၊ ဤဦးခေါင်းအများတို့တွင်။ ကောစိဒေဝ၊ တစ်စုံတစ်ခုသောဦးခေါင်းသည်သာလျှင်။ ကဏ္ဏဝါ၊ သိတတ်သောပညာနားရှိ၏။ ။

(ကဏ္ဏဝါဖြင့်ပညာနားကိုရည်၍ဆိုသတည်း။ ပကတိနားပေါက်မူကား တစ်စုံတစ်ယောက်သော သူအားမရှိသောသူ မည်သည်မဖြစ်။ ဤသို့လျှင် ထိုလုလင်တို့ကို သင်တို့အား ပကတိနားပေါက်သာလျှင်ရှိ၏။ ပညာနားကားမရှိဟု ပြဿနာကိုဖြေလိုသတည်း။ ‌။ ကာလောဃသတိဘူတာနိ, စသောဂါထာဝယ် ဆရာ့အဓိပ္ပါယ်ကား။ ပုရေဘတ္တ ပစ္ဆာဘတ္တ, စသောကာလကိုကာလဟူလိုသည်။ ထိုကာလသည်သတ္တဝါ တို့ကိုစား၏ဟူလိုသည်။ သတ္တဝါတို့၏အရေအသားစသည်တို့ကိုနှုတ်၍စားသည်မဟုတ်။ အဟုတ်သော်ကား ထိုသတ္တဝါတို့၏အသက်အဆင်း ခွန်အားတို့ကို ကုန်စေလျက် အရွယ်၏ ကောင်းခြင်းကို နပ်းနှိပ်လျက် အနာ၏ကင်းခြင်းကိုဖျက်ဆီးလျက် သွားတတ်သောကြောင့် သတ္တဝါ တို့ကိုစား၏ဟုဆိုလိုသတည်း။ ထိုသို့စားသော်လည်း၊ မျက်နှာကြီးငယ် မရွယ်မထောက်တစ်စုံတစ်ယောက် သတ္တဝါကိုမျှမကြဉ်မရှောင် ကုန်အောင်စုံကိုစားတတ်သောကြောင့် သဗ္ဗာနေဝ,ဟုဆိုပြန်သတည်း။ သတ္တဝါတို့ကို သာသက်သက်စားသည်မဟုတ်၊ မိမိကိုလည်းစားသောကြောင့် သဟတ္တနာဆိုပြန်သတည်း။ အသို့မိမိကိုစားသနည်းဟူမူ။ ပုရေဘတ္တကာလသည် ပစ္ဆာဘတ္တကာလ မရောက်မီ ကုန်လေ၏။ ပစ္ဆာဘတ္တကာလသည်လည်း သာယနှသို့မရောက်မီကုန်လေ၏။ ဤသို့စသည်ဖြင့် မိမိကိုလည်းစားလျက် သွားသည်ဆိုလိုသည်။ ယောစကာလဃသောဘူတော, ဟူသောပါဌ်၌၊ ရဟန္တာပုဂ္ဂိုလ်ကိုကာလကိုစားသောဘူတ, ဟုဆရာဆိုလိုသည်။ ထိုရဟန္တာပုဂ္ဂိုလ်သည်၊ အရိယမဂ်ဖြင့် နောင်အခါ ပဋိသန္ဓေနေရာကာလကိုကုန်စေလျက်စား၍တည်သောကြောင့်၊ ကာလကိုစားသောဘူတ,ဆိုလိုသည်။ သဘူတပစနိံပစိ, ဟူသောပါဌ်၌၊ အကြင်တဏှာသည်အပါယ်လေးဘုံ,ဝဋ္ဋဒုက္ခတို့၌သတ္တဝါတို့ကိုချက်တတ်ကျက်စေတတ်၏။ ထိုသမုဒယဖြစ်သော တဏှာကို ရဟန္တာ ပုဂ္ဂိုလ်သည် အရိယမဂ် တည်းဟူသောမီးဖြင့်ဖုတ်မြိုက်လောင်ကျွမ်းစေတတ်၍ရဟန္တာပုဂ္ဂိုလ်ကို၊ ဘူတပစနိံပစိ, ဟုဆိုသတည်း။ ဤအနက်အဓိပ္ပါယ်ကိုတပည့်ငါးရာမသိ၍ ခုနှစ်ရက်တိုင်တိုင်ကြံသော်လည်းအစအဆုံးကို မမြင်လျက်ချသောကာလမှ၊ ဗဟူနိနရသီသာနိ, စသောဂါထာဖြင့်ဆရာသည် နိဂ္ဂဟပြု၍မာနတန်းခွန်ကိုလည်စေသတည်း)။ ။

မူလပရိယာယဇာတကံပဉ္စမံ။၂၄၅။