Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

8. Kāsāvavaggo

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အနိက္ကသာဝေါ ကာသာဝံ,အစရှိသောဂါထာပုဒ်တို့ဖြင့် တန်းဆာဆင်အပ်သော ဤကာသာဝဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ ဒေဝဒတ်ကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။

ပါဏာတိပါတ်,သတ်ခတ်သူ့သက်,ရက်စက်စိမ်းစား,ထိုယောက်ျားသည် ဘုရားလောင်းကိုမြင်၍၊ ထိုးသတ်အံ့သောငှါလက်နက်ကို ကိုင်၍ပြေးလာ၏။ ဘုရားလောင်းသည် ပြန်လည်တည့်၍ကြည့်လျက် ထိုယောက်ျားကိုမြေ၌ရိုက်ပုတ်၍သတ်အံ့သောငှါနှာမောင်းကိုဆန့်၍ ထိုယောက်ျားသည် ဝတ်အပ်ကုန်သောသင်္ကန်းတို့ကိုမြင်၍ ရဟန္တာတို့၏ တန်းခွန်သဖွယ်ဖြစ်သော သင်္ကန်းတော်ကို ငါသည်အလေးအမြတ်ပြုအံ့သောငှါ သင့်၏ ဟု၊နှာမောင်းကို တဖန်သိမ်းဆည်းပြန်၍၊ အိုယောက်ျား၊ ဤရဟန္တာတို့၏ တန်းခွန်သဖွယ်ဖြစ်သော သင်္ကန်းတော်သည်သင်အားမလျောက်ပတ်သည်မဟုတ်တုံလော၊ အဘယ့်ကြောင့် ထိုသင်္ကန််းကိုနင်ဝတ်ဘိသနည်းဟုဆို၍။ ။

(၂၉၇)အနိက္ကသာဝေါ ကာသာဝံ၊ယော ဝတ္ထံ ပရိဒဟိဿတိ။

အပေတော ဒမ-သစ္စေန၊န သော ကာသာဝ-မရဟတိ။ ။

(၂၉၈)ယော စ ဝန္တ-ကသာဝဿ၊သီလေသု သုသမာဟိတော။

ဥပေတော ဒမ-သစ္စေန၊သ ဝေ ကာသာဝ-မရဟတိ။

ဟူသောဤနှစ်ဂါထာတို့ကိုရွတ်၏။ ။

(၂၉၇-၂၉၈)အမ္ဘောပုရိသ၊ အိုယောက်ျား။ အနိက္ကသာဝေါ၊ ကိုယ်သန္တာန်မှမထုတ်အပ်သော တစ်ထောင့်ငါးရာ ကိလေသာအပြည့်ရှိထသော။ ဒမ-သစ္စေန၊ ဣန္ဒြေကိုဆုံးမခြင်းဟုဆိုအပ်သောဒမ, နိဗ္ဗာန်ဟုဆိုအပ်သောပရမတ္ထသစ္စာမှ။ ဝါ၊ ဒုက္ခ,သမုဒယ,နိရောဓနှင့်, မဂ္ဂမည်သာ,လေးသစ္စာမှ။ အပေတော၊ ကင်းထသော။ ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ကာသာဝံ၊ ရဟန္တာတို့၏ တန်းခွန်သဖွယ်ဖြစ်သောဖန်ရည်စွန်းသော။ ဝတ္ထံ၊ သင်္ကန်းတော်ကို။ ပရိဒဟိဿတိ၊ ဝတ်ရုံဘိ၏။ သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ကာသာဝံ၊ ရဟန္တာတို့၏တန်းခွန်သဖွယ်ဖြစ်သော ဖန်ရည်စွန်းသောသင်္ကန်းတော်ကို။ နအရဟတိ၊ ဝတ်ရုံခြင်းငှါမထိုက်။ ။

စ၊ ဝိသေသကိုဆိုအံ့။ ယော၊ အကြင်သူမြတ်သည်။ ဝန္တကာသာဝေါ၊ အန်အပ်ပြီးသော တစ်ထောင့်ငါးရာကိလေသာရှိသည်၎င်း။ သီလေသု၊ မဂ်သီလဖိုလ်သီလတို့၌။ သုသမာဟိတော၊ ကောင်းစွာထောင်၍ထားအပ်ဘိသကဲ့သို့မြဲစွာတည်သည်၎င်း။ ဒမသစ္စေန၊ ဣန္ဒြေကိုဆုံးမခြင်းဟုဆိုအပ်သော ဒမ,နိဗ္ဗာန်ဟုဆိုအပ်သောပရမတ္ထသစ္စာနှင့်။ ဝါ၊ ဒုက္ခ,သမုဒယ,နိရောဓနှင့်, မဂ္ဂမည်သာ,လေးသစ္စာနှင့်။ ဥပေတော၊ ပြည့်စုံသည်၎င်း။ အဿ၊ ဖြစ်၏။ သောဧဝရူပေါပုဂ္ဂလော၊ ဤသို့သဘောရှိသောထိုပုဂ္ဂိုလ်သည်။ ဝေ၊ စင်စစ်။ ကာသာဝံ၊ ရဟန္တာတို့၏ တန်းခွန်သဖွယ်ဖြစ်သောသင်္ကန်းတော်ကို။ အရဟတိ၊ ဝတ်ရုံခြင်းငှါထိုက်၏။ ။

ကာသာဝဇာတကံပဌမံ။၂၂၁။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ဣဒံတဒါစရိယဝစော,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤစူဠနန္ဒိယဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုယောက်ျားသည်မြေမျိုလတ်သည်ရှိသော်ဆရာ၏အဆုံးအမကို အောက်မေ့၍၊ စင်စစ်ဤအကြောင်းကိုမြင်၍ ရှေးဆရာဖြစ်သောပုဏ္ဏားသည်ငါ့အားအဆုံးအမကိုပေး၏ဟုငိုကြွေးလိုရကား။ ။

(၂၉၉)ဣဒံ တဒါ-စရိယ-ဝစော၊ပေါရာဏာ-စရိယော-ဗြဝိ။

မာသုတွံအကရိ ပါပံ၊ယံ တွံ ပစ္ဆာ ကတံ တပေ။

(၃၀၀)ယာနိ ကရောတိ ပုရိသော၊တာနိ အတ္တနိ ပဿတိ။

ကလျာဏ-ကာရီ ကလျာဏံ၊ပါပကာရီ စ ပါပကံ။

ယာဒိသံ ဝပ္ပတေ ဗီဇံ၊တာဒိသံ ဟရတေ ဖလံ။

ဟူသောဤနှစ်ဂါထာတို့ကိုရွတ်၏။ ။

(၂၉၉-၃၀ဝ)မာဏဝ၊ လုလင်။ ကတံ၊ ပြုအပ်သော။ ယံပါပံ၊ အကြင်မကောင်းမှုသည်။ ပစ္ဆာ၊ နောက်ဖြစ်သောအကျိုးပေးရာ ကာလ၌။ တွံ၊ သင့်ကိုပင်လျှင်။ တပေတပေယျ၊ ပူပန်စေရာ၏။ တံတာဒိသံ၊ ထိုသို့သဘောရှိသော။ ပါပံ၊ မကောင်းမှုကို။ တွံ၊ သင်သည်။ မာအကရိ၊ မပြုလေလင့်။ ဣတိ၊ ဤသို့။ ယံဝစနံ၊ အကြင်စကားကို။ ပေါရာဏာ-စရိယော၊ ရှေးဆရာဖြစ်သောပုဏ္ဏားသူမြတ်သည်။ အဗြဝိ၊ ဆိုဘူးပေ၏။ တံဣဒံဝစနံ၊ ထိုဆရာဆိုသောဤစကားသည်။ အာစရိယ-ဝစော၊ ဆရာကောင်းလက္ခဏာပီစွာသောသူမြတ်၏စကားပေတည်း။ ပုရိသော၊ ယောက်ျားသည်။ ယာနိ၊ အကြင်ကောင်းမှုမကောင်းမှုတို့ကို။ ကရောတိ၊ ပြု၏။ တေသံ၊ ထိုမိမိပြုအပ်သောကောင်းမှုမကောင်းမှုတို့၏။ ပါကံ၊ ကောင်းကျိုးမကောင်းကျိုးကို။ ပတိလဘန္တော၊ ရလတ်သည်ရှိသော်။ (ထည့်)။ တာနိ၊ ထိုကောင်းကျိုးမကောင်းကျိုးတို့ကို။ ဝါ၊ ကောင်းမှုမကောင်းမှုတို့ကို။ အတ္တနိ၊ မိမိ၌။ ပဿတိ၊ မြင်ရ၏။ ကလျာဏကာရီ၊ ကောင်းမှုကိုပြုလေ့ရှိသောသူသည်။ ကလျာဏံ၊ ကောင်းကျိုးကို။ အနုဘောတိ၊ ခံစားရ၏။ ပါပကာရီစ၊ မကောင်းမှုကိုပြုလေ့ရှိသောသူသည်လည်း။ ပါပကံ၊ မကောင်းကျိုးကို။ အနုဘောတိ၊ ခံစားရ၏။ လောကေ၊ လူ့ရွာ၌။ ယာဒိသံ၊ အကြင်သို့သဘောရှိသော။ ဗီဇံ၊ မျိုးကို။ ဝပ္ပတေ၊ စိုက်ပျိုး၏။ တာဒိသံ၊ ထိုမျိုးစေ့နှင့်တူသောသဘောရှိသော။ ဖလံ၊ အသီးကို။ ဟရတေယထာ၊ ဆောင်၏သို့တည်း။ ။

စူဠနန္ဒိယဇာတကံဒုတိယံ။၂၂၂။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နမေနမန္တဿဘဇေ ဘဇန္တံ, အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤပုဋဘတ္တဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သောသူကြွယ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ဘုရားလောင်းသည်ထိုမင်း၏သည်းခံခြင်းကိုသိ၍၊ အမိ၊ ထိုသို့တပြီးကား၊မင်းသည်မချစ်မလေးမြတ်သောကာလမှစ၍ အသျှင်တို့အား ဤအရပ်၌နေသဖြင့်အဘယ်အကျိုးရှိအံ့နည်း။ လောက၌မချစ်သောသူတို့နှင့်ပေါင်းရခြင်းသည်လည်း ဆင်းရဲ၏။ သင်တို့သည်ဤအရပ်၌နေသည်ရှိသော်မင်းအားလည်း မချစ်သောသူနှင့် ပေါင်းဖော်ရခြင်းသည်ဖြစ်၏။ ဆင်းရဲခြင်းသည် ဖြစ်လတ္တံ့။ ဤသတ္တဝါတို့ မည်သည်ကား မိမိကိုမပေါင်းဖော်သည်၏အဖြစ်ကိုသိကုန်၍ တစ်ပါးသောအရပ်သို့ သွားကုန်၏။လူတို့နေရာသည်ကျယ်၏ဟုဆို၍။ ။

(၃၀၁)နမေ နမန္တဿ ဘဇေ ဘဇန္တံ၊ကိစ္စာ-နုကုဗ္ဗဿ ကရေယျ ကိစ္စံ။

နာ-နတ္ထ-ကာမဿ ကရေယျ အတ္ထံ၊အ-သမ္ဘဇန္တံ ပိ န သမ္ဘဇေယျ။

(၃၀၂)စဇေ စဇန္တံ ဝနထံ န ကယိရာ၊အပေတ-စိတ္တေန န သမ္ဘဇေယျ။

ဒိဇော ဒုမံ ခီဏ-ဖလ န္တိ ဉတွာ၊အညံ သမေက္ခေယျ မဟာ ဟိ လောကော။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၃ဝ၁-၃ဝ၂)အမ္မ၊ အမိ။ နမန္တဿ၊ မိမိသို့ညွှတ်သောသူအားသာလျှင်။ နမေ၊ ညွှတ်တုံ့ညွှတ်ရာ၏။ ဘဇန္တံဝ၊ မိမိသို့ဆည်းကပ်သောသူကိုသာလျှင်။ ဘဇေ၊ ဆည်းကပ်တုံ့ဆည်းကပ်ရာ၏။ ကိစ္စာ-နု-​ကြုဗ္ဗဿ၊ မိမိကိစ္စအမှုကိုဆောင်ရွက်သောသူ၏သာလျှင်။ ကိစ္စံ၊ ကိစ္စကို။ ကရေယျ၊ ဆောင်ရွက်ရာ၏။ အနတ္ထ-ကာမဿ၊ မိမိအကျိုးစီးပွားကို အလိုမရှိသောသူ၏။ အတ္ထံ၊ အမှုကိစ္စကို။ နကရေယျ၊ မဆောင်ရွက်ရာ။ အသမ္ဘဇန္တံပိ၊ အတူတကွ မဆည်းကပ်သောသူကိုလည်း။ နသမ္ဘဇေယျ၊ အတူတကွမဆည်းကပ်ရာ။ စဇန္တံ၊ မိမိကိုစွန့်သောသူကို။ စဇေ၊ စွန့်ရာ၏။ ဝနတံ၊ မိမိကိုစွန့်သောသူ၌တပ်စွန်းခြင်းကို။ နကယိရာ၊ မပြုရာ။ အပေတ-စိတ္တေန၊ ချစ်ခြင်းကင်းသောစိတ်ရှိသောသူနှင့်။ နသမ္ဘဇေယျ၊ မပေါင်းဖော်ရာ။ ဒိဇော၊ ငှက်သည်။ ဒုမံ၊ သစ်ပင်ကို။ ခီဏဖလန္တိ၊ အသီးကုန်လေပြီဟု။ ဉတွာ၊ သိ၍။ အညံ၊ တစ်ပါးသောသစ်ပင်ကို။ သမေက္ခတိယထာ၊ ရှာသကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ အညံ၊ တစ်ပါးသောအရပ်ကို။ သမေက္ခေယျ၊ ရှာရာ၏။ ဟိသစ္စံ၊ မှန်၏။ ဧသလောကော၊ ဤလူတို့နေရာအရပ်သည်။ မဟာ၊ ကျယ်၏။ ။ (သင်တို့သည် အလွန်ချစ်ခင်သောတစ်ယောက်သော ယောက်ျားကို ရကုန်လတ္တံ့ဟုဆိုသည်ရှိသော်၊ ထိုစကားကိုကြား၍ ဗာရာဏသီမင်းသည်အလုံးစုံသောစည်းစိမ်ကိုပေး၏။ ထိုအခါမှစ၍ အညီအညွတ်ဝမ်း မြောက်ဝမ်းသာနေကြကုန်၏)။ ။

ပုဋဘတ္တဇာတကံတတိယံ။၂၂၃။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယဿေ-တေ စတုရော ဓမ္မာ,စသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကုဗ္ဘိလဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌ သိ တင်းသုံးနေတော်မူစဉ်၊ ဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

(၃၀၃)ယဿေ-တေ စတုရော ဓမ္မာ၊ဝါနရိန္ဒ ယထာ တဝ။

သစ္စံ ဓမ္မော ဓိတိ စာဂေါ၊ဒိဋ္ဌံ သော အတိဝတ္တတိ။

(၃၀၄)ယဿ စေ-တေ န ဝိဇ္ဇန္တိ၊ဂုဏာ ပရမ-ဘဒ္ဒက။

သစ္စံ ဓမ္မော ဓိတိ စာဂေါ၊ဒိဋ္ဌံ သော နာ-တိဝတ္တတိ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၃၀၃-၃၀၄)ဝါနရိန္ဒ၊ ဆင်ပြောင်အလား၊ ခွန်အားကြီးခြင်း၊ သျှင်မျောက်မင်း။ ဟဝ၊ သျှင်မျောက်မင်းအား။ သစ္စံ၊ အမှန်ဆိုသောဝစီသစ္စာ၎င်း။ ဓမ္မော၊ ဤသို့ပြုသော်ဤမည်သောအကျိုးအပြစ်ဖြစ်လတ္တံ့ဟုအမြော်အမြင်ဆင်ခြင်နိုင်သောပညာ၎င်း။ ဓိတိ၊ သဲကြီးဦးခက်၊တစက်မဆုတ်၊အားထုတ်မပြတ်၊မြတ်သောလုံ့လ၎င်း။ စာဂေါ၊ ကိုယ်နှင့်အသက်၊ငဲ့ကွက်မတွန့်၊ စွန့်စားဝံ့ခြင်း၎င်း။ ဣတိ၊ ဤသို့။ စတုရော၊ လေးပါးကုန်သော။ ဓမ္မာ၊ ကျေးဇူးတရားတို့သည်။ အတ္ထိယထာ၊ ရှိကုန်၏သို့။ ယဿ၊ သင်မှတစ်ပါး အမှတ်မရှိသသူအားလည်း။ ဧတေစတုရောဓမ္မာ၊ ဤလေးပါးသောကျေးဇူးတရားတို့သည်။ အတ္ထိ၊ ရှိကုန်ငြားအံ့။ တွံ၊ အသျှင် မျောက်မင်းသည်။ မံ၊ ရန်သူဖြစ်သောငါ့ကို။ အတိဝတ္တသိယထာ၊ လွန်၍ဖြစ်နိုင်၏သို့။ သောပိ၊ ထိုသင်မှတစ်ပါး လေးပါးသော ကျေးဇူးတရားရှိသော သူသည်လည်း။ ဒိဋ္ဌံ၊ ရန်သူကို။ အတိဝတ္တတိ၊ လွန်၍ဖြစ်နိုင်ပလေလိမ့်။ ။ ပရမ-ဘဒ္ဒက၊ အလွန်ကောင်းခြင်းရှိသော မိကျောင်းမင်း။ ယဿစ၊ အကြင်သူအားကား။ သစ္စံ၊ အမှန်ဆိုသောဝစီသစ္စာ၎င်း။ ဓမ္မော၊ ဤသို့ပြုသော် ဤမည်သောအကျိုးအပြစ်ဖြစ်လတ္တံ့ဟုအမြော်အမြင် ဆင်ခြင်နိုင်သောပညာ၎င်း။ ဓီတိ၊ သဲကြီးဦးခက်၊တစက်မဆုတ်၊အားထုတ်မပြတ်၊မြတ်သောလုံ့လ၎င်း။ စာဂေါ၊ ကိုယ်နှင့်အသက်၊ငဲ့ကွက်မတွန့်၊စွန့်စားဝံ့ခြင်း၎င်း။ ဣတိ၊ ဤသို့။ ဧတေဂုဏာ၊ ဤရန်သူအောင်ကြောင်း အကျင့်ကောင်းဖြစ်သော တရားအစုတို့သည်။ နဝိဇ္ဇန္တိ၊ မရှိကုန်။ သော၊ ထိုရန်သူအောင်မှု၊ ကြောင်းလေးခုမရှိလျှင်း၊ ပျင်းစွာသောသူသည်။ ဒိဋ္ဌံ၊ ရန်သူကို။ နာတိဝတ္တတိ၊ လွန်၍မဖြစ်စင်စစ်ရန်သူ့လက်သို့ရောက်၏။ ။ (ဤဇာတ်၌ ဒုတိယဂါထာကား၊ မျောက်မင်းကမိကျောင်းမင်းကိုပြန်၍ဆိုသောစကားဖြစ်၍၊ ပရမဘဒ္ဒက, ကားမိကျောင်းမင်းကိုမျောက်မင်းခေါ်သောအာလုပ်ပုဒ်တည်း။ ။ ပရမဘဒ္ဒကာတိကုမ္ဘိလံအာလပတိ။ ။(ဋီကာ)။ ။ ဂုဏာပရမဘဒ္ဒကာ တိယဿတေပရမဘဒ္ဒကစတ္တာရောရာသဋ္ဌေနပိဏ္ဍဋ္ဌေနဂုဏာနဝိဇ္ဇန္တိ၊ ဟူရကားဂုဏါ, ကားရာသတ္ထ)။ ။

ကုမ္ဘိလဇာတကံစတုတ္ထံ။၂၂၄။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အတ္ထိမေ ပုရိသော ဒေဝ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤခန္တိဝဏ္ဏဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ကောသလမင်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။

ထိုအမတ်သည် ထိုယောက်ျားကိုယူ၍ မင်း၏အထံသို့သွား၍၊ မင်းမြတ်၊ အကျွန်ုပ်၏ အလုပ်အကျွေးဖြစ်သော အလုံးစုံသော ကိစ္စကိုရွက်ဆောင်သောဤယောက်ျားသည်အိမ်ရာပြစ်မှား၏။ ထိုယောက်ျားအား အသို့ပြုအံ့သောငှါသင့်သနည်းဟုမေးလိုသည်ဖြစ်၍။ ။

(၃၀၅)အတ္ထိ မေ ပုရိသော ဒေဝ၊သဗ္ဗ-ကိစ္စေသု ဝါဝဋော။

တဿ စေ-ကောပရာဓ-တ္ထိ၊တတ္ထ တွံ ကိ-န္တိ မညသိ။

ဟူသောရှေးဦးစွာသောဂါထာကိုလျှောက်၏။ ။

(၃၀၅)ဒေဝ၊ မင်းမြတ်။ မေ၊ အကျွန်ုပ်အား။ သဗ္ဗ-ကိစ္စေသု၊ ခပ်သိမ်းသောကိစ္စတို့၌။ ဝါဝဋော၊ လုံ့လပြုတတ်သော။ ပုရိသော၊ ယောက်ျားသည်။ အတ္ထိ၊ ရှိ၏။ တဿစ၊ ထိုယောက်ျားအားကား။ ဧကော၊ တစ်ခုသော။ အပရာဓော၊ အိမ်ရာပြစ်မှားသောအပြစ်သည်။ အတ္ထိ၊ ရှိ၏။ တတ္ထ၊ ထိုအိမ်ရာပြစ်မှားသော ယောက်ျား၏ အပြစ်ကြောင့်။ ကိ-န္တိ၊ အသို့ပြုအပ်၏ဟူ၍။ တွံ၊ အသျှင်မင်းမြတ်သည်။ မညသိ၊ အောက်မေ့တော်မူသနည်း။ ။

ထိုစကားကိုကြား၍မင်းသည်။ ။

(၃၀၆)အမှာကံ ပ-တ္ထိ ပုရိသော၊ဧဒိသော ဣဓ ဝိဇ္ဇတိ။

ဒုလ္လဘော အင်္ဂ-သမ္ပန္နော၊ခန္တိ-ရသ္မာက ရုစ္စတိ။ ။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၃၀၆)ဘောအမစ္စ၊ အိုအမတ်။ အမှာကံပိ၊ သင့်အားသာလျှင်မဟုတ် ငါတို့အားလည်း။ ဧဒိသော၊ ဤသို့သဘောရှိသော အိမ်ရာပြစ်မှားတတ်သောယောက်ျားသည်။ အတ္ထိ၊ ရှိ၏။ သောစ၊ ထိုအိမ်ရာ ပြစ်မှားတတ်သောယောက်ျားသည်လည်း။ ဣဒါနိပိ၊ ယခုအခါ၌လည်း။ ဣဓဣဓေဝ၊ အဝေးမဟုတ်ဤအရပ်၌ပင်။ ဝိဇ္ဇတိ၊ ရှိ၏။ မယံ၊ ငါတို့သည်။ ရာဇာနောဝိသမာနာ၊ မင်းဖြစ်ကုန်လျက်လည်း။ တဿ၊ ထိုသူ၏။ ဗဟူ-ပကာရတ္တံ၊ ကျေးဇူးများသည်၏အဖြစ်ကို။ သန္ဓာယ၊ ရည်၍။ အဓိဝါသေမ၊ သည်းခံကုန်၏။ တုယှံပန၊ မင်းလည်းမဟုတ်သော သင်အားမူကား။ အဓိဝါသနဘာရော၊ သည်းခံခြင်းဟူသောဝန်သည်။ ဇာတော၊ ဖြစ်၏။ အင်္ဂသမ္ပန္နောသဗ္ဗေဟိ ဂုဏကောဋ္ဌာသေဟိသမန္နာဂတော၊ အလုံးစုံသောကျေးဇူးအစုတို့နှင့် ပြည့်စုံသောယောက်ျားမည်သည်ကို။ ဒုလ္လဘော၊ လောက၌အလွန်ရခဲ၏။ တေန၊ ထို့ကြောင့်။ အသ္မာကံ၊ ငါတို့အား။ ဧဝရူပေသုဌာနေသု၊ ဤကဲ့သို့သောအရာတို့၌။ ခန္တိ၊ သည်းခံခြင်းသည်သာလျှင်။ ရုစ္စတိ၊ နှစ်သက်ခြင်းကိုဖြစ်စေ၏။ ။ (အနက်သိသာအောင် ပါဌသေသနှင့်ယောဇနာသည်)။ ။ သဗ္ဗေဟိဂုဏကောဋ္ဌာသေဟိသမန္နာဂတော, ဖွင့်သောကြောင့်၊ အင်္ဂ၏ကောဋ္ဌာသအနက်သိသာသည်။ ပုနရပိသုဂတော,၌ကဲ့သို့၊ ရသ္မာက,၌ နိဂ္ဂဟိတလောပ၊ ရ,အာဂုံ)။ ။

ခန္တိဝဏ္ဏဇာတကံပဉ္စမံ။၂၂၅

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကာလေနိက္ခမနာ သာဓု, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကောသိယဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ကောသလမင်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။

ဘုရားလောင်းသည်၊ မင်းမြတ်၊ အခါမဟုတ်သည်၌မိမိနေရာအရပ်မှ ထွက်ကုန်သောသူတို့သည် ဤသို့သဘောရှိသောဆင်းရဲကို ခံရကုန်မြဲလျှင်တည်း။ ထို့ကြောင့်အခါမဟုတ်သည်၌မိမိ၏နေရာအရပ်မှထွက်အံ့သောငှါမသင့်ဟုပြလိုရကား။ ။

(၃၀၇)ကာလေ နိက္ခမနာ သာဓု၊နာ-ကာလေ သာဓု နိက္ခမော။

အ-ကာလေန ဟိ နိက္ခမ္မ၊ဧကကံပိ ဗဟု-ဇ္ဇနော။

န ကိဉ္စိ အတ္ထံ ဇောတေတိ၊ဓင်္က-သေနာ-ဝ ကောသိယံ။

(၃၀၈)ဓီရော စ ဝိဓိ-ဝိဓါနညူ၊ပရေသံ ဝိဝရာ-နုဂူ။

သဗ္ဗာမိတ္တေ ဝသီကတွာ၊ကောသိယော-ဝ သုခီ သိယာ။

ဟူသောဤနှစ်ဂါထာတို့ကိုလျှောက်၏။ ။

(၃ဝ၇-၃၀၈)မဟာ-ရာဇ၊ မင်းမြတ်။ ကာလေ၊ သင့်တင့်လျောက်ပတ်သောကာလ၌။ နိက္ခမနာ၊ မိမိနေရာမှထွက်ခြင်း လုပ်ကြံခြင်းငှါလုံ့လပြုခြင်းသည်။ သာဓု၊ ကောင်းမြတ်၏။ အ-ကာလေ၊ အခါမဟုတ် မသင့်မလျောက်ပတ်သောကာလ၌ကား။ နိက္ခမော၊ မိမိနေရာမှတစ်ပါးအရပ်သို့သွားခြင်းငှါထွက်ခြင်း ,လုပ်ကြံခြင်းငှါ လုံ့လပြုခြင်းသည်။ နသာဓု၊ အကျိုးမဲ့ဖြစ်အပြစ်ရောက်သည်ဖြစ်၍မကောင်း။ ဟိ၊ အပြစ်ကိုဆိုအံ့။ ကောစိ၊ တစ်စုံတစ်ယောက်သော။ ပုရိသော၊ ယောက်ျားသည်။ အတ္တနော၊ မိမိ၏။ ဝသနဋ္ဌာနတော၊ နေရာအရပ်မှ။ အ-ကာလေန၊ မသင့် မလျောက်ပတ်သောအခါ၌။ နိက္ခမ္မ၊ ထွက်၍၎င်း၊ လုပ်ကြံ၍၎င်း။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ အတ္ထံ၊ အကျိုးစီးပွါးကို။ နဇောတေတိ၊ မထွန်းပစေနိုင်။ (မိမိ၏အနည်းမျှလည်းဖြစ်သော အစီးအပွါးကို ဖြစ်စေခြင်းငှါ မစွမ်းနိုင်ဟူလို)။ အထခေါ၊ စင်စစ်သော်ကား။ ဗဟုဇ္ဇနောပိ၊ များစွာသောရန်သူအပေါင်းသည်လည်း။ ဧကကံ၊ အခါမဟုတ်သည်၌ ထွက်သည်လည်းဖြစ်သောလုံ့လပြုသည်လည်းဖြစ်သောတစ်ယောက်အထီးတည်းသောထိုသူကို။ ပရိဝါရေတွာ၊ ဝန်းရံ၍။ မဟာ-ဝိနာသံ၊ ကြီးစွာသော ပျက်စီးခြင်းသို့။ ပါပေတိ၊ ရောက်စေတတ်၏။ တတြ၊ ထိုသို့ရောက်စေရာ၌။ အယံ၊ ဤသည်ကား။ ဥပမာ၊ ဥပမာတည်း။ (ထည့်)။ ဓင်္က-သေနာ၊ ဤကျီးနှင့်ဤသိန်းစွန်တို့သည်။ ကောသိယံ၊ အခါမဟုတ် မလျောက်ပတ်သောကာလ၌ ထွက်သည်လည်း ဖြစ်သောတစ်ပါးအရပ်သို့သွားခြင်းငှါ လုံ့လပြုသည်လည်းဖြစ်သော ဤခင်ပုပ် ငှက်ကို။ ဝိတုဒန္တိဣဝ၊ ထိုးခွပ်သတ်ညှဉ်းပျက်စီးခြင်းသို့ ရောက်ကုန်၏သို့တည်း။ တသ္မာ၊ ထို့ကြောင့်။ တိရစ္ဆာနဂတေ၊ တိရစ္ဆာန်တို့ကို။ အာဒိံကတွာ၊ အစပြု၍။ ကေနစိ၊ တစ်စုံတစ်ယောက်သောသူသည်။ အ-ကာလေ၊ အခါမဟုတ်မသင့်မလျောက်ပတ်သောကာလ၌။ အတ္တနော၊ မိမိ၏။ ဝသနဋ္ဌာနတော၊ နေရာအရပ်မှ။ နနိက္ခမိတဗ္ဗံ၊ ထွက်ခြင်းငှါမသင့်။ နပရက္ကမိတဗ္ဗံ၊ လုံ့လပြုခြင်းငှါမသင့်။ ။

မဟာရာဇ၊ မင်းမြတ်။ ဝိဓိ-ဝိဓာနညူ၊ ရှေးပညာရှိတို့သည်ထားအပ်သောထုံးပဝေဏီအစုထုံးပဝေဏီ အစီအရင်ကိုသိထသော။ ပရေသံ၊ သူတစ်ပါးတို့၏။ ဝိဝရာနုဂူ၊ လစ်ဟင်းသောအခွင့်အပေါက်ကိုသိထသော။ ဓီရော၊ သဘောအားလျော်စွာ မှတ်နိုင်ဆောင်နိုင်သောပညာရှိသည်။ သဗ္ဗာမိတ္တေ၊ ကုန်အောင်စုံကုန်သောမိမိ၏ ဆန့်ကျင့်ဖက်ရန်သူတို့ကို။ ဝသီကတွာ၊ မိမိအလိုသို့လိုက်သည်ကိုပြု၍။ သုခီ၊ ကိုယ်စိတ်ချမ်းသာနှင့်ပြည့်စုံသည်။ သိယာ၊ ဖြစ်ရာ၏။ တတြ၊ ထိုကိုယ်စိတ်ချမ်းသာ ပြည့်စုံရာ၌။ အယံ၊ ဤသည်ကား။ ဥပမာ၊ ဥပမာတည်း။ ကောသိယော၊ အခါမဟုတ်သည်၌ထွက်သောဤခင်ပုပ်ငှက်မိုက်မှတစ်ပါးသော အခါဟုတ်သည်၌သာ ထွက်သွားသော ခင်ပုပ်ငှက်လိမ်မာသည်။ သုခီ၊ ချမ်းသာခြင်းနှင့်ပြည့်စုံသည်။ သိယာဣဝ၊ ဖြစ်၏သို့တည်း။ ။

(အကာလေနဟိ,အစရှိကုန်သောလေးပုဒ်တို့တွင်၊ပဌမပုဒ်နှင့်တကွနကိဉ္စိအတ္ထံဇောတေတိ,ဟူသောတတိယပုဒ်ကို။ ဧကကံပိဗဟုဇ္ဇနော,ဟူသော ဒုတိယပုဒ်နှင့် တကွ၊ ဓင်္ကသေနာဝကောသိယံ,ဟူသော စတုတ္ထပုဒ်ကို ယှဉ်စပ်၍အနက်ကိုသိအပ်၏)။ ။

ကောသိယဇာတကံဆဋ္ဌံ။၂၂၆။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သူရောသူရေန သင်္ဂမ္မ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဂူထပါဏဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသောရဟန်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။

တစ်ခုသောမစင်စားသောပိုးသည် မစင်နံ့နံသောကြောင့်လာလတ်၍ ထိုသေသောက်ကြူးတို့၏ သေသောက်ရာအရပ်၌ စွန့်အပ်သောသုရာကိုမြင်၍ချင်ခြင်းကြောင့်သောက်၍ရစ်သည်ဖြစ်၍မစင်ပုံသို့တက်၏။ ထိုပိုးသည် တက်လတ်သော်မစင်စိုသည်အတံငယ်ညွတ်၏။ ထိုမစင်ပိုးသည်ငါ့ကို မြေကြီးသည်ပင် ခံအံ့သောငှါ မစွမ်းနိုင်ဟုကြုံးဝါး၏။ ထိုခဏ၌လျှင်အမုန်ရစ်သော ဆင်ပြောင်တစ်စီးသည်ထိုအရပ်သို့ လာလတ်၍ မစင်နံ့၏နံခြင်းကြောင့်စက်ဆုပ်ရွံရှာ၍ဖဲ၏။ ထိုမစင်ပိုးသည်ထိုဆင်ပြောင်ကြီးကို မြင်၍ဤဆင်ပြောင်ကြီးသည် ငါမှကြောက်သောကြောင့်ပြေး၏ဟု အမှတ်ရှိသည်ဖြစ်၍ ဤဆင်ပြောင်ကြီးနှင့်တကွ စစ်ထိုးခြင်းကို ပြုအံ့သောငှါသင့်၏ဟုနှလုံးသွင်း၍ခေါ်လိုရကား။ ။

(၃ဝ၉)သူရော သူရေန သင်္ဂမ္မ၊ဝိက္ကန္တေန ပဟာရိနာ။

ဧဟိ နာဂ နိဝတ္တဿု၊ကိံ-နု ဘီတော ပလာယသိ။

ပဿန္တု အင်္ဂ-မဂဓာ၊မမ တုယှဉ္စ ဝိက္ကမံ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၃၀၉)ဘောမဟာနာဂ၊ အိုဆင်ကြီး။ သူရော၊ ရဲရင့်သောသူမည်သည်။ ဝိက္ကန္တေန၊ ကြီးသောလုံ့လရှိထသော။ ပဟာရိနာ၊ စစ်ထိုးခြင်းငှါ စွမ်းနိုင်ထသော။ သူရေန၊ ရဲရင့်ထသော။ မယာ၊ ငါနှင့်။ သဒ္ဓိံ၊ တကွ။ သင်္ဂမ္မ၊ ဆိုင်မိကြ၍။ ကိံ ကာရဏာ၊ အဘယ်အကြောင်းကြောင့်။ အသင်္ဂမေတွာ၊ တစ်ကြိမ်တလီမျှစစ်မထိုးဘဲ။ ဂစ္ဆသိ၊ သွားဘိသနည်း။ ဧကသမ္ပဟာရောပိ၊ တစ်ကြိမ်သော စစ်ထိုးခြင်းကိုလည်း။ ဒါတဗ္ဗော၊ ပေးအပ်သည်။ သိယာနိနု၊ ဖြစ်ကောင်းသည် မဟုတ်လော။ တသ္မာ၊ ထို့ကြောင့်။ မဟာ-နာဂ၊ ဆင်ကြီး။ ဧဟိ၊ လာလှည့်ဦး။ နိဝတ္တဿု၊ ပြန်ခဲ့ဦး။ ဘီတော၊ ငါမှကြောက်သည်ဖြစ်၍။ ပလာယသိကိန္နု၊ ပြေးသလော။ မမစ၊ ငါ၏၎င်း။ တုယှဉ္စ၊ သင်၏၎င်း။ ဝိက္ကမံ၊ လုံ့လကို။ အင်္ဂ-မဂမာ၊ အင်္ဂတိုင်းသား,မဂဓတိုင်းသားတို့သည်။ ပဿန္တု၊ ကြည့်ကြပါစေကုန်သတည်း။ ။

ထိုဆင်သည်နားထောင်၍ ထိုမစင်ပိုး၏ စကားကိုကြား၍ ပြန်လည်ပြီးသော်၊ထိုမစင်ပိုး၏အထံသို့သွား၍ထိုမစင်ပိုးကိုခြိမ်းခြောက်လိုရကား။

(၃၁၀) န တံ ပါဒါ ဝဓိဿာမိ၊န ဒန္တေဟိ န သောဏ္ဍိယာ။

မီဠှေန တံ ဝဓိဿာမိ၊ပူတိ ဟညတု ပူတိနာ။ ။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၃၁၀)ဂူထပါဏ၊ မစင်ပိုး။ တံ၊ သင့်ကို။ ပါဒါပါဒေဟိ၊ ခြေတို့ဖြင့်။ နဝမိဿာမိ၊ ငါမသတ်အံ့။ ဒန္တေဘိ၊ အစွယ်တို့ဖြင့်လည်း။ နဝမိဿာမိ၊ ငါမသတ်အံ့။ သောဏ္ဍိယာ၊ နှာမောင်းဖြင့်လည်း။ နဝမိဿာမိ၊ ငါမသတ်အံ့။ မီဠှေန၊ မစင်ဖြင့်သာလျှင်။ တံ၊ သင့်ကို။ ဝမိဿာမိ၊ သတ်လိုက်အံ့။ ပူတိ၊ ပုပ်သောမစင်ပိုးသည်။ ပူတိနာ၊ ပုပ်သောမစင်ဖြင့်။ ဟညတု၊ သေစေသတည်း။ ။

(ဤသို့ဆို၍ထိုမစင်ပိုး၏ထိပ်ထက်၌ ကြီးစွာသောမစင်တုံးကိုချလိုက်၍ ကျင်ငယ်စွန့်၍ ထိုအရပ်၌လျှင်ထိုမစင်ပိုးကို အသက်ကုန်ခြင်းသို့ရောက်စေ၍ ကြိုးကြာသံနှင့်တူသောအသံကို ဟည်းလျက်တောသို့လျှင်ဝင်၏)။ ။

ဂူထပါဏဇာတကံ သတ္တမံ။၂၂၇။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ တယောဂိရီ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤကာမနီတဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်၊ ကာမနီတအမည်ရှိသောပုဏ္ဏားကို အကြောင်းပြု၍ဟောတော်မူ၏။ ။

​ဆေးသ္မားပုဏ္ဏားယောင်ဆောင်သော သိကြားမင်းသည် အတွင်းတော်သို့ဝင်၍ ဘဝံဇယတု,ဟု၊အောင်ဆုဆက်ပြီး၍၊ လျောက်ပတ်စွာရပ်၏။ မင်းသည်သင်သည်ငါ့ကိုဆေးကုအံ့လောဟုမေး၏။ မင်းမြတ်၊ ကုအံ့ဆိုသည်ရှိသော်၊ ထိုသို့တပြီးကားကုလော့ဟုဆို၏။ မင်းမြတ်၊ ကောင်းပြီဟုဆို၍၊ ယခုအနာ၏လက္ခဏာကိုဆိုကုန်လော့၊ အဘယ်အကြောင်းကြောင့်ဖြစ်သနည်း။ ခဲဘွယ်ကို၎င်း သောက်ဘွယ်ကို၎င်း အမှီပြု၍ဖြစ်သလော၊ ထိုသို့မဟုတ်မူကား မြင်ခြင်းကို၎င်း ကြားခြင်းကို၎င်း အမှီပြု၍ ဖြစ်သလောဟုဆိုသည်ရှိသော်၊ အသျှင်ပုဏ္ဏား၊ ငါ၏အနာသည် သောကကိုအမှီပြု၍ဖြစ်၏ဟုဆို၏။ အသျှင်မင်းမြတ်သည် အဘယ်ကိုကြားအပ်သနည်းဟုဆို၏။ တစ်ယောက်သောလုလင်သည် လာလတ်၍ငါ့အားသုံးပြည်ထောင်တို့၌ မင်းအဖြစ်ကိုယူ၍ ပေးအံ့ဟုဆို၏။ ငါသည်ထိုလုလင်အားနေရာအရပ်ကို၎င်း အဝတ်ရိက္ခာကို၎င်း မပေးစေမိ။ ထိုလုလင်သည် ငါ့အားအမျက်ထွက်၍ တစ်ပါးသော မင်းအထံသို့သွားသည် ဖြစ်လတ္တံ့၊ ထိုသို့သွားလေသည်ရှိသော် ဤသို့ကြီးစွာသော စည်းစိမ်ချမ်းသာ အစိုးရသည်၏အဖြစ်မှ ငါယုတ်ရချေသတည်းဟု ကြံသောငါ့အား ဤအနာသည်ဖြစ်၏ဟုဆို၍၊ သင်သည်ငါ၏လောဘနှင့်ယှဉ်သော စိတ်ကိုမှီ၍ ဖြစ်သောအနာကိုဆေးကုအံ့သောငှါအကယ်၍ စွမ်းနိုင်အံ့၊ ကုစားလော့ဟုထိုအနက်ကိုထင်စွာပြလိုရကား။ ။

(၃၁၁)တယော ဂိရိံ အန္တရံ ကာမယာမိ၊ပဉ္စာလာ ကုရုယော ကေကကေ စ။

တတုတ္တရိံ ဗြာဟ္မဏ ကာမယာမိ၊တိကိစ္ဆ မံ ဗြာဟ္မဏ ကာမနီတံ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၃၁၁)ဗြာဟ္မဏ၊ ပုဏ္ဏား။ တယောဂိရီ၊ စစ်ထိုး၍ယူခြင်းငှါခဲယဉ်းသည်၏အပြစ်ကြောင့်၎င်း၊ လှုပ်ရှားခြင်းငှါခဲယဉ်းသည်၏အဖြစ်ကြောင့်၎င်း တောင်သဘွယ်ဖြစ်၍ ဂိရိဟုဆိုအပ်ကုန်သောမြို့သုံးလုံးတို့ကို၎င်း။ တေသံ၊ ထိုမြို့သုံးလုံးတို့၏။ အန္တရံ၊ အတွင်း၌။ ပဉ္စာလာ၊ ပဉ္စာလတိုင်း၎င်း။ ကုရုယော၊ ကုရုတိုင်း၎င်း။ ကေကကေစ၊ ကေကတိုင်း၎င်း။ ဣတိ၊ ဤသို့။ တိဝိဓံရဋ္ဌမ္ပိ၊ တိုင်းကြီးသုံးတိုင်းကို၎င်း(ထည့်)။ ကာမယာမိ၊ လိုချင်တောင့်တ၏။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တဒုတ္တရိ၊ ရအပ်ပြီးသောဤဗာရာဏသီပြည်ထက် အလွန်ဖြစ်သောပြည်ကြီးသုံးပြည်ထောင်ကိုလည်း။ ကာမယာမိ၊ လိုချင်တောင့်တ၏။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ကာမနီတံ ကာမေဟိနီတံ ဟတပါနံ၊ ဤဝတ္ထုကာမ ကိလေသကာမတို့သည် ဖျက်ဆီးအပ်သော ဆေးသောက်ခြင်းရှိသော။ ဝါ၊ နှိပ်စက်ညှဉ်းဆဲအပ်သော ဆေးသောက်ခြင်းရှိသော။ မံ၊ ငါ့ကို။ သစေသက္ကောသိ၊ အကယ်၍ကုစားလိုငြားအံ့။ တိကိစ္ဆ၊ ဆေးကုလော့။ ။

ထိုအခါ၌ထိုမင်းကို သိကြားမင်းသည်၊ မင်းမြတ်၊ တွေဝေ မိုက်မဲသောသင်မင်းမြတ်ကိုသစ်မြစ်ဆေးအစရှိသည်တို့ဖြင့် မကုစားကောင်း၊ ဉာဏ်တည်းဟူသောဆေးဖြင့်သာလျှင်ကုစားအပ်၏ဟုဆိုလို၍။ ။

(၃၁၂)ကဏှာ-ဟိဒဋ္ဌဿ ကရောန္တိ ဟေ-ကေ၊အမနုဿ-ပဝိဋ္ဌဿ ကရောန္တိ ပဏ္ဍိတာ။

န ကာမနီတဿ ကရောတိ ကောစိ၊ဩက္ကန္တ-သုက္ကဿ ဟိ ကာ တိကိစ္ဆာ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၃၁၂)မဟာရာဇ၊ မင်းမြတ်။ ဧကေ၊ အချို့ကုန်သော။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ကဏှာဘိဒဋ္ဌဿ၊ မည်းသောအဆင်းရှိသော မြွေဟောက်တို့သည် ခဲအပ်သောသူအား။ တိကိစ္ဆံ၊ မန္တရားဆေးဝါးတို့ဖြင့်ကုစားခြင်းကို။ ကရောန္တိ၊ ပြုကုန်၏။ ဧကေ၊ အချို့ကုန်သော။ ပဏ္ဍိတာ၊ ပညာရှိကုန်သော ဖုတ်မန္တရားတတ်ဆေးသမားတို့သည်။ အမနုဿ-ပဝိဋ္ဌဿ၊ ဖုတ်ဘီလူးတို့သည်ပူးဝင်နှိပ်စက်အပ်သောသူနာအား။ တိကိစ္ဆံ၊ ဗလိနတ်စာပူဇော်ခြင်း, အရံအတားပြုခြင်း, ဆေးထိုးခြင်း, ဆေးသောက်ခြင်း, စသည်တို့ဖြင့်ကုစားခြင်းကို။ ကရောန္တိ၊ ပြုကုန်၏။ ကာမနီတဿ ကာမေဟိနီ တဿ၊ ဝတ္ထုကာမကိလေသကာမတို့သည် ဖျက်ဆီးအပ်သော ဆေးသောက်ခြင်းရှိသော။ ကာမဝသိကဿ၊ ကာမဂုဏ်နိုင်ငံသို့ လိုက်သောသူ့အား။ ပဏ္ဍိတေဟိ၊ ပညာရှိတို့ကို။ အညတြ၊ ထား၍။ အညော၊ ပညာရှိမှတစ်ပါးသော။ ကောစိ၊ တစ်စုံတစ်ယောက်သောသူသည်။ တိကိစ္ဆံ၊ ကုစားခြင်းကို။ နကရောတိ၊ မပြုနိုင်။ ကိံကာရဏာ၊ အဘယ့်ကြောင့်နည်းဟူမူကား။ ဟိယသ္မာ၊ အကြင်ကြောင့်။ ဩက္ကန္တ-သုက္ကဿ၊ ကုသိုလ်တရားအပိုင်းအခြားကိုလွန်၍ အကုသိုလ်တရား၌တည်သောပုဂ္ဂိုလ်အား။ မန္တော သဓာဒီဟိ၊ မန္တရားဆေးဝါးစသည်တို့ဖြင့်။ ကာနာမ၊ အဘယ်မည်သော။ တိကိစ္ဆာ၊ ကုစားခြင်းသည်။ အတ္ထိ၊ ရှိအံ့နည်း။ (မန္တရားဆေးဝါးတို့ဖြင့်ကုစားခြင်းငှါ မတတ်နိုင်ဟူလို)။ ။

ဤသို့ဘုရားလောင်းသည် ဤအကြောင်းကိုပြ၍အလွန် ဤသို့ဆုံးမ၏။ မင်းမြတ်၊ သင်သည် ထိုသုံးပြည်ထောင်တို့ကို အကယ်၍ရအံ့၊ ဤလေးမြို့တို့၌မင်းအဖြစ်ကိုပြုလတ်သော်၊ တပြိုင်နက်ခြင်းသာလျှင် လေးထည်ကုန်သော ပုဆိုးအစုံတို့ကိုဝတ်နိုင်အံ့လော၊ လေးခုကုန်သော ရွှေခွက်တို့၌လည်း တပြိုင်နက်ပင်စားနိုင်အံ့လော၊ လေးခုကုန်သောမြတ်သော အိပ်ရာတို့၌ တပြိုင်နက်ပင်အိပ်နိုင်အံ့လော။ မင်းမြတ်၊ တဏှာ့အလိုသို့လိုက်ခြင်းမည်သည်ကားမသင့်။ ထိုတဏှာမည်သည်ကား ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။ ထိုတဏှာသည် ပွါးလတ်သည်ရှိသော်၊ အကြင်သူသည်ထိုတဏှာကိုပွါးစေ၏။ ထိုတဏှာ၏တည်ရာဖြစ်သောပုဂ္ဂိုလ်ကို ရှစ်ထပ်ကုန်သောငရဲကြီးတို့၌၎င်း၊ ဥဿဒ္ဒငရဲ တစ်ဆယ့်ခြောက်ထပ်တို့၌၎င်း၊ အထူးထူးအပြားပြားအားဖြင့် ပြားကုန်သောငရဲမှ ကြွင်းကုန်သော အပါယ်တို့၌၎င်း ပစ်ချတတ်၏ဟုဆို၏။ ဤသို့ဘုရားလောင်းသည် မင်းကို ငရဲအစရှိသောဘေးဖြင့် ခြိမ်းခြောက်၍တရားကိုဟော၏။ မင်းသည်လည်း ထိုဘုရားလောင်း၏တရားကိုနာရ၍ စိုးရိမ်ခြင်းကင်းသည်ဖြစ်၍ ထိုခဏ၌လျှင် အနာမရှိသည်၏ အဖြစ်သို့ရောက်၏။ ။

တယောဂိရိန္တိ တယောဂိရီ၊ အယမေဝဝါပါဌေါ,ဟုဖွင့်ရကားနှစ်ထွေသင့်သည်ပင်။ ဂိရီ, ရှိသောပါဌ်သည်တယောနှင့်လျော်သည်။ သုဒဿနဿ၊ သုဒဿနအမည်ရှိသော။ ဂိရိနော၊ သိကြားမင်းနေရာနတ်မြို့၏။ ဧတံဒွါရံ၊ ဤတံခါးသည်။ ပကာသတိ၊ ထင်ရှား၏။ ဤပြယုဂ်၌သုဒဿနအမည်ရှိသောနတ်မြို့ကို အသုရာတို့စစ်ထိုး၍ယူခြင်းငှါ ခဲယဉ်းသည်၏အဖြစ်ကြောင့်၎င်း၊ လှုပ်ရှားခြင်းငှာ ခဲယဉ်းသည်၏အဖြစ်ကြောင့်၎င်း၊ သုဒဿနဂိရိ, ဟုဆိုအပ်၏သို့၊ ထို့အတူဤ၌လည်းသုံးခုသောမြို့တို့ကို တယောဂိရီ, ဟုဆိုအပ်ကုန်၏။ အန္တရံ,ဟူသောပုဒ်သည် သမ္ဗန်ကိုငဲ့သည်ဖြစ်၍ ထိုသမ္ဗန်ကိုလည်း အဝေးသွား၍အခြားမရှာသင့်။ တယောဂိရီ,ဟူသောအနီးပုဒ်ကိုယူ၍၊တေသံ,ဟူသော သမ္ဗန်ကိုထည့်ရာသည်။ အန္တရံ, ဟူသောပုဒ်သည်ပဋ္ဌာနပုဒ်ကိုငဲ့သည်ဖြစ်၍ပဋ္ဌာနပုဒ်ကို ထည့်သည်ရှိသော်လည်း၊ သုံးပြည်ထောင်၏ အတွင်းသားသည်လည်း တိုင်းနိုင်ငံပင်ဖြစ်ရာသောကြောင့် ရဋ္ဌံပိ,ဟူသော ပဋ္ဌာနပုဒ်ကိုထည့်ရာသည်။ ပဉ္စာလာကုရုယောကေကကေစ,ဟူသောသရုပ်ကိုမြင်သဖြင့်၊ တိဝိဓံ,ဟူသောသရူပဝန္တကိုထည့်ရာသည်။ အန္တရံ ,၌နိဂ္ဂဟိတ်ကိုချေသော်ဆန်းလျော်၏။ သို့သော်လည်းအနက်မြုပ်သည်။ ဒုတိယပါဒကားဆန်းမရ။ ပဉ္စာလာ,စသည်တို့၌ဗဟုဝုစ်ဖြစ်သော်လည်း၊ ရဋ္ဌဝါစကရူ ဠှီဗဟုဝစနဖြစ်၍။ ပဉ္စာလာ၊ ပဉ္စာလတိုင်း၎င်း၊ဧကဝုစ်ပေးသည်။ ပဉ္စာလကုရုယော, ဟူ၍လည်းရှိ၏။ ကေကကေ,၌ ပဌမာအနက်၌ ဒုတိယာဝိဘတ်သက်သည်။ ။

အယမေတ္ထအတ္ထောတီဏိနဂရာနိ၊ တေသဉ္စအန္တရံတိဝိဓံရဋ္ဌံပိကာမယာမိ၊ ပဉ္စာလကုရုယောကေကကေစာတိ ဣမာနိတေသံရဋ္ဌာနံနာမာနိ၊ တေသုပဉ္စာလာတိဥတ္တရပဉ္စာလာ၊ တတ္ထကပိလံနာမနဂရံ။ ကူရဝေါတိကုရုရဋ္ဌံ၊ တတ္ထဣန္ဒပတ္တံနာမနဂရံ။ ကေကကေစာတိပစ္စတ္တေဥပယောဂဝစနံ၊တေန ကေကကရဋ္ဌံဒဿေတိ။ တတ္ထကေကကရာဇဓာနီ ယေဝနဂရံ။ ။ (အဋ္ဌကထာ)။ ။ (အချို့စာ၌၊တိအန္တရံ, ရှိသည်။ အသုန္ဒရ။ အက္ခရာလည်းလွန်သည်၊ သဒ္ဒါအနက်လည်းမလွန်။ ။ နီတံဟတပါနံ,ဟု၊ အဋ္ဌကထာဖွင့်သည်။ ဟတပါနန္တိနဋ္ဌပါနံ။ အထဝါဝဓနိယပါနံ,ဟု၊ဋီကာဆင့်သည်ဖြစ်၍၊၎င်းအားလျော်စွာအတ္ထယောဇနာသည်)။ ။

ကာမနီတဇာတကံ အဋ္ဌမံ။၂၂၈။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဂဇဂ္ဂမေဃေဟိ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤပလာယိတဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံး နေတော်မူစဉ်၊ ပြေးသောပရိဗိုဇ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုဗြဟ္မဒတ်မင်းသည် တက္ကသိုလ်ပြည်ကို ယူအံ့ဟု များစွာသောဗိုလ်ပါအပေါင်းဖြင့်သွား၍ မြို့မှမနီးမဝေးသောအရပ်၌တည်၍၊ ဤသို့သောအမှတ်ဖြင့် ဆင်တို့ကိုစေကုန်လော့။ ဤသို့သောအမှတ်ဖြင့်မြင်းတို့ကိုစေကုန်လော့။ ဤသို့သောအမှတ်ဖြင့်ရထားတို့ကိုစေကုန်လော့။ ဤသို့သောအမှတ်ဖြင့် ခြေသည်တို့ကို စေကုန်လော့။ ဤသို့ပြေးကုန်၍လက်နက်တို့ဖြင့် ထိုးပစ်ကြကုန်လော့။ တစ်ခဲနက်ရွာကုန်သော မိုဃ်းတို့ကဲ့သို့ မြားမိုဃ်းကိုရွာစေကြကုန်လော့ဟုစစ်ထိုးစီရင်လိုရကား။ ။

(၃၁၃)ဂဇ-ဂ္ဂ-မေဃေဟိ ဟယ-ဂ္ဂ-မာလိဘိ၊ရထူ-မိ-ဇာတေဟိ သရာဘိဝဿေဘိ။

ဓနုဂ္ဂဟာ-ဝဋ္ဋ ဒဠှ,ပ္ပဟာရိဘိ၊ပရိဝါရိတာ တက္ကသိလာ သမန္တတော။ ။

(၃၁၄)အဘိဓာဝထစူ-ပဓာဝထ စ၊ဝိဝိဓာဝိနာဒိတ-တ္ထ ဝဒန္တိဘိ။

ဝတ္တတ-ဇ္ဇ တုမုလော ဃောသော ယထာ၊ဝိဇ္ဇုလတာ ဇလဓရဿ ဂဇ္ဇတော။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၃၁၃-၃၁၄)ဘောန္တော၊ အိုရဲမက်တော်တို့။ ဂဇဂ္ဂမေဃေဘိ၊အဂ္ဂဂဇမေဃေဟိ၊ ကြိုးကြာသံကဲ့သို့သောအသံကိုဟည်းကုန်သောအမုန်ရစ်သောမြတ်သောဆင်တည်းဟူသောမိုဃ်းတို့ဖြင့်၎င်း။ ဟယ-ဂ္ဂ-မာလိဘိ အဂ္ဂဟယမာလီဟိ၊ မြတ်သောသိန္ဓော အမျိုး၌ဖြစ်ကုန်သောမြင်းကိုစီးကုန်လျက် ထိပ်ထက်ဝေဝေ ရွှေပန်းထောင်ထောင် စိုက်ပန်ကုန်သော မြင်းသည်ကျော်သူရဲတို့ဖြင့်၎င်း။ သရာဘိဝဿေဘိ၊ တခဲနက်ရွာသောမိုဃ်းကဲ့သို့မြားမိုဃ်းကိုရွာစေတတ်ကုန်သော။ ရထူ-မိ-ဇာတေဘိသဉ္ဇာတရထဦမိဟိ၊ ပြင်းစွာဖြစ်သောလှိုင်းထံပိုးအဟုန်ရှိကုန်သော သမုဒ္ဒရာရေကဲ့သို့သော ရထားစီးသူရဲအပေါင်းတို့ဖြင့်၎င်း။ ဓနုဂ္ဂဟာ-ဝဋ္ဋဒဠှ-ပ္ပဟာရိဘိ၊ ပစ်လွှတ်ကုန်သောလေးသမား,ထိုမှဤမှလှည့်လည်၍ ပြင်းစွာထိုးခုတ်ကုန်သော ရတနာတို့ဖြင့်ဆန်းကြယ်သော အရိုးတပ်သောသန်လျက်ကိုင်စွဲကုန်သောခြေသည်သူရဲတို့ဖြင့်၎င်း။ သမန္တတော၊ ထက်ဝန်းကျင်မှ။ တက္ကသိလာ၊ ဤသည့်တက္ကသိုလ်မြို့ကို။ ယထာ၊ အကြင်အခြင်းဖြင့်။ ပရိဝါရိတာ၊ ထက်ဝန်းကျင်ဝန်းရံအပ်သည်။ ဟောတိ၊ ဖြစ်၏။ တထာ၊ ထိုအခြင်းဖြင့်။ သီဃံ၊ လျင်စွာ။ ကရောထ၊ ပြုကြကုန်လော့။

ဘောန္တော၊ အိုရဲမက်တော်တို့။ တုမှေ၊ သင်တို့သည်။ အဘိဓာဝထစ၊ ရှေးရှုလည်းပြေးကြကုန်လော့။ ဥပဓာဝထစ၊ မြို့ကိုလည်း ချဉ်းကပ်ကြကုန်လော့။ ဒန္တိဘိ၊ ဆင်မြတ်ဆင်ကောင်းတို့နှင့်။ သဒ္ဓိံ၊ တကွ။ ဝိဝိဓာ၊ သေလိတ, ဂဇ္ဇိတ,ဝါဒိတဟူသော အထူးထူးအပြားပြားအားဖြင့်။ ဝိနာဒိတာ၊ အသီးသီးသော အသံရှိကုန်သည်။ အတ္ထဘဝထ၊ ဖြစ်ကြလေကုန်လော့။ အဇ္ဇ၊ ယနေ့။ တုမုလော၊ သည်းစွာသော။ ဃောသောယထာ၊ မိုဃ်းကြိုးသံကဲ့သို့။ ဝတ္တတု၊ ဖြစ်စေလော့။ ဂဇ္ဇတော၊ ထစ်ကြိုးသော။ ဇလဓရဿ၊ မိုဃ်း၏။ မုခတော၊ အဝမှ။ နိဂ္ဂတာ၊ ထွက်ကုန်သော။ ဝိဇ္ဇုလတာ၊ လျှပ်စစ်နွယ်တို့သည်။ စရန္တိယထာ၊ ပြေးသွားကုန်ဘိ၏သို့။ ဧဝံ၊ ဤအတူ။ ဝိစရန္တာ၊ ပြေးသွားကုန်လျက်။ နဂရံ၊ တက္ကသိုလ်မြို့ငယ်ကို။ ပရိဝါရေတွာ၊ ဝန်းရံကုန်၍။ ရဇ္ဇံ၊ ပြည်ကို။ ဂဏှထ၊ ယူကြလေကုန်လော့။ ။

(ဤသို့ထိုဗြဟ္မဒတ်မင်းသည်ကြုံးဝါး၍ စစ်သည်ကိုစီရင်၍မြို့တံခါး၏အနီးသို့ရောက်၍တံခါးမုတ်ကိုမြင်၍၊ ဤသည်ကားမင်း၏နေရာ နန်းလောဟုမေး၏။ ဤသည်ကား မြို့တံခါးမုတ်သာတည်းဟုဆိုသည်ရှိသော်၊ မြို့တံခါးမုတ်သည်ပင်။ ဤသို့စဉ်သဘောရှိသည်ဖြစ်၏။ မင်း၏နေရာ နန်းပြာသာဒ်သည်ကား အသို့သဘောရှိသည်ဖြစ်လတ္တံ့နည်းဟုဆို၍၊ ဝေဇယန္တာပြာသာဒ်နှင့်တူ၏ဟုကြား၍၊ ဤသို့အခြံအရံစည်းစိမ်ချမ်းသာဘုန်းကြက်သရေနှင့်ပြည့်စုံသောမင်းနှင့်တကွ စစ်ထိုးအံ့သောငှာ၊မစွမ်းနိုင်ချေ ကုန်အံ့ဟုတံခါးမုတ်ကိုမြင်၍လျှင်ပြေးလေ၍ ဗာရာဏသီသို့လျှင် သွားလေ၏။ ဂဇဂ္ဂမေဃေဟီတိအဂ္ဂဂဇမေဃေဟိကောဉ္စနာဒံဂဇ္ဇန္တေဟိမတ္တ ဝရဝါရဏဝလာဟကေဟီတိအတ္ထော၊ ဤသို့စသည်ဖွင့်သော အဋ္ဌကထာကိုကြပ်ကြပ်ဆင်ခြင်မှ ဤဇာတ်၏အနက်ကိုပြတ်ပြတ်မြင်နိုင်မည်။ ဒုတိယဂါထာပုဗ္ဗဒ္ဓကားဝေတာလီ။ အပရဒ္ဓကားဂါထာမညီ)။ ။

ပလာယိတဇာတကံ နဝမံ။၂၂၉။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဓဇမပရိမိတံ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော၊ ဤဒုတိယပလာယိတဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သော ပြေးသော ပရိဗိုဇ်ကိုပင်အကြောင်းပြု၍ဟောတော်မူ၏။ ။

ဤဝတ္ထု၌အထူးကားထိုပရိဗိုဇ်သည် ဇေတဝန်ကျောင်းတော်သို့ဝင်၏။ ထိုခဏ၌ မြတ်စွာဘုရားသည် လူများဖြင့်ခြံရံအပ်သည်ဖြစ်၍ တန်းဆာဆင်အပ်သောတရားဟောနေရာတော်၌ နေတော်မူလျက်ဆေးတန်းမြင်းသီလာအပြင်၌ ခြင်္သေ့ သံကိုကြွေးကြော်သောခြင်္သေ့ပျိုကဲ့သို့ တရားကိုဟောတော်မူ၏၊ ပရိဗိုဇ်သည်အားဆယ်ပါးနှင့် ပြည့်စုံတော်မူသော ဘုရားမြတ်စွာ၏ဗြဟ္မာမင်းကိုယ်နှင့်တူသောကိုယ်တော်ကို၎င်း၊ လပြည့်ဝန်းကဲ့သို့ တင့်တယ်ခြင်းရှိသော မျက်နှာတော်ကို၎င်း၊ ရွှေပြားနှင့်တူသောနဖူးတော်ကို၎င်း မြင်၍ ဤသို့သဘောရှိသော ယောက်ျားမြတ်ကို အောင်အံ့သောငှါ အဘယ်သူတတ်နိုင်ချေအံ့နည်းဟုပြန်၍ ပရိသတ်အတွင်းသို့ မဝင်မူ၍ပြေးလေ၏။ ။ လွန်လေပြီးသောအခါ ဘုရားလောင်းသည်ဗာရာဏသီပြည်၌ မင်းပြု၏။ တက္ကသိုလ်ပြည်၌ တစ်ယောက်သော ဂန္ဓာရမင်းသည်မင်းပြု၏။ ထို ဂန္ဓာရမင်းသည် ဗာရာဏသီပြည်ကိုယူအံ့ဟု၍အင်္ဂါလေးပါးရှိသောစစ်သည်ဖြင့် လာလတ်၍ မြို့ကိုဝန်းရံ၍ မြို့တံခါး၏အနီး၌တည်လျက်မိမိ၏ ဗိုလ်ပါ စစ်သည်ကိုကြည့်၍ ဤမျှအတိုင်းအရှည်ရှိသော စစ်သည်အပေါင်းကိုအောင်အံ့သောငှါ အဘယ်သူစွမ်းနိုင်လတ္တံ့နည်းဟုမိမိ၏စစ်သည်ကိုချီးမွမ်း၍။ ။

(၃၁၅)ဓဇ-မပရိမိတံ အနန္တ-ပါရံ၊ဒုပ္ပသဟံ-ဓင်္ကေဟိ သာဂရံ-ဝ။

ဂိရိမိဝ အနိလေန ဒုပ္ပသယှော၊ဒုပ္ပသဟော အဟ-မဇ္ဇ တာဒိသေန။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၃၁၅)ရထေသု၊ ရထားတို့၌။ မောရဆဒေ၊ ဥဒေါင်းတောင်တို့ကို။ ဌပေတွာ၊ ထား၍။ ဥဿာပိတံ၊ စိုက်ထူအပ်သော။ (ထည့်)။ ဓဇံ၊ အောင်လံသည်ပင်။ အပရိမိတံ၊ မနှိုင်းယှဉ်နိုင်များစွာ၏။ မေ၊ ငါ၏။ ဗလဝါဟနံပိ၊ ဗိုလ်ပါဆင်မြင်းသည်လည်း။ အနန္တ-ပါရံ၊ ဆင်ကားဤမျှမြင်းကားဤမျှဟု၊ရေတွက်ခြင်း၏အပိုင်းအခြားကို လွန်သည်ဖြစ်၍ အဆုံးမရှိသော ကမ်းရှိ၏။ ဓင်္ကေဟိ၊ ကျီးတို့သည်။ သာဂရံသာဂရော၊ သမုဒ္ဒရာကို။ ဒုပ္ပသဟံဒုပ္ပသဟောဣဝ၊ လွှမ်းမိုးခြင်းငှါမစွမ်းနိုင်၏သို့။ မေ၊ ငါ၏။ အယံဗလ ကာယော၊ ဤဗိုလ်ပါအပေါင်းကို။ ဒုပ္ပသဟော၊ ဆန့်ကျင်ဘက်ဖြစ်ကုန်သောရန်သူတို့သည်နှိပ်စက်လွှမ်းမိုးခြင်းငှါမစွမ်းနိုင်။ အနိလေန၊ အရပ်လေးမျက်နှာမှလာသောလေသည်။ ဂိရိ၊ တစ်ခဲနက်သောကျောက်တောင်ကို။ ဒုပ္ပသယှောဣဝ၊ တုန်လှုပ်စိမ့်သောငှါမစွမ်းနိုင်သကဲ့သို့။ အဟံ၊ ဤသို့သော ဗိုလ်ပါအပေါင်းနှင့်ပြည့်စုံသောငါ့ကို။ အဇ္ဇ၊ ယခု။ တာဒိသေန၊ ထိုသို့သဘောရှိသောဗိုလ်ပါအပေါင်းသည်။ ဝါ၊ သင်ကဲ့သို့သောဘုန်းစက်နည်းပါးသောသူသည်။ ဒုပ္ပသဟော၊ လွှမ်းမိုးခြင်းငှာမစွမ်းနိုင်။ ။ (ပြပစ္စင်၌တည်သော ဘုရားလောင်းကို ရည်၍ဆိုသော စကားဖြစ်၍ နောက်အ္နံလျော်သည်)။ ။

ထိုအခါ၌ ထိုဂန္ဓာရမင်းအား ထိုဘုရားလောင်းသည်လပြည့်ဝန်းကဲ့သို့အသရေရှိသော မိမိ၏မျက်နှာကိုပြ၍၊ ဟယ်ငမိုက်၊ သင်သည် မယောင်ရမ်း မမြည်တမ်းလင့်။ ယခုအခါ၌ အမုန်ရစ်သော ဆင်ပြောင်သည်ကျူတောကိုနင်းဘိသကဲ့သို့၊ ထို့အတူ၊ သင်၏စစ်သည်အပေါင်းကိုဖျက်ဆီးလိုက်အံ့ဟုခြိမ်းခြောက်လို၍။ ။

(၃၁၆)မာ ဗာလိယံ ဝိလပ္ပသိ၊န ဟိဿ တာဒိသံ ဝိဒယှသေ။

န ဟိ-ဿ လဘသေ နိသေဓကံ။

အာသဇ္ဇသိ ဂဇ-မိဝ ဧက-စာရိနံ ယော တံ၊ပဒါ နဠမိဝ ပေါထယိဿတိ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၃၁၆)ဟရေဗာလ၊ ဟယ်ငမိုက်။ တွံ၊ သင်သည်။ အတ္တနော၊ မိမိ၏။ ဗာလိယံ၊ မိုက်သည်၏အဖြစ်ကို။ မာဝိလပ္ပသိ၊ မမြည်တမ်းလင့်။ ဟိသစ္စံ၊ ထိုစကားသည်မှန်၏။ တဝ၊ သင်၏။ ဗလကာယော၊ ဗိုလ်ပါအပေါင်းသည်။ တာဒိသံတာဒိသော၊ ထိုသို့သင်ကြုံးဝါးကြံစည်သောအတိုင်း သဘောရှိသည်။ နအဿ၊ မဖြစ်သလျှင်ကတည်း။ တွံ၊ သင့်ကို။ ကေဝလံ၊ စင်စစ်။ ဝိဒယှသေ၊ ရာဂဒေါသအစရှိသောမီးပူသည်လောင်အပ်၏။ တွံ၊ သင်သည်။ နိသေဓကံ၊ ငါကဲ့သို့သဘောရှိသောနှိပ်စက်လွှမ်းမိုး၍ တားမြစ်တတ်သောသူကို။ နဟိလဘသေ၊ ရှေးကမရဘူးသေးသလျှင်ကတည်း။ အာသဇ္ဇသိ၊ ချဉ်းခဲ့လော့။ ဧကစာရိနံဧကာစာရီ၊ တစ်စီးတည်းသာ သွားလေ့ရှိသော။ ဂဇံဂဇော၊ ပေါက်ကြီးပြောင်မွန်, အားခွန်ကြီးမားသောဆင်သည်။ နဠံ၊ ကျူတောကို။ ပါဒါပါဒေဟိ၊ ခြေတို့ဖြင့်။ ပေါထတိဣဝ၊ တျင်း တျင်းကုန်အောင် ဘောင်ဘောင်နင်းချိုး၏သို့။ ဧဝံတထာ၊ ထို့အတူ။ ယောရာဇာ၊ အကြင်ဗာရာဏသီမင်းသည်။ ထံ၊ သင့်ကို။ ပေါထယိဿတိ၊ နင်းနှိမ်ဖျက်ဆီးလတ္တံ့။ တာဒိသံ၊ ထိုသို့သဘောရှိသော။ နိသေဓကံ၊ နှိပ်စက်လွှမ်းမိုး၍ တားမြစ်တတ်သောသူကို။ နဟိလဘသေ၊ မရသေးသလျှင်ကတည်း။ ။

(တာဒိသံ,ဟူသောဤစကားကိုဘုရားလောင်းမိမိကိုယ်ကိုရည်၍ဆိုသတည်း)။ ။ ဤသို့ခြိမ်းခြောက်သောထိုဘုရားလောင်း၏စကားကိုကြား၍ ဂန္ဓာရမင်းသည်ကြည့်မျှော်လေသည်ရှိသော်၊ ရွှေပြားနှင့်တူသောမြတ်သော နဖူးကိုမြင်၍ မိမိကိုဖမ်းအံ့သည်မှကြောက်ရကားပြန်၍ပြေးလျက်မိမိမြို့သို့လျှင်သွား၏။ ။

(ဓဇ,စသောဂါထာ။ ဩပစ္ဆန္ဒသက။ ။ မာဗာလိယံ, စသောဂါထာကားဝေတာလီ)။ ။ ဒုပ္ပသဟံသာဂရံဂိရိံ ဧကစာရိနံ,တို့၌၊ ပဌမာအရာဝယ်ဒုတိယာသက်သည်။ ။ ပါဒါ၌ တတိယာအရာဝယ် ပဌမာသက်သည်။ ဗာလီ,တာဒီ,တို့၌ကား ဒီဃ)။ ။

ဒုတိယပလာယိတဇာတကံဒသမံ။၂၃၀။ ကာသာဝဝဂ္ဂေါ အဋ္ဌမော။ ။ တဿု-ဒ္ဒါနံ။ ။

ကာသာဝံ, စူဠနန္ဒိယံ,၊ပုဋဘတ္တဉ္စ,ကုမ္ဘိလံ,၊ခန္တိဝဏ္ဏံ,ကောသိယဉ္စ,။

ဂူထပါဏံ,ကာမနိတံ၊ပလာယိတဒွယံပိစ,။ ။