Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

173. Makkaṭajātakaṃ (2-3-3)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ တာတမာဏဝကောဧသော, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမက္ကဋဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သော အံ့ဖွယ်သရဲကိုဖြစ်စေတတ်သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။

ဘုရားလောင်း၏သားဖြစ်သောရသေ့ငယ်သည်မျောက်ကိုမြင်၍ မျောက်၏အဖြစ်ကိုမသိသည်ဖြစ်၍ တစ်ပါးသောရသေ့အိုသည် အချမ်းနှိပ်စက်သည်ဖြစ်၍မီးလှုံအံ့သောငှါလာသည်ဖြစ်လတ္တံ့ဟုအောက်မေ့၍ အဘဖြစ်သောရသေ့အားဆို၍ ထိုရသေ့အိုကိုသစ်ရွက်ဖြင့် မိုးသောကျောင်းကိုဝင်စေ၍ မီးလှုံစေအံ့ဟုကြံ၍အဘကိုခေါ်လိုရကား။ ။

(၁၉၇)တာတ မာဏဝကော ဧသော၊တာလမူလံ အပဿိတော။

အဂါရကဉ္စိ-ဒံ အတ္ထိ၊ဟန္ဒ ဒေမ-ဿ-ဂါရကံ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။

(၁၉၇)တာတ၊ ဘခင်။ ဧသောမာဏဝကော၊ ဤသတ္တဝါသည်။ ဝါ၊ ရသေ့သည်။ တာလမူလံတာလက္ခန္ဓံ၊ ထန်းပင်စဉ်ကို။ အပဿိတော၊ မှီ၍နေ၏။ အမှာကံ၊ ငါတို့အား။ ဣဒံအဂါရကံ၊ ဤရသေ့ကျောင်းသည်။ အတ္ထိ၊ ရှိ၏။ ဟန္ဒ၊ ယခု။ အဿ၊ ထိုရသေ့အား။ အဂါရကံ၊ ကျောင်းကို။ ဒေမ၊ ပေးကုန်အံ့။ ။

“

ဘုရားလောင်းသည်သား၏စကားကိုကြားလျှင်ထ၍ သစ်ရွက်ဖြင့်မိုးအပ်သောကျောင်းတံခါး၌ရပ်၍ ကြည့်သည်ရှိသော် ထိုသတ္တဝါမျောက်၏အဖြစ်ကိုသိ၍၊အမောင်၊လူတို့၏မျက်နှာမည်သည်ကား ဤသို့သဘောရှိသည်မဖြစ်။ ဤသတ္တဝါသည်မျောက်တည်း၊ကျောင်းတွင်းသို့မခေါ်အပ်ဟုဆိုလိုရကား။ ။

(၁၉၈)မာ ခေါ တွံ တာတ ပက္ကောသိ၊ဒူသေယျ နော အဂါရကံ။

နေ-တာဒိသံ မုခံ ဟောတိ၊ဗြာဟ္မဏဿ သုသီလိနော။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၁၉၈)တာတ၊ ချစ်သား။ သုသီလိနော၊ ကောင်းသောသီလရှိသော။ ဗြာဟ္မဏဿ၊ ရသေ့၏။ မုခံ၊ မျက်နှာသည်။ ဧတာဒိသံ၊ ဤသို့သဘောရှိသည်။ နဟောတိ၊ မဖြစ်။ ဧသော၊ ဤသတ္တဝါသည်။ မက္ကဋော၊ မျောက်တည်း။ အယံ၊ ဤမျောက်သည်။ ဣဓ၊ ဤကျောင်းတွင်းသို့။ ပဝိဋ္ဌော၊ ဝင်လာသည်ရှိသော်။ နော၊ ငါတို့၏။ အဂါရကံ၊ ကျောင်းကို။ ဒူသေယျ၊ ဖျက်ဆီးရာ၏။ တွံ၊ သင်သည်။ မာခေါပက္ကောသိ၊ မခေါ်လင့်။

**မက္ကဋဇာတကံတတိယံ။**၁၇၃။