Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

83. Kālakaṇṇijātakaṃ

Author: နိဿယ-1 @ IAPT

(၈၃) နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ မိတ္တောဟဝေသတ္တပဒေနဟောတိ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကာဠကဏ္ဏိဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ အနာထပိဏ်သူဋ္ဌေး၏တစ်ယောက်သော အဆွေခင်ပွန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ဘော၊ အချင်းတို့။ သတ္တ-ပဒေန၊ အတူတကွခုနှစ်ဘွားလှမ်း၍ သွားဖူးသဖြင့်။ မိတ္တော၊ အဆွေခင်ပွန်းသည်။ ဟောတိ၊ ဖြစ်၏။

(ဟဝေတိနိပါတမတ္တံ)။ ။ ပန၊ ထိုမှတပါး။ ဒွါဒသကေ‌န၊ ဆယ်ရက်တစ်ဆယ်နှစ်ရက်မျှအတူတကွနေဘူးသဖြင့်။ သဟာယော၊ အပေါင်းအဖော်သည်။ ဟောတိ၊ ဖြစ်၏။ မာသ-ဍ္ဎ-မာသေနစ၊ တလ တလခွဲ အတူတကွပေါင်းဘက်နေဘူးသဖြင့်ကား။ ဉာတိ၊ ဆွေမျိုးနှင့်တူသည်။ ဟောတိ၊ ဖြစ်၏။ တတုတ္တရိ၊ ထိုထက်အလွန်ပေါင်းဘက် နေဘူးမူကား။ အတ္တ-သမောပိ၊ ကိုယ်နှင့်တူသည်လည်း။ ဟောတိ၊ ဖြစ်၏။ သောအဟံ၊ ထိုငါသည်။ အတ္တသုခဿ၊ ကိုယ်ချမ်းသာ၏။ ဟေတု၊ အကြောင်းကြောင့်။ စိရသန္ဓဝံ၊ ရှည်မြင့်စွာပေါင်းဘက်ဘူးသော။ ကာဠကဏ္ဏိံ၊ ကာဠကဏ္ဏီအမည်ရှိသောသွေးသောက်ကို။ ကထံဇဟေယျံ၊ အသို့စွန့်ရအံ့နည်း။ ။

ကာဠကဏ္ဏီဇာတကံတတိယံ။၈၃။