နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဥစ္စေ ဝိဋပိမာရုယှ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤစတုမဋ္ဌဇာတ်ကို၊ဇေတဝန်ကျောင်း၌သီတင်းသုံး နေတော်မူစဉ်၊ မထင်ရှားသောရဟန်းအိုကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါတစ်နေ့သ၌ ထိုဟင်္သာငယ်တို့သည် သစ်ပင်ဖျား၌ နားကုန်၍ဘုရားလောင်းနှင့်တကွ ပြောဟောကြ ကုန်သည်ရှိသော်၊ မြေခွေးတစ်ကောင်သည်ထိုသစ်ပင်အောက်၌ရပ်၍ ထိုဟင်္သာငယ်တို့နှင့်တကွတိုင်ပင်ပြောဟောလိုရကား။ ။
(၂၂၅)ဥစ္စေ ဝိဋဘိမာရုယှ၊မန္တယဝှော ရဟော-ဂတာ။
နီစေ ဩရုယှ မန္တဝှော၊မိဂ-ရာဇာပိ သုဿတိ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုအခါဟင်္သာငယ်တို့သည်မြေခွေးကို စက်ဆုပ်သဖြင့် ထ၍ဂိဇ္ဈကုဋ်တောင်သို့သာလျှင်ပျံသွားလေကုန်၏။ ထိုဟင်္သာငယ်တို့၏ ပျံသွားသောကာလ၌ဘုရားလောင်းသည်မြေခွေးအား။ ။
(၂၂၆)ယံ သုဝဏ္ဏော သုဝဏ္ဏေန၊ဒေဝေါ ဒေဝေန မန္တယေ။
ကိံ နေတ္ထ စတု-မဋ္ဌဿ၊ဗိလံ ပဝိသ ဇမ္ဗုက။
ဟူသောဒုတိယဂါထာကိုဆို၏။
(၂၂၆)ဇမ္ဗုက၊ ဟယ်မြေခွေး။ သုဝဏ္ဏော၊ ကောင်းသောအဆင်းရှိသော ဟင်္သာတစ်ခုသည်။ သုဝဏ္ဏေန၊ ကောင်းသော အဆင်းရှိသော ဟင်္သာတစ်ခုနှင့်။ ဒေဝေါ၊ နတ်ဖြစ်သောဟင်္သာတစ်ခုသည်။ ဒေဝေန၊ နတ်ဖြစ်သောဟင်္သာတစ်ခုနှင့်။ ယံမန္တယေ၊ အကြင်တိုင်ပင်ပြောဆို၏။ ဧတ္ထ၊ ဤပြောဆိုရာ၌။ စတုမဋ္ဌဿ၊ ကိုယ်,အမျိုး,အသံ,ဂုဏ်,တည်းဟူသောလေးပါးသောအင်္ဂါတို့ဖြင့်ကောင်းမြတ်လှပေသော မြေခွေးအား။ ကိံနု၊ အဘယ်ပြုအံ့နည်း။ ဇမ္ဗုက၊ ဟယ်မြေခွေး။ တွံ၊ သင်သည်။ ဗိလံ၊ တွင်းသို့။ ပဝိသ၊ ဝင်လေလော့။ ။
(ဒေဝေါ ဒေဝေနာတိ တေ ယေဝဒွေဒေဝေ ကတွာကတေတိ။ ။ တေယေဝဒွေ၊ ထိုဟင်္သာနှစ်ခုတို့ကိုသာလျှင်။ ဒေဝေ၊ နတ်တို့ကို။ ကတွာ၊ ပြု၍။ ကထေတိ၊ ဆို၏။ ။ အဋ္ဌကထာ။ စတုမဋ္ဌဿ,ဟူသောစကားသည်ချီးမွမ်းယောင်ဖြင့်ကဲ့ရဲ့သောကြောင့်ချီဆောင့်စကားမည်၏။ စတုမဋ္ဌဿလာမကဿ,ဟူသော အဋ္ဌကထာအလို၊ လေးပါးသောအင်္ဂါတို့ဖြင့်ယုတ်သောဟုပေးလိုသည်။ ။ ကိံ တေတ္ထ,ရှိမူ။ စတုမဋ္ဌဿ၊လေးပါးသောအင်္ဂါတို့ဖြင့် ကောင်းမြတ်လှပေသော။ တေ၊ သင်မြေခွေးအား။ ကိံ၊ အဘယ်ပြုအံ့နည်း။ပေး)။
စတုမဋ္ဌဇာတကံသတ္တမံ။