Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

357. Laṭukikajātakaṃ (5-1-7)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဝန္ဒာမိတံကုဉ္ဇရသဋ္ဌိဟာယနံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤလဋုကိကဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုဘုရားလောင်းဆင်ကိုနှံစုတ်ငှက်မသည်မြင်၍ ဤဆင်မင်းသည် ငါ့သားငယ်တို့ကိုနင်း၍ သတ်လတ္တံ့။ ယခုသားငယ်တို့၏အရန်းအတား အကျိုးငှာ ဆင်မင်းကို တရားနှင့်လျော်ညီသော အစောင့်အရှောက်ကို တောင်းအံဟုကြံ၏။ ကြံပြီး၍ထိုနှံစုတ်ငှက်မသည် အတောင်နှစ်ဘက်တို့ကိုရှက်၍။ ဆင်၏ရှေ့၌ရပ်၍။ ။

(၇၄၆)ဝန္ဒာမိ တံ ကုဉ္ဇရ သဋ္ဌိ-ဟာယနံ၊အာရညကံ ယူထ-ပတိံ ယသဿိံ။

ပက္ခေဟိ တံ ပဉ္ဇလိကံ ကရောမိ၊မာ မေ ဝဓီ ပုတ္တကေ ဒုဗ္ဗလာယ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၇၄၆)ကုဉ္ဇရ၊ ဆင်မင်း။ သဋ္ဌိ-ဟာယနံ၊ အနှစ်ခြောက်ဆယ်ရှိကအားမှယုတ်ထသော။ အရညကံ၊ တော၌ကျက်စားထသော။ ယူထ-ပတိံ၊ ဆင်ရွေအပေါင်း၏မင်းဖြစ်တော်မူသော။ ယသဿိံ၊ များသော အခြံအရံရှိသော။ တံ၊ အရှင်ဆင်မင်းကို။ အဟံ၊ ငါသည်။ ဝန္ဒာမိ၊ ရှိခိုးပါ၏။ တံ၊ အရှင်ဆင်မင်းကို။ ပက္ခေဟိ၊ အတောင်တို့ဖြင့်။ ပဉ္ဇလိကံ၊ လက်အုပ်ချီခြင်းကို။ ကရောမိ၊ ပြုပါ၏။ ဒုဗ္ဗလာယ၊ အားနည်းသော။ မေ၊ အကျွန်ုပ်၏။ ပုတ္တကေ၊ သားငယ်တို့ကို။ မာအဝဓိ၊ မသတ်ပါလင့်။ ။

ဘုရားလောင်းသည်၊ နှံစုတ်ငှက်မငယ်၊ သင်မစိုးရိမ်လင့်၊ ငါသည်သင့်သားငယ်တို့ကိုစောင့်ရှောက်အံ့ဟုဆို၍ ငှက်ငယ်တို့၏အထက်၌ ရပ်၍ရှစ်သောင်းသောဆင်တို့သည်သွားကုန်ပြီးသော်နှံစုတ်ငှက်မကိုခေါ်၍။ နှံစုတ်ငှက်မငယ်၊ ငါတို့နောက်၌ တစ်စီးထည်းသောဆင်သည် သွားလတ္တံ့။ ထိုဆင်သည် ငါတို့စကားကိုနားမထောင်လတ္တံ့။ ထိုဆင်လာလတ်သော် ထိုဆင်ကိုလည်းတောင်းပန်၍ သားငယ်တို့၏ချမ်းသာခြင်းကိုပြုရစ်စေလော့ဟုဆို၍သွား၏။ နှံစုတ်ငှက်မသည်လည်း ထိုဆင်အားခရီးဦးကြိုဆို၍ အတောင်နှစ်ဘက်တို့ဖြင့်လက်အုပ်ချီ၍။ ။

(၇၄၇)ဝန္ဒာမိ တံ ကုဉ္ဇရ ဧကစာရိံ၊အာရညကံ ပဗ္ဗတသာနုဂေါစရံ။

ပက္ခေဟိ တံ ပဉ္ဇလိကံ ကရောမိ၊မာ မေ ဝဓီ ပုတ္တကေ ဒုဗ္ဗလာယ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၇၄၇)ကုဉ္ဇရ၊ ဆင်မင်း။ ဧက-စာရိံ၊ တစ်စီးထည်း ကျက်စားလေ့ရှိသော။ အရညကံ၊ တော၌ကျက်စားထသော။ ပဗ္ဗတ-သာနု-ဂေါစရံ၊ ကျောက်တောင်မြေတောင်တို့၌ အစာကိုယူထသော။ တံ၊ အရှင်ဆင်မင်းကို။ အဟံ၊ အကျွန်ုပ်သည်။ ဝန္ဒာမိ၊ ရှိခိုးပါ၏။ ပက္ခေဟိ၊ အတောင်တို့ဖြင့်။ ပဉ္ဇလိကံ၊ လက်အုပ်ချီခြင်းကို။ ကရောမိ၊ ပြုပါ၏။ ဒုဗ္ဗလာယ၊ အားနည်းသော။ မေ၊ အကျွန်ုပ်၏။ ပုတ္တကေ၊ သားငယ်တို့ကို။ မာအဝဓိ၊ မသတ်ပါလင့်။ ။

ထိုဆင်သည် နှံစုတ်ငှက်မငယ်စကားကိုကြား၍။ ။

(၇၄၈)ဝမိဿာမိ တေ လဋုကိကေ ပုတ္တကာနိ၊ကိံ မေ တုဝံ ကာဟသိ ဒုဗ္ဗလာ-သိ။

သတံ သဟဿာနိပိ တာဒိသီနံ၊ဝါမေန ပါဒေန ပပေါထယေယျံ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၇၄၈)လဋုကိကေ၊ နှံစုတ်ငှက်မငယ်။ တေ၊ သင်၏။ ပုတ္တကာနိ၊ သားငယ်တို့ကို။ ဝမိဿာမိ၊ သတ်အံ့။ တွံ၊ သင်သည်။ ဒုဗ္ဗလာ၊ အားနည်းသည်။ အသိ၊ ၏။ တွံ၊ သင်သည်။ မေ၊ ငါ့အား။ ကိံကာဟသိ၊ အသို့ပြုနိုင်လတ္တံ့နည်း။ တာဒိသီနံ၊ သင်ကဲ့သို့သောငှက်တို့၏။ သတံသဟဿာနိပိ၊ တစ်သိန်းတို့ကိုသော်လည်း။ ဝါမေနပါဒေန၊ လက်ယာခြေမဟုတ်သေးဘူး လက်ဝဲခြေဖြင့်သာ။ ပပ္ဖေါဋယေယျံ၊ ငါသတ်အံ့။ ။

ဤသို့ဆို၍ထိုဆင်သည် နှံစုတ်ငှက်မသားတို့ကို ခြေဖြင့်ချေ၍ ကျင်ငယ်ဖြင့်မျောစဉ်၍မြည်ဟည်းလျက် ဖဲသွား၏။ နှံစုတ်ငှက်မသည်သစ်ခက်၌နား၍။ ဆင်မင်း၊ ယခုသင်မြည်လျက်သွား၏။ နှစ်ရက်သုံးရက်ဖြင့်ငါ့အမှုကိုမြင်ရလတ္တံ့။ ကိုယ်အားထက်ဉာဏ်အားကြီးသောအဖြစ်ကိုသင်မသိ။ သင်နိုင်သည်ဖြစ်စေဦး၊ သင့်ကိုသိစေအံ့ဟုခြိမ်းခြောက်လို၍လျှင်။ ။

(၇၄၉)န ဟေဝ သဗ္ဗတ္ထ ဗလေန ကိစ္စံ၊ဗလံ ဟိ ဗာလဿ ဝဓါယ ဟောတိ။

ကရိဿာမိ တေ နာဂရာဇာ အနတ္ထံ၊ယော မေ ဝဓီ ပုတ္တကေ ဒုဗ္ဗလာယ။ ။

ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။

(၇၄၉)နာဂ-ရာဇ၊ ဆင်မင်း။ သဗ္ဗတ္ထ၊ အလုံးစုံသောအရာ၌။ ဗလေနေဝ၊ ကိုယ်အားဖြင့်သာလျှင်။ ကိစ္စံ၊ ပြုအပ်သည်။ နဟောတိ၊ မဟုတ်သလျှင်ကတည်း။ ဟိသစ္စံ၊ မှန်၏။ ဗလံ၊ ကိုယ်အားသည်။ ဗာလဿ၊ သူမိုက်အား။ ဝဓာယ၊ သတ်ခြင်းငှါ။ ဟောတိ၊ ဖြစ်၏။ ယောတွံ၊ အကြင်သင်သည်။ ဒုဗ္ဗလာယ၊ အားနည်းသော။ မေ၊ ငါ၏။ ပုတ္တကေ၊ သားငယ်တို့ကို။။ ဝဓိ၊ သတ်၏။ တေ၊ သင်၏။ အနတ္ထံ၊ အကျိုးမဲ့ကို။ ကရိဿာမိ၊ ပြုအံ့။ ။

သဗ္ဗညုမြတ်စွာဘုရားသည်။ ရဟန်းတို့၊ ရန်မည်သည်ကိုတစ်စုံတစ်ယောက်သောသူနှင့်တကွမပြုအပ်၊ ဤသို့စဉ်အားနှင့် ပြည့်စုံသောဆင်ကို လေးခုကုန်သောသတ္တဝါတို့သည် တစ်ပေါင်းထည်းဖြစ်ကုန်၍ အသက်ကုန်ခြင်းသို့ရောက်စေကုန်၏ဟုပြတော်မူအံ့သောငှါ။ ။

(၇၅၀)ကာကဉ္စ ပဿ လဋုကိကံ၊မဏ္ဍူကံ နီလ-မက္ခိကံ။

ဧတေ နာဂံ အဃာတေသုံ၊ပဿ ဝေရဿ ဝေရီနံ။

တသ္မာ ဟိ ဝေရံ န ကယိရာထ၊အပ္ပိယေနပိ ကေနစိ။ ။

ဟူသောဤပဉ္စမအဘိသမ္ဗုဒ္ဓဂါထာကိုဟောတော်မူ၏။ ။

(၇၅၀)ဘိက္ခဝေ၊ ရဟန်းတို့။ ကာကဉ္စ၊ ကျီးကို၎င်း။ လဋုကိကဉ္စ၊ နှံစုတ်ငှက်မငယ်ကို၎င်း။ မဏ္ဍူကဉ္စ၊ ဖားကို၎င်း။ နီလ-မက္ခိကဉ္စ၊ ယင်မမဲရိုင်းကို၎င်း။ ပဿပဿထ၊ သင်တကာတို့ ရှုပါကုန်လဿေး။ ဧတေ၊ ထိုလေးခုသောသတ္တဝါတို့သည်။ နာဂံ၊ တောင်၏အလား ကြီးမားသောဆင်ပြောင်ကို။ အဃာတေသုံ၊ သတ်နိုင်ကုန်ပြီ။ ဝေရီနံ၊ ရန်သူတို့၏။ ဝေရဿ၊ ရန်၏။ ဂတိံ၊ ဖြစ်ခြင်းကို။ ပဿပဿထ၊ သင်တကာတို့ရှုပါကုန်လဿေး။ တသ္မာဟိ၊ ထို့ကြောင့်လျှင်။ အပ္ပိယေန၊ မချစ်အပ်သော။ ကေနစိပိ၊ တစ်စုံတစ်ယောက်သောသူနှင့်လည်း။ သဒ္ဓိံ၊ တကွ။ ဝေရံ၊ ရန်ကို။ နကယိရာထ၊ မပြုရာ။ ။

(ယူထ၌၊ယူဟု, ဒီဃ၊ထ ,ကားဒုတိယက္ခရာ။ ယူဓ,ဟု-စတုတ္ထက္ခရာမလို)။ ။

လဋုကိကဇာတကံ သတ္တမံ။၃၅၇။