(၇၁) နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ယောပုဗ္ဗေကရဏီယာနိ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဝရုဏဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ ကုဋုမ္ဗိယပုတ္တတိဿမထေရ်ကို အကြောင်းပြု၍ဟောတော်မူ၏။
ယော၊ အကြင်သူသည်။
ပုဗ္ဗေ၊ ရှေးလက်ဦးမဆွ၌။
ကရဏီယာနိ၊ ပြုအပ်သောအမှုတို့ကို။
ပစ္ဆာသော၊ နောက်မှ။
(သောကားပဉ္စမီဝိဘတ်၏ကာရိယတည်း)။
တနည်း။
ယောသော၊ အကြင်သူသည်။
ပုဗ္ဗေ၊ ၌။
ကရဏီယာနိ၊ တို့ကို။
ပစ္ဆာ၊ နောက်မှ။
ကာတုံ၊ ပြုခြင်းငှါ။
ဣစ္ဆတိ၊ အလိုရှိ၏။
သော၊ ထိုလက်ဦးမဆွပြုရမည်ကိုနောက်မှပြုခြင်းငှါအလိုရှိသောသူသည်။
ဝရုဏ-ကဋ္ဌ-ဘဉ္ဇော-ဝ၊ ခံတက်ထင်းစိမ်းချိုးသော လုလင်ပျင်းကဲ့သို့။
ပစ္ဆာ၊ နောက်၌။
အနု-တပ္ပတိ၊ အဖန်တလဲလဲစိုးရိမ်ပူပန်ရ၏။
ဝရုဏဇာတကံပဌမံ။၇၁။