(၁၂၈) နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ယောဝေ ဓမ္မံဓဇံကတွာ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဗိဠာရဝတဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သောအံ့ဘွယ်သရဲကိုဖြစ်စေတတ်သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။
ယောယောကောစိ၊ ခတ္တိယဗြာဟ္မဏစသည်တို့တွင်အကြင်အမှတ်မရှိသောသူသည်။ ဝေ၊ စင်စစ်။ ဓမ္မ-ဓဇံ၊ ဆယ်ပါးသောကုသလကမ္မပထတရားတည်းဟူသောတံခွန်ကို။ ကတွာ၊ ပြု၍။ ဘူတာနိ၊ သတ္တဝါတို့ကို။ ဝိဿာသယိတွာ၊ ဤမြေခွေးကား သီလရှိ၏ဟူသော အမှတ်ဖြင့်အကျွမ်းဝင်စေ၍။ နိဂူဠှော၊ လျှို့ဝှက်လျက်။ ပါပံ၊ မကောင်းမှုကို။ အာစရေ၊ ကျင့်၏။ တံဝတံ၊ တရားတံခွန်ဆောက်၍ဆိတ်ကွယ်ရာ၌ မကောင်းမှုကိုပြုသောသင်၏ ထိုအကျင့်သည်။ ဗိဠာရံနာမကေရာဋိကဝတံနာမ၊ စဉ်းလဲသောအကျင့်မည်၏။
ဗိဠာရဝတဇာတကံ အဋ္ဌမံ။၁၂၈။