မဟာ-ရာဇ၊ မြတ်သောမင်းကြီး။ ဥဘော၊ နှစ်ဦးသောသူတို့သည်။ ခဉ္ဇာ၊ ခြေခွင်ကုန်၏။ ဥဘော၊ နှစ်ဦးသောသူတို့သည်။ ကုဏီ၊ လက်ကောက်ကုန်၏။ ဥဘော၊ နှစ်ဦးသောသူတို့သည်။ ဝိသမ-စက္ခုကာ၊ မညီမညွတ်သော မျက်လုံးရှိကုန်၏။ ဝါ၊ မျက်စိစွေကုန်၏။ ဝါ၊ ဟောက်တွင်းအချောင်နက်သောမျက်စိရှိကုန်၏။ ။ (ကေကရာတိ ဂမ္ဘီရ- စက္ခုကာ။ ဇာတ်ဋီကာ)။ ဥဘိန္နံ၊ နှစ်ဦးသောသူတို့အား။ ပီဠကာ၊ ဦးခေါင်း၌မှဲ့တို့သည်။ ဇာတာ၊ ရောက်ကုန်၏။ အဟံ၊ အကျွန်ုပ်သည်။ အယံ၊ ဤသူသည်။ ဣလ္လိသောတိ၊ ဣလ္လိသသူဋ္ဌေးပင်ဟူ၍။ ဣလ္လိသံ၊ ဣလ္လိသကို။ နပဿာမိ၊ မြင်၍မသိနိုင်။ (ဓာတူနံအတ္ထာတိ သယတည်း။ နာဟံ ပဿာမီတိ အယံဣလ္လိသောတိ နဇာနာမိ။ဇာတ်ဋီကာ)။ ။
ဣလ္လိသဇာတကံအဋ္ဌမံ။၇၈။