Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

192. Sirikāḷakaṇṇijātakaṃ (2-5-2)

Author: နိဿယ-1 @ IAPT

ဣတ္ထိသိယာရူပဝတီ,ဤသို့အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသိရီကာဠကဏ္ဏိကဇာတ်သည် မဟာဥမင်္ဂဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ ။

ထိုမဟာဥမင်္ဂဇာတ်၌ ဝိဒေဟမင်းကြီးသည်။သိန်းသည်အဘယ်သို့သိရာအံ့နည်း။ ပညာရှိမဟော်သဓာကို မေးအံ့ဟုကြံ၍၊ ထိုမဟော်သဓာသုခမိန်ကိုမေးလိုရကား။ ။

(၂၃၁)ဣတ္ထီ သိယာ ရူပဝတီ၊သာ စ သီလဝတီ သိယာ။

ပုရိသော တံ န ဣစ္ဆေယျ၊သဒ္ဒဟာသိ မဟောသဓ။

ဟူသောပဌမဂါထာကိုဆို၏။ ။

(၂၃၅)မဟောသဓ၊ ချစ်သားမဟော်သဓာ။ တွံ၊ သင်သည်။ သဒ္ဒဟာသိ၊ ယုံ၏လော။ ‌ယောဣတ္ထီ၊ အကြင်မိန်းမသည်။ ရူပဝတီ၊ အဆင်းရူပကာယ်နတ်နှယ်တပဲလွန်ကဲသောအဆင်းရှိသည်။ သိယာ၊ ဖြစ်ရာ၏။ သာဣတ္ထီ၊ ထိုမိန်းမသည်။ သီလဝတီစ၊ အကျင့်အာစာရသီလနှင့်ပြည့်စုံသည်လည်း။ သိယာ၊ ဖြစ်ရာ၏။ တံဣတ္ထိံ၊ ထိုအဆင်းပြင်လျာသီလဝစာရဂုဏပြည့်စုံသောမိန်းမကို။ ပုရိသော၊ ယောက်ျားသည်။ နဣစ္ဆေယျ၊ အလိုမရှိသည်ဖြစ်ရာအံ့လော။ ။

မင်းကြီးဆိုသား။ ထိုစကားကို။ ကြားလတ်တုံသော်။ မြော်မြင်ရေးရာ။မတ်လိမ်မာသည်။ ။

(၂၃၆)သဒ္ဒဟာမိ မဟာရာဇ၊ပုရိသော ဒုဗ္ဘဂေါ သိယာ။

သိရီ စ ကာဠကဏ္ဏီ စ၊န သမန္တိ ကုဒါစနံ။

ဟူသောဤဒုတိယဂါထာကိုလျှောက်၏။ ။

(၂၃၆)မဟာ-ရာဇ၊ မြတ်သောမင်းကြီး။ သဒ္ဒဟာမိ၊ ယုံပေ၏။ ပုရိသော၊ ယောက်ျားသည်။ ဒုဘဂေါ၊ ဘုန်းနည်းသည်။ သိယာ၊ ဖြစ်ရာ၏။ သိရီစ၊ ဘုန်းကြက်သရေရှိသောသူသည်၎င်း။ ကလကာဏ္ဏီစ၊ ဘုန်းစက်ပါးရှားဝတ်စားညစ်ပုပ်သူယုတ်သည်၎င်း။ ကုဒါစနံ၊ တစ်ရံတစ်ဆစ်မျှ။ နသမန္တိ၊ ထက်အာကာဘီ,မြီနှင့်စပ်မျှ,မယှဉ်ကြသို့,တကွညီညွတ်ခြင်းသို့မရောက်ကုန်ရာ။

သိရီကာဠကဏ္ဏိဇာတကံဒုတိယံ။၁၉၂။