နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ဇီဝဝဿသတံဘဂ္ဂ, အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဘဂ္ဂဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၏အနီး၌ ပဿေနဒီကောသလမင်းကြီးသည် ဆောင်အပ်သောရာဇိကာရုံ၌ သီတင်းသုံးနေတော်မူစဉ်၊ကိုယ်တော်၏ချေတော်မူခြင်းကိုအကြောင်းပြု၍ ဟောတော်မူ၏။
ဘုရားလောင်းသည် ထိုဘီလူးဆင်းသည်ကိုမြင်၍ ဤဘီလူးသည် ငါ၏အဘကိုချေစေအပ်သည်ဖြစ်လတ္တံ။ ဤဘီလူးသည်ချေသည်ရှိသော် အသက်ရှည်စေသောဟူ၍ မဆိုသောသူကို စားသောဘီလူးသည်ဖြစ် လတ္တံ့ဟုနှလုံးပြု၍အဘကိုရည်မှတ်၍။
(၁၅၉) ဇီဝ ဝဿသတံ ဘဂ္ဂ၊အပရာနိ စ ဝီသတိ။
မာမံ ပိသာစာ ခါဒန္တု၊ဇီဝ တွံ သရဒေါ သတံ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။
ထိုပုဏ္ဏားသည်ထိုဘီလူးလာလတ်သည်ကိုမြင်၍ဘီလူးသည်အတုံ့အသက်ရှည်စေသောဟူ၍ မဆိုကုန်သောသူတို့ကို စားတတ်သောဘီလူးသည်ဖြစ်လတ္တံ့။ တုံ့၍အသက်ရှည်စေဟုဆိုခြင်းကိုပြုအံ့ ဟုကြံ၏။ ကြံပြီး၍ထိုပုဏ္ဏားသည်သားကိုအာရုံပြု၍။ ။
(၁၆၀)တွံပိ ဝဿသတံ ဇီဝ၊ အပရာနိ စ ဝီသတိ။
ဝိသံ ပိသာစာ ခါဒန္တု၊ဇီဝ တွံ သရဒေါ သတံ။
(၁၆ဝ) ပုတ္တ၊ ချစ်သား။ တွံပိ၊ ချစ်သားသည်လည်း။ ဝဿ-သတံ၊ အနှစ်တစ်ရာပတ်လုံး၎င်း။ အပရာခို၊ ထိုမှတစ်ပါးကုန်သော။ ဝီသတိစ၊ အနှစ်နှစ်ဆယ်တို့ပတ်လုံး၎င်း။ ဇီဝ၊ အသက်ရှည်စေသော။ ဝိသာစာ၊ လူသားစားကြူးဘီလူးတို့သည်။ ဝိသံ၊ လတ်တလောသေစေတတ်သောအဆိပ်ကို။ ခါဒန္တု၊ စားရစေကုန်သတည်း။ တွံ၊ ချစ်သားမူကား။ ဝီသု-တ္တရံ၊ နှစ်ဆယ်အလွန်ရှိသော။ သရဒေါ-သတံ၊ အနှစ်တစ်ရာပတ်လုံး။ ဇီဝ၊ အသက်ရှည်စေသော။ (ဤဇာတ်၌၊ဇီဝတွံသရဒေါသတန္တိ တွံပနဝီသုတ္တရံဝဿသတံဇီဝါဟိ၊ သရဒေါသတဉှိဂဏှိယမာနံဝဿသတမေဝဟောတိ၊တံပုရိမေဟိဝီသာယသဒ္ဓိံဝီသုတ္တရံဣဓအဓိပ္ပေတော။ ဟူသောအဋ္ဌကထာအလို၊သရဒသဒ္ဒါသည်သရဒဥတုကိုဟောသတည်း။ သရဒဥတုတရာအရေအတွက် ရှိကလည်း အနှစ်တစ်ရာပင် ဖြစ်၍အနှစ်တစ်ရာဟူသောအနက်ကိုဆိုသတည်း။ ဝဿသံဝစ္ဆရောနိတ္ထီ၊သရဒေါဟာယနောသမာ၊ ဤအဘိဓာန်အလို။ ဝဿ၊သံဝစ္ဆရ၊သရဒ၊ဟာယန,တို့သည်နှစ်ဟောပရိယာယ်ချည်းဖြစ်သည်ဟု မှတ်ရာသည်)။ ။
ဘဂ္ဂဇာတကံပဉ္စမံ။ ။