Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

97. Nāmasiddhijātakaṃ

Author: နိဿယ-1 @ IAPT

(၉၇)နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဇီဝကဉ္စမတံဒိသွာ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤနာမသိဒ္ဓိဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ အမည်ဖြင့်ပြီးခြင်းကိုအလိုရှိသော တစ်ယောက်သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။

ဇီဝကဉ္စ၊ ငသက်ရှည်ကိုလည်း။ မတံ၊ သေသည်ကို။ ဓန-ပါလိဉ္စ၊ သူဋ္ဌေးမကိုလည်း။ ဒုဂ္ဂတိံ၊ ဆင်းရဲသည်ကို။ ပန္ထကဉ္စ၊ ငလမ်းကိုလည်း။ ဝနေ၊ တော၌။ မူဠှံ၊ လမ်းမှားသည်ကို။ ဒိသွာ၊ မြင်၍။ ပါပကော၊ ငယုတ်မာသည်။ ပုနရာဂတော၊ အမည်၌လျစ်လျူဖြစ်၍ တဖန်ဆရာ့ထံသို့ပြန်လာ၏။

နာမသိဒ္ဓိဇာတကံသတ္တမံ။၉၇။