Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

240. Mahāpiṅgalajātakaṃ (2-9-10)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သဗ္ဗောဇနော, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမဟာပိင်္ဂလဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါတစ်ယောက်သောတံခါးစောင့်သည်မဝေးလွန်းသောအရပ်၌တည်၍ပြင်းစွာသောထွက်သက်ဝင်သက်ကိုဖြစ်စေလျက်ငို၏။ ဘုရားလောင်းသည်ထိုတံခါးစောင့်ကိုမြင်၍၊ အချင်းတံခါးစောင့်၊ ငါ၏အဘသေသည်ရှိသော်၊ ခပ်သိမ်းကုန်သောသူတို့သည် နှစ်သက်ရွှင်လန်းကုန်သည်ဖြစ်၍ ပွဲလမ်းသဘင်ကိုကစားကုန်၏၊ သွားလာကုန်၏။ သင်တမူကားငိုလျက်တည်၏။ ငါ၏ခမည်းတော်ကို သင်သည် ချစ်လေးမြတ်သလောဟုမေးတော်မူလိုသည်ဖြစ်၍။ ။

(၃၃၅)သဗ္ဗော ဇနော ဟိံသိတော ပိင်္ဂလေန၊တသ္မိံ မတေ ပစ္စယာ ဝေဒယန္တိ။

ပိယော နု တေ အာသိ အကဏှ-နေတ္တော၊ကသ္မာ နု တွံ ရောဒသိ ဒွါရပါလ။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၃၃၅)ဘောဒွါရပါလ၊ အိုတံခါးစောင့်။ ပိင်္ဂလေန၊ ပိင်္ဂလမင်းသည်။ သဗ္ဗော၊ အလုံးစုံသော။ ဇနော၊ တိုင်းသူပြည်သူအပေါင်းကို။ ဟိံသိတော၊ ညှဉ်းဆဲအပ်၏။ တသ္မိံ၊ ထိုပိင်္ဂလမင်းသည်။ မတေ၊ သေသည်ရှိသော်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဇနာ၊ တိုင်းပြည်သူတို့သည်။ ပစ္စယာပီတိယော၊ နှစ်သက်ခြင်းတို့ကို။ ဝေဒယန္တိ၊ ခံစားကုန်၏။ တေ၊ သင်သည်တမူကား။ အကဏှ-နေတ္တော၊ မျက်နက်မရှိ၊ကြောင်သည်အတိဖြစ်၍၊ အကဏှနေတ္တဟုဆိုအပ်သော ပိင်္ဂလမင်းကို။ ပိယောနု၊ ချစ်အပ်သလော။ တွံ၊ သင်သည်။ ကသ္မာ၊ အဘယ့်ကြောင့်။ ရောဒသိနု၊ ရှိုက်ကြီးငင်ကြီးငိုဘိသနည်း။ ။

ထိုတံခါးစောင့်သည် ထိုဘုရားလောင်း၏ စကားကိုကြား၍၊ မြတ်သောမင်းကြီး၊ အကျွန်ုပ်သည်သေသောပိင်္ဂလမင်းကိုအောက်မေ့၍မငို။ အကျွန်ုပ်၏ဦးခေါင်းအားချမ်းသာခြင်းသည်ဖြစ်ပေပြီ။ ထိုစကားသည် မှန်၏။ ပိင်္ဂလမင်းသည် ပြာသာဒ်မှသက်သော်၎င်းတက်သော်၎င်း၊ ပန်းပဲတို့၏ပေ၌တူဖြင့်ရိုက်ဘိသကဲ့သို့ အကျွန်ုပ်၏ဦးခေါင်း၌ရှစ်ချက်ရှစ်ချက် ရိုက်ခြင်းကိုပေး၏။ ထိုပိင်္ဂလမင်းသည်တမလွန်ဘဝသို့လား၍လည်း ငါ၏ဦးခေါင်း၌ရိုက်ခြင်းကိုပေးဘိသကဲ့သို့ငရဲစောင့်တို့၏ ဦးခေါင်း၌ရိုက်ခြင်းကိုပေးလတ္တံ့၊ ထိုငရဲထိန်းတို့၏ ဦးခေါင်း၌ရိုက်ခြင်းကို ပေးလတ်သည်ရှိသော်၊ ထိုပိင်္ဂလမင်းကို ထိုငရဲထိန်းတို့သည် ဤမင်းသည်ကား ငါတို့ကိုအလွန်လျှင် ညှဉ်းဆဲ၏ဟု ဤအရပ်သို့သာလျှင် တဖန်ပို့လိုက်ကုန်၍လွတ်လာရာ၏။ ထိုသို့လွတ်လာသည်ရှိသော်၊ ထိုပိင်္ဂလမင်းသည် တဖန်လည်း အကျွန်ုပ်၏ ဦးခေါင်း၌ ရိုက်ခြင်းကိုပေးပြန်ရာ၏။ ဤသို့ကြောက်သောကြောင့်ငို၏ဟုဤသို့သောအနက်ကိုပြလို၍။ ။

(၃၃၆)နမေ ပိယော အာသိ အကဏှ-နေတ္တော၊ဘာယာမိ ပစ္စာဂမနာယ တဿ။

ဣတော ဂတော ဟိံသေယျ မစ္စု-ရာဇံ၊သော ဟိံသိတော အာနေယျ ပုန ဣဓ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၃၃၆)မဟာ-ရာဇ၊ မြတ်သောမင်းကြီး။ မေ၊ အကျွန်ုပ်သည်။ အကဏှနေတ္တော၊ ပိင်္ဂလမင်းကို၊ မင်းသည်။ ပိယော၊ ချစ်အပ်သည်။ နအာသိ၊ မဖြစ်။ သော၊ ထိုပိင်္ဂလမင်းသည်။ ဣတော၊ ဤဘဝမှ။ ဂတော၊ တမလွန်ဘဝသို့ရောက်သည်ရှိသော်။ မစ္စု-ရာဇံ၊ သေမင်းကို။ ဝါ၊ ငရဲမင်းကို။ ဟိံသေယျ၊ ညှဉ်းဆဲရာ၏။ ဟိံသိတော၊ ညှဉ်းဆဲခြင်းကြောင့်။ တံ၊ ထိုပိင်္ဂလမင်းကို။ မစ္စုရာဇာ၊ သေမင်းသည်။ ဣဓ၊ ဤအရပ်သို့။ ပုန၊ တဖန်။ အာနယေယျ၊ ပို့လာပြန်ရာ၏။ တဿ၊ ထိုပိင်္ဂလမင်း၏။ ပစ္စာဂမနာယ၊ တဖန်ပြန်၍လာခြင်းမှ။ ဘာယာမိ၊ အကျွန်ုပ်ကြောက်၏။ ။

ထိုအခါ ထိုတံခါးစောင့်ကို ဘုရားလောင်းသည် ထိုပိင်္ဂလမင်းကို ထင်းအစီးတစ်ထောင်တို့ဖြင့် သင်္ဂြိုဟ်အပ်လေပြီ။ ရေအိုးတစ်ရာဖြင့်သင်းချိုင်းကိုသွန်းလောင်းအပ်လေပြီ။ သင်္ဂြိုဟ်အပ်ပြီးသောပိင်္ဂလမင်း၏ သင်းချိုင်းမြေကိုလည်း ထက်ဝန်းကျင်မှ တူးဆွလေပြီ။ ပြကတေ့အားဖြင့်လည်းတမလွန်ဘဝသို့သွားကုန်သောသူတို့မည်သည် တစ်ပါးသောဘဝ၌တည်ရာ နေရာရလေကုန်၏။ တဖန်ထိုကိုယ်ဖြင့်လျှင် မလာနိုင်ကုန်။ သင်သည်မကြောက်လင့်ဟုတံခါးစောင့်ကိုနှစ်သိမ့်စေလျက်။ ။

(၃၃၇)အဍ္ဎော ဝါဟ-သဟဿေဟိ၊သိတ္တော ဃဋ-သတေဟိ သော။

ပရိက္ခတာ စ သာ ဘူမိ၊မာ ဘာယိ နာ-ဂမိဿတိ။ ။

ဟူသောဤဂါထာကိုဆို၏။ ။

(၃၃၇)ဒေါဝါရိက၊ တံခါးစောင့်။ သော၊ ထိုပိင်္ဂလမင်းကို။ ဝါဟ-သဟဿေဟိ၊ လှည်းတစ်ထောင်တိုက်ထင်းတို့ဖြင့်။ ဒဍ္ဎော၊ မီးတိုက်အပ်ပြီ။ ဃဋ-သတေဟိ၊ ရေအိုးတစ်ရာတို့ဖြင့်။ သိတ္တော၊ ရေသွန်းအပ်ပြီ။ သာစဘူမိ၊ ထိုသင်းချိုင်းရာမြေကိုလည်း။ ပရိက္ခတာ၊ ထက်ဝန်းကျင်မှ တူးဆွအပ်ပြီ။ တွံ၊ သင်သည်။ မာဘာယိ၊ မကြောက်လင့်။ ပိင်္ဂလော၊ ပိင်္ဂလမင်းသည်။ နာဂမိဿတိ၊ မလာလတ္တံ့။ ။

ထိုအခါမှစ၍တံခါးစောင့်သည် သက်သာရာရ၏။ ။ (ဤဩသာနဂါထာသည် တံခါးစောင့်အားဘုရားလောင်းသက်သာစေသော စကားမျှဖြစ်၍ ပဋ္ဌာနမဟုတ်သေး၊ ရှေးပဋ္ဌာနဖြစ်သော ပုစ္ဆာဝိဿဇ္ဇနာနှစ်ဂါထာကိုစွဲ၍ဒုကနိပါတ်၌ဆိုအပ်သည်)။ ။

မဟာပိင်္ဂလဇာတကံ ဒသမံ။၂၄၀။ ဥပါဟနဝဂ္ဂေါ နဝမော။ တဿုဒ္ဒါနံ။ ။

ဥပါဟနံ,ပီဏာဂုဏံ,၊ပိကဏ္ဏကံ,အသိတာဘူ,။

ဂစ္ဆနခံ,ဗကဉ္စေဝ,၊သာကေတဉ္စ,ဧကံပဒံ,၊ဟရိတာမာတု,ပိင်္ဂလံ,။ ။