နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဟံသောပလာသမဝစ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤပလာသဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ကိလေသာကိုနှိပ်ခြင်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။
ဟင်္သာမင်းသည် ထိုပညောင်ပင်ငယ်ကိုမြင်၍ရုက္ခစိုးနတ်ကိုခေါ်၍၊ အဆွေ ပေါက်ပင်စောင့်နတ်၊ ပညောင်ပင်မည်သည်ကား ကြီးသည်ရှိသော် ရောက်ရာသစ်ပင်ကို ဖျက်ဆီးတတ်၏။ ဤပညောင်ပင်အား ကြီးစိမ့်သောငှါ မပေးလင့်။ သင်၏ဗိမာန်ကို ဖျက်ဆီးလတ္တံ့။ မဆွကလျှင် ပညောင်ပင်ကိုနုတ်၍စွန့်ပစ်လော့။ ရွံရှာဖွယ်နှင့်ယှဉ်သော ဝတ္ထုမည်သည်ကို ရွံရှာခြင်းငှါသင့်၏ဟု ပေါက်ပင်စောင့်နတ်နှင့် တကွတိုင်ပင်လိုရကား။ ။
(၈၁၁)ဟံသော ပလာသ-မဝစ၊နိဂြောဓေါ သမ္မ ဇာယတိ။
အင်္ဂသ္မိံ တေ နိသိန္နော-ဝ၊သော တေ ဓမ္မာနိ ဆိဇ္ဇတိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ဤဂါထာ၌ပဌမပါဒကိုဘုရားဖြစ်တော်မူပြီးမှ သဗ္ဗညုမြတ်စွာဘုရား ဟောတော်မူ၏။ ။
(၈၁၁)ဟံသော၊ ရွှေဟင်္သာမင်းသည်။ ပလာသံ၊ ပေါက်ပင်စောင့်နတ်ကို။ အဝစ၊ ဆို၏။ ကိံအဝစ၊ အဘယ်သို့ဆိုသနည်းဟူမူကား။ သမ္မ၊ အဆွေပေါက်ပင်စောင့်နတ်။ တေ၊ သင်၏။ အင်္ဂသ္မိံ၊ သစ်ခွ၌။ နိသိန္နောဝ၊ တည်လျက်လျှင်။ နိဂြောဓော၊ ပညောင်ပင်သည်။ ဇာယတိ၊ ပေါက်၏။ သော၊ ထိုပညောင်ပင်သည်။ တေ၊ သင်၏။ အင်္ဂေ၊ သစ်ခွ၌။ သံဝဍ္ဎော၊ ကြီးပွါးသည်ဖြစ်၍။ သပတ္တောဝိယ၊ ရန်သူကဲ့သို့။ (ထည့်)။ ဓမ္မာနိ၊ ဇီဝိတိန္ဒြေတို့ကို။ ဆိဇ္ဇတိဆိန္ဒိဿတိ၊ ဖြတ်လတ္တံ့။ ။
(ဇီဝိတသင်္ခါရာဟိဣဓဓမ္မာနီတိဝုတ္တာ)။
ထိုစကားကိုကြား၍ ရွှေဟင်္သာ၏စကားကိုမယူလိုသည်ဖြစ်၍ပေါက်ပင်စောင့်နတ်သည်။ ။
(၈၁၂)ဝဍ္ဎိတ-မေဝ နိဂြောဓော၊ပတိဋ္ဌဿ ဘဝါမ-ဟံ။
ယထာ မာတာ ဝါ ပိတာ ဝါ၊ဧဝံ မေ သော ဘဝိဿတိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုနောင်မှဟင်္သာမင်းသည်။ ။
(၈၁၃)ယံ တွံ အင်္ကသ္မိံ ဝဍ္ဎေသိ၊ခီရရုက္ခံ ဘယာနကံ။
အာမန္တ ခေါ တံ ဂစ္ဆာမ၊ဝုဍ္ဎိ မဿ န ရုစ္စတိ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ဤသို့ဆို၍ ဟင်္သာမင်းသည် အတောင်တို့ကိုဖြန့်၍ စိတ္တကုဋ်တောင်သို့လျှင်သွား၏။ ထိုအခါမှစ၍တဘန်မလာ။ နောက်အဖို့၌ပညောင်ပင်သည် ကြီး၏။ ထိုပညောင်ပင်၌ တစ်ဦးသော ရုက္ခစိုးနတ်သည် ဖြစ်၏။ ပညောင်ပင်သည်ကြီးလတ်သော် ပေါက်ပင်ကိုဖျက်ဆီး၏။ အခက်တို့နှင့် တကွလျှင် ရုက္ခစိုးနတ်ဗိမာန်သည်ကျ၏။ ရုက္ခစိုးနတ်သည် ထိုအခါ၌ ဟင်္သာမင်းစကားကိုမှတ်၍ လာလတ္တံ့သောဘေးကိုမြင်၍ ဟင်္သာမင်းသည် ဆို၏။ ငါသည်ကားဟင်္သာမင်း၏စကားကိုမလိုက်နာမိဟု ငိုကြွေးလိုရကား။ ။
(၈၁၄)ဣဒါနိ ခေါ မံ ဘာယေတိ၊မဟာ-နေရု-နိဒဿနံ။
ဟံသဿ အနဘိညာယ၊မဟာ မေ ဘယမာဂတံ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
သဗ္ဗညုမြတ်စွာဘုရားဖြစ်တော်မူ၍။ ။
(၈၁၅)န တဿ ဝုဍ္ဎိ ကုသလပ္ပသတ္ထာ၊ယော ဝဍ္ဎမာနော ဃသတေ ပတိဋ္ဌံ။
တဿူပရောဓံ ပရိသင်္ကမာနော၊ပတာရယီ မူလဝဓါယ ဓီရော။ ။
ဟူသောဤပဉ္စမဂါထာကိုဟောတော်မူ၏။ ။
(၈၁၅)ဘိက္ခဝေ၊ ရဟန်းတို့။ ယောဓမ္မော၊ အကြင်တရားသည်။ ဝဒ္ဓမာနော၊ ပွါးသည်ရှိသော်။ အတ္တနော၊ မိမိ၏။ ပတိဋ္ဌံ၊ တည်ရာကို။ ဃသတေ၊ ဖျက်ဆီး၏။ တဿ၊ ထိုတရား၏။ ဝဒ္ဓိ၊ ပွါးခြင်းကို။ နကုသလပ္ပသဋ္ဌာ၊ ပညာရှိတို့သည်မချီးမွမ်းအပ်။ တဿ၊ ထိုတရား၏။ ဥပရောဓံ၊ ဖျက်ဆီးခြင်းကို။ ပရိသင်္ကမောနာ၊ ရွံရှာသော။ ဓီရော၊ ပညာရှိသည်။ မူလဝဓာယ၊ အမြစ်အရင်းနှင့်တကွဖျက်ဆီးခြင်းငှါ။ ပတာရယိ၊ လုံ့လပြု၏။ ။
သောတေဓမ္မာနိဆိဇ္ဇတီတိသောတေ အင်္ဂေသံဝဍ္ဎောသပတ္တောဝိယ ဆိန္ဒိဿတီတိအတ္ထော,ဟု-အဋ္ဌကထာဟောရကားဂစ္ဆတိရှိသည်မသင့်။ ဝဒ္ဓိမဿ၌၊ဝဒ္ဓိမေအဿ,ဖြတ်။ ဝဒ္ဓိကားနရုစ္စတိ၏ကတ္တားတည်း။ မေကားသမ္ပဒါန်တည်း။ အဿကားဝဒ္ဓိ၏သမ္ဗန်တည်း။ နတဿဝဒ္ဓိကား။ ပသဋ္ဌာ၌ တပစ္စည်း ဟောအပ်သောကံဖြစ်၍ပဌမန္ထသင့်သည်။ ဒုတိယန္ထမသင့်)။ ။
ပလာသဇာတကံ ဒသမံ။၃၇၀။ ဝဏ္ဏာရောဟဝဂ္ဂေါ ဒုတိယော။ ။