Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

53. Puṇṇapātijātakaṃ

Author: နိဿယ-1 @ IAPT

(၅၃) နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ကထေဝပုဏ္ဏါပါတိယော, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤပုဏ္ဏပါတိဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ အဆိပ်ခတ်သောဆေးကို အကြောင်းပြု၍ဟောတော်မူ၏။

ပါတိယော၊ သေခွက်တို့သည်။ တထေဝ၊ ထိုရှေးငါမြင်သည်နှင့်အတူသာလျှင်။ ပုဏ္ဏာ၊ ပြည့်ကုန်၏။ ယာအယံကထာ၊ အကြင်သူတို့သေကိုချီးမွမ်းသောစကားသည်။ ဝတ္တတေ၊ ဖြစ်၏။ သာကထာ၊ ထိုစကားသည်။ အညာ၊ မြင်သည်မှတစ်ပါးဖြစ်၍။ အ-ဘူတာ၊ မဟုတ်မမှန်ခဲ့။ (ထည့်)။ အာ-ကာရဏေန အာရက ကာရဏေန၊ အမြင်နှင့်အပြောသဘောဝေးကြသောအကြောင်းကြောင့်။ စဧကန္တေန၊ စင်စင်သဖြင့်။ အယံသုရာ၊ ဤသေသည်။ နဘဒ္ဒိကာ၊ မကောင်းဟူ၍။ ဇာနာမိ၊ ငါသိရ၏။ ။

ပုဏ္ဏပါတိဇာတကံတတိယံ။၅၃။