Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

11. Lakkhaṇamigajātakaṃ

Author: နိဿယ-1 @ IAPT

(၁၁) နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောမြတ်စွာဘုရားသည်။ ဟောတိသီလဝတံ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်ဆပ်သော ဤလက္ခဏဇာတ်ကို၊ရာဇဂြိုဟ်ပြည်ဝေဠုဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ ဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

သီလဝတံ၊ ကောင်းသောအကျင့်သီလရှိကုန်သော။ ပဋိသန္ဓာရဝုတ္တီနံ၊ ဓမ္မ ပဋိသန္ဓာရ,အာမိသ ပဋိသန္ဓာရ, ဟူသောဖြစ်ခြင်းရှိကုန်သောသူတို့အား။ အတ္ထော၊ အစီးအပွါးသည်။ ဟောတိ၊ ဖြစ်၏။ ဉာတိ-သံဃ-ဝုရက္ခိတံ၊ ဆွေမျိုးအပေါင်းခြံရံလျက်။ အာယန္တံ၊ လာလတ်သော။ လက္ခဏံ၊ လက္ခဏကို။ ပဿ၊ ရှုလော့။ အထ၊ ထိုသို့မဟုတ်။ ဉာတိဘိ၊ ဆွေမျိုးအပေါင်းတို့မှ။ သုဝိဟီနံဝ၊ အလွန်ပျက်စီးဆုတ်ယုတ်သည်ဖြစ်၍လျှင်။ ဧကကံ၊ တစ်ကောင်ထီးတည်း။ အာယန္တံ၊ လာသော။ ဣမံကာဠံ၊ ဤကာဠမည်သောသမင်ကို။ ပဿသိ၊ ရှုလော့။ ။

(ဤဂါထာ၌မကောင်းသည်မှကြဉ်စေခြင်းအဆုံးအမ၏အစွမ်းအားဖြင့်ဓမ္မပဋိသန္ဓာရကိုသိအပ်၏။ ကျက်စားရာသို့သွားခြင်း၊နာသူတို့အားလုပ်ကျွေးခြင်း၊တရားနှင့်လျော်စွာစောင့်ရှောက်ခြင်း၏ အစွမ်းဖြင့် အာမိသပဋိသန္ဓာရကို သိအပ်၏။ ဤနှစ်ပါးသော ပဋိသန္ဓာရ၌ တည်ကုန်သောကောင်းသော အကျင့်နှင့် ပြည့်စုံကုန်သော ပညာရှိတို့အား အစီးအပွါး မည်သည်ဖြစ်၏၊ဆိုလိုသည်)။ ။

လက္ခဏဇာတကံပဌမံ။ ။