(၂၁)နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ဉာတမေတံ ကုရုင်္ဂဿ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤကုရုင်္ဂဇာတ်ကို၊ဝေဠုကျောင်း၌နေတော်မူစဉ်၊ဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။
သေပဏ္ဏိ၊ ယမနေပင်။ တွံ၊ သင်သည်။ ယံသိယျသိ၊ အကြင်ငါ့ရှေ့သို့သစ်သီးကိုဖရိုဖရဲကြဲ၏။ ။ (သိယျသီတိဝိကိရေသိ။ ဋီကာ)။ ။ ဧတံ၊ ထိုအကြောင်းကို။ ကုရုင်္ဂဿ၊ ဆတ်သည်။ ဉာတံ၊ သိအပ်ပြီ။ တနည်း။ ဧတံ၊ ထိုအကြောင်းသည်။ ကုရုင်္ဂဿ၊ ဆတ်အား။ ဉာတံ၊ ထင်ရှားပြီ။ မေ၊ ငါသည်။ တေ၊ သင်သစ်ပင်၏။ ဖလံ၊ အသီးကို။ နရုစ္စတေ၊ မနှစ်သက်အပ်။ တနည်း။ တေ၊ သင်သစ်ပင်၏။ ဖလံ၊ အသီးသည်။ မေ၊ ငါအား။ နရုစ္စတေနရုစိံဥပ္ပါဒေတိ၊ နှစ်သက်ခြင်းကိုမဖြစ်စေ။ သေပဏ္ဏိ၊ ယမနေပင်။ အဟံ၊ ငါသည်။ အညံ၊ တစ်ပါးသောသစ်ပင်သို့။ ဂစ္ဆာမိ၊ သွားအံ့။
ကုရုင်္ဂမိဂဇာတကံ ပဌမံ။ ။