Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

4. Asadisavaggo

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ဓနုဂ္ဂဟော အသဒိသော,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤအသဒိသဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံး နေတော်မူစဉ်၊ မြတ်သော တောထွက်တော်မူခြင်းကို အကြောင်းပြု၍ဟောတော်မူ၏။ ။

သဗ္ဗညုမြတ်စွာဘုရားသည်၊ ရဟန်းတို့၊ ဤသို့ အသဒိသမင်းသားသည်ခုနှစ်ပြည်ထောင်သောမင်းတို့ကိုပြေးစေ၍အောင်မြင်ပြီးသောစစ်ပွဲရှိသည်ဖြစ်၍ ရသေ့ရဟန်းအဖြစ်သို့ကပ်လေ၏ဟု ပြတော်မူလိုရကား ဘုရားအဖြစ်သို့ရောက်တော်မူပြီး၍။ ။

(၂၁၃)ဓနုဂ္ဂဟော အသဒိသော၊ရာဇ-ပုတ္တော မဟ-ဗ္ဗလော။

ဒူရေ-ပါတီ အက္ခဏ-ဝေဓီ၊မဟာ-ကာယ-ပ္ပဒါလနော။ ။

(၂၁၄)သဗ္ဗာ-မိတ္တေ ရဏံ ကတွာ၊န စ ကဉ္စိ ဝိဟေဌယိ။

ဘာတရံ သောတ္ထိံ ကတွာန၊သံယမံ အဇ္ဈုပါဂမိ။ ။

ဟူသောဤနှစ်ပါးသောအဘိသမ္ဗုဒ္ဓဂါထာတို့ကိုဟောတော်မူ၏။ ။

(၂၁၃-၂၁၄)ဘိက္ခဝေ၊ ရဟန်းတို့။ မဟ-ဗ္ဗလော၊ ကြီးမားသောကာယဗလဉာဏဗလရှိထသော။ ဒူရေ-ပါတီ၊ ဝေးစွာသောစတုမဟာရာဇ် တာဝတိံသာတိုင်အောင်သောအရပ်သို့မြားကိုရောက်စေနိုင်ထသော။ အက္ခဏဝေဓီ၊ မချွတ်မယွင်းပစ်နိုင်ထသော။ ဝါ၊ လျှပ်တပြက်ခဏ၌လျှပ်ရောင်ဖြင့် ခုနစ်ကြိမ်ရှစ်ကြိမ်တိုင်မြားကိုကိုင်၍ပစ်နိုင်ထသော။ မဟာကာယပ္ပဒါလနော၊ ဓမ္မ,ဒါရု,လောဟ,အယ,ဝါလိက,ဥဒက,ဖလက,ဟု၊ ဆိုအပ်သော ခုနှစ်ပါးကြီးမားသော အစုအပေါင်းကို ထုတ်ချင်းထွင်း အောင်ပစ်နိုင်ထသော။ ရာဇ-ပုတ္တော၊ ဗာရာဏသီပြည့်ရှင်မင်း၏သားတော်အကြီးဖြစ်ထသော။ အသဒိသော၊ ဗလဝီရိယပညာတို့ဖြင့် သူတကာမတူနိုင်သည်ဖြစ်၍ အသဒိသ,မည်ကျော်ရသော။ ဓနုဂ္ဂဟော၊ လေးသမားကျော်သည်။

သဗ္ဗာမိတ္တေ၊ ခုနှစ်ပြည်ထောင်ရန်သူကုန်အောင်တို့ကို။ ရဏံကတွာ၊ စစ်ထိုးခြင်းကိုပြု၍။ (တနည်း)။ ရဏံကတွာစုဏ္ဏဝိစုဏ္ဏံကတွာ၊ မြူမှုန့်ကဲ့သို့ဖရိုဖရဲကွဲပြားလွင့်ပြေးသည်ကိုပြု၍။ ပလာပေသိ၊ ပြေးစေ၏။ ကိဉ္စိစ၊ တစ်စုံတစ်ယောက်ကိုမျှလည်း။ နဝိဟေဌယိ၊ သွေးတစ်စက် မျှမထွက်စေဘဲ မညှဉ်းဆဲမနှိပ်စက်။ သော၊ ထိုအသဒိသလေးသမားကျော်သည်။ ဘာတရံ၊ ညီတော်ကို။ သောတ္ထိံ ကတွာန၊ ချမ်းသာသည်ကိုပြု၍။ သံယမံ၊ သီလကိုစောင့်ရှောက်သောရသေ့ရဟန်းအဖြစ်သို့။ အဇ္ဈုပါဂမိ၊ ကပ်လေ၏။ (အက္ခဏဝေဓိတိအဝိရာဓိတဝေဓိ,ဟူသောအဋ္ဌကထာအလို၊အခလိတ, ဆိုလိုလျက်၊အက္ခဏ,ဆိုသတည်း။ ။ အထဝါအက္ခဏံဝုစ္စတိဝိဇ္ဇု။ ယာဝဧကာဝိဇ္ဇုနိစ္ဆရတိတာဝတေနောဘာသေန သတ္တဋ္ဌဝါ ရေကဏ္ဍာနိဂဟေတွာ ဝိဇ္ဈတီတိအက္ခဏဝေဓိ။ ဤအလိုသော်၊အ,ကား ခုဒ္ဒကအနက်။ နခဏံ အက္ခဏံ,ပြု၍ငယ်သောခဏဟုဆိုအပ်သောဝိဇ္ဇု,ကိုရသတည်း။ အက္ခဏေသတ္တဋ္ဌဝါရေဝိဇ္ဈတီတိအက္ခဏဝေဓီ, ဟူလိုသည်။ မဟန္တေကာယေပဒါလေတီတိ မဟန္တကာယပ္ပဒါလနော,ပြု။ ။ စ,ဒါ,လော,အ။ ဝါ,ဥ,ပ။ သတ္တကြီးကာယာ။ ထိုခုနှစ်ပါးတို့တွင်၊ တစ်ပါးသော လေးသမားသည် စမ္မကာယ,ကိုထွင်းဖောက်စေသည်ရှိသော်မဟိံ သစမ္မကိုသော်လည်း ထွင်းဖောက်နိုင်၏။ အသဒိသလေးသမားကျော်မူကားမဟိံ သစမ္မတို့၏ အထပ်တစ်ရာကိုသော်လည်း ထွင်းဖောက်နိုင်၏။ တစ်ပါးသောလေးသမားသည်လက်ရှစ်​သစ်ထူသောရေသဖန်းပျဉ်,လက်လေးသစ်ထူသော ပိတောက်ပျဉ်ကို ထွင်းဖောက်နိုင်၏။ အသဒိသလေးသမားကျော်မူကားတစပ်ထည်း ထပ်သောပျဉ်ချပ် တစ်ရာကိုသော်လည်း ထွင်းဖောက်နိုင်၏။ ထိုမှတစ်ပါးလက်ရှစ်သစ်ထူသောကြေးနီပြား,လက်ရှစ်သစ်ထူသောသံပြားကိုလည်းထွင်းဖောက်နိုင်၏။ သဲဖြင့်ပြည့်သောလှည်း, ပျဉ်ချပ်ဖြင့်ပြည့်သောလှည်း, ကောက်ရိုးဖြင့်ပြည့်သောလှည်း၏ နောက်အဖို့ဖြင့်မြားကိုသွင်း၍ ရှေ့အဘို့ဖြင့် ထွက်စေနိုင်၏။ ပကတိအားဖြင့်ရေ၌ လေးဥသဘတိုင်အောင်မြားကိုပစ်နိုင်၏။ ကြည်း၌သော်ကားဥသဘတစ်ရာသော်လည်းမလောက်တာဝတိံသာတိုင်ရောက်အောင်ပစ်နိုင်၏)။ ။

အသဒိသဇာတကံ ပဌမံ။၁၈၁။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ သင်္ဂါမာဝစရော, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသင်္ဂါမာဝစရဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ နန္ဒမထေရ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

သေဘေးမှကြောက်ရကား မြို့တံခါးသို့ ကပ်အံ့သောငှါ မဝံ့သည်ဖြစ်၍ နောက်သို့ဆုတ်သောမင်္ဂလာဆင်ကို ဘုရားလောင်းဆင်ဆရာသည် နားရင်းကပ်၍အမောင်ဆင်သည် ရဲရင့်သောဆင်တည်း။စစ်မြေအပြင်ကို နှိပ်နင်း၍ သွားတတ်သောဆင်တည်း။ ဤသို့သဘောရှိသောအရပ်၌ ဆုတ်ခြင်းမည်သည်ကား သင့်အားမလျောက်ပတ်ဟုဆို၍ ဆင်ကိုဆုံးမလိုရကား။ ။

(၂၁၅)သင်္ဂါမာဝစရော သူရော၊ဗလဝါ ဣတိ ဝိဿုတော။

ကိံ နု တောရဏမာသဇ္ဇ၊ပဋိက္ကမသိ ကုဉ္ဇရ။ ။

(၂၁၆)ဩမဒ္ဒ ခိပ္ပံ ပလိဃံ၊ဧသိကာနိစ အဗ္ဘုဟ။

တောရဏာနိစ မဒ္ဒိတွာ၊ခိပ္ပံ ပဝိသ ကုဉ္ဇရ။ ။

ဟူသောနှစ်ဂါထာကိုဆို၏။ ။

(၂၁၅-၂၁၆)ကုဉ္ဇရ၊ မင်္ဂလာဆင်မြတ်။ တွံ၊ သင်သည်။ သင်္ဂါမာဝစရော၊ မိုးကြိုးထစ်သို့၊ပစ်ခတ်ထိုးခုတ်၊ ရှုတ်မျှလက်နက်ရှိသောစစ်ကိုနှိပ်နင်း၍ထွင်းဖောက်သွားတတ်၏။ သူရော၊ သဲကြီးဦးခက်၊ တစ်စက်မဆုတ်၊စုတ်စုတ်ရဲ၏။ ဗလဝါ၊ ခွန်အားကြီး၏။ ဣတိ၊ ဤသို့။ ဝိဿုတော၊ ကျော်စောသောဆင်တည်း။ တောရဏံ၊ တံခါးတိုင်သို့။ အာသဇ္ဇ၊ ရောက်၍။ ကိံနုပဋိက္ကမသိ၊ အဘယ့်ကြောင့်ဆုတ်ဘိသနည်း။ ကုဉ္ဇရ၊ မင်္ဂလာဆင်မြတ်။ ပလိဃံ၊ တံခါးကျဉ်ကို။ ဩမဒ္ဒ၊ အောက်သို့ချလော့။ ဧသိကာနိစ၊ တံခါးတိုင်တို့ကိုလည်း။ အဗ္ဘုဟ၊ နုတ်လော့။ တောရဏာနိစ၊ တံခါးပေါင်တို့ကိုလည်း။ မဒ္ဒိတွာ၊ နင်း၍။ ခိပ္ပံ၊ လျင်စွာ။ ပဝိသ၊ မြို့သို့ဝင်လော့။ (မင်္ဂလာဆင်တော်သည် ထိုစကားကိုကြား၍ ဘုရားလောင်း၏တစ်ကြိမ်ထည်းသော အဆုံးအမဖြင့်သာလျှင်ပြန်၍တံခါးတိုင်ကို နှာမောင်းဖြင့်ရစ်၍မိမိတို့ ကိုယ်ကဲ့သို့နုတ်၍ တံခါးပေါင်ကိုနင်း၍တံခါးကျည်းကိုချ၍ မြို့ တံခါးပေါက်၍ မြို့သို့ဝင်၍ ပြည်ကိုယူ၍ပေး၏)။ ။

ဧသိကာနိစအဗ္ဘုဟာတိနဂရဒွါရေသောဠသရနံဘူမိယံ ပဝေသေတွာ နိစ္စလံကတွာနိ ခါတာဧသိကာ ထမ္ဘာဟောန္တိ၊ တေခိပ္ပံဥဒ္ဓရလုဉ္စာဟီတိ အာဏာပေသိ။ ဤအလိုသော်။ တံခါးတိုင်ကိုဧသိက,ဆိုသည်ဟုသိသာသည်။ ဧသိကောဣန္ဒခီလောထ။ (အဘိဓာန်)။ တောရဏာနိစမိဒ္ဒိတွာတိနဂရဒွါရဿပဋိသင်္ဃာတံမဒ္ဒိတွာ,ဟူရကား၊တံခါးပေါင်ကို တောရဏ,ဟုသိသာသည်၊တုရိုင်တိုင်မဟုတ်။ ပိဋသင်္ဃာတကံဒွါရဗာယံ။(အဘိဓာန်)။ ။ အဗ္ဘုဟအဘိပုဗ္ဗဥဟဓာတ်ဖြစ်၍ အသဒိသဒွေးဘော်လိုသည်၊ ဝဟဓာတ်မဟုတ်)။ ။

သင်္ဂါမာဝစရဇာတကံဒုတိယံ။၁၈၂။

နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ဝါလောဒကံအပ္ပရသံနိဟီနံ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဝါလောဒကဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ ငါးရာကုန်သော စားကြွင်းစားတို့ကို အကြောင်းပြု၍ဟောတော်မူ၏။ ။

မင်းကြီးသည်လေသွန်တံခါးမကိုဖွင့်၍ကြည့်သည်ရှိသော်၊ မြည််းတို့၏အမူအရာကိုမြင်၍ အနီး၌တည်သောဘုရားလောင်းကိုခေါ်၍၊ အဆွေအမတ်ကြီး၊ ဤမြည်းတို့သည် မုဒရက်ဘတ်ကိုစစ်သော ရေကိုသောက်ရခြင်းကြောင့် ရစ်ကုန်သည်ဖြစ်၍ ခုန်လွှားပေါက်ကန်သော အားဖြင့်မြည်ကုန်လျက်ပြေးသွားကုန်၏။ သိန္ဓဝအမျိုး၌ ဖြစ်ကုန်သော သိန္ဓောမြင်းတို့မူကားအဦးဖြစ်သောအဖျော်ရည်ကိုသောက်ကုန်၍ အသံကင်းလျက်ငြိမ်သက်စွာနေကုန်၏၊မမြူးစားကုန်။ အကြောင်း အသို့နည်းဟူမေးလိုရကား။

(၂၁၇)ဝါလော-ဒကံ အပ္ပ-ရသံ နိဟီနံ၊ပိတွာမဒေါ ဇာယတိ ဂဒြဘာနံ။

ဣမဉ္စ ပိတွာန ရသံ ပဏီတံ၊မဒေါ န သဉ္ဇာယတိ သိန္ဓဝါနံ။ ။

ဟူသောပဌမဂါထာကိုဆို၏။ ။

(၂၁၇)ဝယသ၊ အဆွေအမတ်ကြီး။ ဂဒြဘာနံ၊ မြည်းတို့အား။ နိဟီနံ၊ ယုတ်ထသော။ အပ္ပ-ရသံ၊ နည်းသောအရသာရှိထသော။ ဝါလော-ဒကံ၊ သင်ပန်းလျှော်ဖြင့်ယက်အပ်သောအဝတ်နွမ်းဖြင့်စစ်အပ်သောမုဒရက်ရေကို။ ပိတွာ၊ သောက်ရ၍။ မဒေါ၊ ရစ်ခြင်းသည်။ ဇာယတိ၊ ဖြစ်၏။ သိန္ဓဝါနံ၊ သိန္ဓောအမျိုး၌ ဖြစ်ကုန်သောမြင်းတို့အား။ ပဏီတံ၊ မွန်မြတ်သော။ ဣမံရသံ၊ ဤမုဒရက်အရည်ကို။ ပိတွာန၊ သောက်၍။ မဒေါ၊ ရစ်ခြင်းသည်။ နသဉ္ဇာယတိ၊ မဖြစ်။ ကိံနုခေါကာရဏံ၊ အကြောင်းအသို့နည်း။ ။

ဤသို့ စိစ္စေး၊ မေးလတ်တုံသော်၊ မတ်သူတော်ကား၊ ထုတ်ဖော်ကြောင်းလျား၊မင်းကြီးအားလျှင် ၊ကြားလတ်လို၍။ ။

(၂၁၈)အပ္ပံ ပိဝိတွာန နိဟီန-ဇစ္စော၊သောမဇ္ဇတေ တေန ဇနိန္ဒ ပုဋ္ဌော။

ဓောရယှ-သီလောစ ကုလမှိ ဇာတော၊န မဇ္ဇတီ အဂ္ဂ-ရသံ ပိဝိတွာ။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၂၁၈)ဇနိန္ဒ၊ လူတို့ကိုအစိုးရသောမင်းမြတ်။ ယော၊ အကြင်မြည်းအပေါင်းသည်။ နိဟီန-ဇစ္စော၊ ယုတ်သောအမျိုးဇာတ်ရှိ၏။ သော၊ ထိုမြည်းအပေါင်းသည်။ တေနနိဟီန-ဇစ္စဘာဝေန၊ ထိုသို့ယုတ်သော ဇာတ်ရှိသည်၏အဖြစ်သည်။ မုဋ္ဌော၊ ခိုးယူဖျက်ဆီးအပ်သော ဟိရီသြတ္တပ္ပရှိသည်ဖြစ်၍။ (ဖုဋ္ဌော,ရှိမူ။ ဖုဋ္ဌော၊ နှိပ်စက်အပ်သည်ဖြစ်၍။ပေး)။ အပ္ပံ၊ နည်းသောအရသာရှိသောမုဒရက်အဖျော်ကို။ ပိဝိတွာန၊ သောက်ရ၍။ မဇ္ဇတိ၊ ရစ်၏။ ကုလမှိ၊ မြတ်သောအမျိုး၌။ ဇာတော၊ ဖြစ်သော။ ဓောရယှ-သီလောစ၊ ဝန်ကိုဆောင်တတ်သော သဘောသတ္တိနှင့်ပြည့်စုံသောသိန္ဓောမြင်းအပေါင်းသည်ကား။ အဂ္ဂ-ရသံ၊ ရှေးဦးစွာယူအပ်သောအဦးအဖျားဖြစ်သော မုဒရက်အဖျော်ရည်ကို။ ပိဝိတွာ၊ သောက်ရ၍။ နမဇ္ဇတိ၊ မရစ်။ ။ (ဝါလောဒကန္တိ မကစိဝါလေဟိပရိဿာပိတံ,ဟူရကားဤ၌ဝါလ,သည်သားမြီးကိုမဟော၊လျှော်ကိုဟောသတည်း။ သာမည,သည်ဝိသေသကိုလည်း ဟောရကား၊ ဤ၌လိုရာကို ရအောင် မကစိ,ကိုမ,ရသည်)။

ဝါလောဒကဇာတကံ တတိယံ။၁၈၃။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ဒူသိတောဂိရိဒတ္တေန,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဂိရိဒတ္တဇာတ်ကို၊ ဝေဠုဝန်မင်းကျောင်း၌ သီတင်း သုံးနေတော်မူစဉ်၊ တစ်ပါးသောဆန့်ကျင်ဘက်ဖြစ်သော အပေါင်းအဖော်ကိုမှီဝဲသောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ဘုရားလောင်းသည်ခွင်သောမြင်းထိန်းနှင့်ပေါင်းဖော်ခြင်းကြောင့် ထိုမြင်း၏ခွင်သောအဖြစ်ကိုသိ၍ မင်းအား ထိုအကြောင်းကိုကြား၍ ပေါင်းဖော်ခြင်းကြောင့်ဖြစ်သော အပြစ်မည်သည်ကား ဤသို့ဖြစ်တတ်၏ဟုပြလိုရကား။ ။

(၂၁၉)ဒူသိတောဂိရိဒတ္တေန၊ဟယော သာမဿ ပဏ္ဍဝေါ။

ပေါရာဏံ ပကတိံ ဟိတွာ၊တဿေ-ဝါ-နုဝိဓိယျတိ။

(၂၁၉)မဟာ-ရာဇ၊ မြတ်သောမင်းကြီး။ ဂိရိဒတ္တေန၊ မြင်းထိန်းဂိရိဒတ်သည်။ ဒူသိတော၊ ဖျက်ဆီးအပ်သည်ဖြစ်၍။ သာမဿ၊ သာမမည်သောအရှင်မင်းမြတ်၏။ ပဏ္ဍဝေါ၊ ပဏ္ဍဝအမည်ရှိသော။ ဟယော၊ မင်္ဂလာမြင်းတော်သည်။ ပေါရာဏံ၊ ရှေး၌ဖြစ်သော။ ပကတိံ၊ တင့်တယ်စမ္ပာယ်စွာသွားခြင်းသဘောကို။ ဟိတွာ၊ စွန့်၍။ တဿေဝါ၊ ထိုမြင်းထိန်းဂိရိဒတ်၏သာလျှင်။ အနုဝိဓိယျတိ၊ ခွင်သောအတုသို့လိုက်၍ကျင့်၏။ ။

ထိုအခါ၌ဘုရားလောင်းကိုသာမမင်းသည်ယခုထိုမြင်းအား အသို့ပြုရအံ့နည်းဟုမေး၏။ဘုရားလောင်းသည်ကောင်းသောသွားခြင်းရှိသော မြင်းထိန်းကိုရ၍ရှေး၌ကောင်းသကဲ့သို့ဖြစ်လတ္တံ့ဟူလိုရကား။

(၂၂၀)သစေစတ-နုဇော ပေါသော၊သိခရာ-ကာရ-ကပ္ပိတော။

အာနနေ နံ ဂဟေတွာန၊မဏ္ဍလေ ပရိဝတ္တယေ။

ခိပ္ပ-မေဝ ပဟန္တွာန၊တဿေ-ဝါ-နုဝိဓိယျတိ။

ဟူသောဒုတိယဂါထာကိုလျှောက်၏။ ။

(၂၂၀) မဟာ-ရာဇ၊ မြတ်သောမင်းကြီး။ တနု-ဇော၊ ထိုတင့်တယ်စမ္ပါယ်သောသွားခြင်းနှင့်ပြည့်စုံသောမြင်းအားလျောက်ပတ်စွာဖြစ်သော။ သိခရာ-ကာရ-ကပ္ပိတော၊ ကောင်းသောအခြင်းအရာအားဖြင့် ပြုပြင်အပ်သော ဆံမုတ်ဆိတ်ရှိသော။ ပေါသော၊ မြင်းထိန်းယောက်ျားသည်။ နံအဿံ၊ ထိုမင်္ဂလာမြင်းတော်ကို။ အာနနေ၊ ဆက်ကြိုး၌။ ဝါ၊ နှာရှုတ်ကြိုး၌။ ဂဟေတွာန၊ ကိုင်၍။ မဏ္ဍလေ၊ မြင်းတင်းကုပ်၌။ သစေပရိဝတ္တယေပရိဝတ္တေယျ၊ အကယ်၍လှည့်လည်သွားငြားအံ့။ အဿော၊ မင်္ဂလာမြင်းတော်သည်။ ခိပ္ပ-မေဝ၊ လျင်စွာလျှင်။ ခဉ္ဇ-ဘာဝံ၊ ခွင်သည်၏အဖြစ်ကို။ ပဟန္တွာန၊ ဖျောက်၍။ တဿေဝ၊ ထိုတင့်တယ်စမ္ပာယ်စွာ သွားသောယောက်ျား၏လျှင်။ အနုဝိဓိယျတိ၊ အတူသို့လိုက်၍ကျင့်လတ္တံ့။ (အနုဝိဓိယျတိ,၌၊အနု,ရှေး၊ဝိ,ရှေးရှိသောဓါဓာတ်။ ဓါဝိပုဗ္ဗောကရောတျတ္ထေ,ဟူရကား၊ဝိရှေးရှိသောဓာဓာတ်သည်ကရောတိအနက်ကိုဟောသည်။ တနုဇော,၌တနု,သဒ္ဒါသည်ကိုယ်ကိုဟောသည်မဟုတ်။ တ-သဒ္ဒူပပဒ အနုရှေးရှိသောဇနဓာတ်ဖြစ်ရကား။ တဿသိင်္ဂါရဿအာစာရသမ္ပန္နဿအဿဿအနုရူပံဇာတော တ-နုဇော,ပြု။ တင့်တယ်စမ္ပာယ်သော သွားခြင်းရှိသောအကျင့်အာစာရနှင့်ပြည့်စုံသောမင်္ဂလာမြင်းတော်အား လျောက်ပတ်စွာဖြစ်သောမြင်းထိန်းရသည်တည်း။

သိခရာကာရကပ္ပိ တော၌၊သိခရေနသုန္ဒရေနအာကာရေနကပ္ပိတာကေသမဿူအဿာတိ သိခရာကာရကပ္ပိတော,ပြု။ သိခရ,သဒ္ဒါသည်သုန္ဒရအနက်ကိုဟောသတည်း။ အထွတ်အဖျားကိုဟောသည်မဟုတ်။ မဏ္ဍလ,သဒ္ဒါသည်ဤအရာ၌မြင်းတင်းကုပ်ကိုဟောသည်။ သုဒိန္နကဏ္ဍ၌​၊အဿမဏ္ဍလေသု,ဟုလာသည်။ သစေစ,၌စ,ကားဗျတိရေကတ္ထတည်း။ ဗျတိရေကတ္ထောနာမ ဝိသေသတ္ထော,ဟူရကား၊ဝိသေသတ္ထကိုဤ၌ဗျတိရေကတ္ထဆိုသည်)။ ။

ဂိရိဒတ္တဇာတကံ စတုတ္ထံ။၁၈၄။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ယထောဒကေအာဝိလေအပ္ပသန္နေ,အစရှိသောဂါထာ ပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤအနဘိရတိဇာတ်ကို၊ဇေတဝန်ကျောင်း ကြီး၌သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသောပုဏ္ဏားဖြစ်သောသတို့သားကိုအကြောင်းပြု၍ဟောတော်မူ၏။

ပုဏ္ဏားလုလင်သည်ဗေဒင်သုံးပုံကိုကမ်းခပ်ပြီးမှဃရာဝါသကိုပြု၍အိမ်ထောင်မှုကိုကြံရသဖြင့် နောက်ကျုသောစိတ်ရှိရကား ဗေဒင်ကိုပြန်အံ့သောငှါမစွမ်းနိုင်။ ထိုအခါဆရာသည် မိမိ၏အထံသို့လာသော ပုဏ္ဏားကို၊လုလင်၊ သင်သည်ဗေဒင်တို့ကိုလေ့ကျက်အပ်ကုန်၏လော၊ ဤသို့မေး၍၊ ဆရာ၊ အိမ်ရာထောင်ခြင်းအမှုကိုယူသောကာလမှစ၍ အကျွန်ုပ်၏စိတ်သည်နောက်ကျုသောသဘောရှိသည်ဖြစ်၍ အကျွန်ုပ်သည်ဗေဒင်တို့ကို ပြန်အံ့သောငှါမစွမ်းနိုင်။ ဤသို့ဆိုသည်ရှိသော်၊ချစ်သား၊စိတ်သည် နောက်ကျုသည်ရှိသော်လေ့ကျက်အပ်ကုန်သော်လည်း ဗေဒင်တို့သည်မထင်ကုန်။ စိတ်သည်မနောက်ကျုသည်ရှိသော်ကားမထင်သောမည်သည်မရှိ၊ ဤသို့ဆိုလိုရကား။ ။

(၂၂၁)ယထော-ဒကေ အာဝိလေ အပ္ပ-သန္နေ၊န ပဿတိ သိပ္ပိက-သမ္ဗုကဉ္စ။

သက္ခရံ ဝါလုကံ မစ္ဆ-ဂုမ္ဗံ၊ဧဝံ အာဝိလမှိ စိတ္တေ၊န ပဿတိ အတ္တဒတ္ထံ ပရ-တ္ထံ။ ။

(၂၂၂)ယထော-ဒကေအစ္ဆေ ဝိပ္ပသန္နေ၊သော ပဿတိ သိပ္ပိက-သမ္ဗုကံ။

သက္ခရံ ဝါလုကံ မစ္ဆ-ဂုမ္ဗံ၊ဧဝံ အနာဝိလမှိ စိတ္တေ၊သော ပဿတိ အတ္တ-ဒတ္ထံ ပရ-တ္ထံ။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၂၂၁-၂၂၂)တာတ၊ ချစ်သား။ ဥဒကေ၊ ရေသည်။ အာဝိလေကဒ္ဒမါလုလိတေ၊ တလည်းညွန်နစ်ဖြင့်နောက်ကျုသည်ရှိသော်။ အ-ပ္ပသန္နေ၊ ထိုသို့တလည်းညွန်နစ်ဖြစ်သောကြောင့်လျှင် မကြည်လင်သည်ရှိသော်။ သိပ္ပိကသမ္ဗုကဉ္စ၊ ရောက်သွားခရုကို၎င်း။ သက္ခရံ၊ ကျောက်စရစ်ကို၎င်း။ ဝါလုကံ၊ သဲကို၎င်း။ မစ္ဆဂုမ္ဗံ မစ္ဆ-ဃဋံ၊ ငါးအပေါင်းကို၎င်း။ န ပဿတိယထာ၊ မမြင်၏သို့။ ဧဝံတထာ၊ ထို့အတူ။ စိတ္တေ၊ စိတ်သည်။ အာဝိလမှိ၊ ရာဂစသည်တို့ဖြင့်နောက်ကျုသည်ရှိသော်။ အတ္တ-ဒတ္ထံ၊ မိမိအစီးအပွါးကို၎င်း။ ပရ-တ္ထံ၊ သူတစ်ပါးအစီးအပွါးကို၎င်း။ သော ပုရိသော၊ ထိုရာဂစသည်မကြည်ဝေနောက်အာဂန္တု ရောက်သောစိတ်ရှိသောယောက်ျားသည်။ နပဿတိ၊ မမြင်နိုင်။

တာတ၊ ချစ်သား။ ဥဒကေ၊ ရေသည်။ အစ္ဆေ၊ ကြည်သည်ရှိသော်။ ဝိပ္ပသန္နေ၊ အထူးသဖြင့်ကြည်သည်ရှိသော်။ သောပုရိသော၊ ထိုခရုရောက်သွားစသည်ကိုရှာစားသောယောက်ျားသည်။ သိဗ္ဗိကသမ္ဗုကံ၊ ရောက်သွားခရုကို၎င်း။ သက္ခရံ၊ ကျောက်စရစ်ကို၎င်း။ ဝါလုကံ၊ သဲကို၎င်း။ မစ္ဆ-ဂုမ္ဗံ၊ ငါးအပေါင်းကို၎င်း။ ပဿတိယထာ၊ မြင်၏သို့။ ဧဝံတထာ၊ ထို့အတူ။ စိတ္တေ၊ စိတ်သည်။ အနာဝိလမှိ၊ ရာဂစသည် မကြည်ဝေနောက်တလည်းပျောက်၍မနောက်ကျုသည်ရှိသော်။ သောပုရိသော၊ ထိုအကျိုးစီးပွါးကိုရှာသော ယောက်ျားသည်။ အတ္တ-ဒတ္ထံ၊ မိမိအကျိုးစီးပွါးကို၎င်း။ ပရတ္ထံ၊ သူတစ်ပါးအစီးအပွါးကို၎င်း။ ပဿတိ၊ မြင်၏။ ။

(ညွန်ကိုပေါရာဏကထာတလည်းဆိုသည်။ တစ်လည်းနောက်နစ်။ လူးရည်စစ်သော်။ တူးပစ်ခဲအင်။ ညွန်ပြောင်းတွင်၌,ဟုရှေးပညာရှိတို့ဆိုစကုန်သည်။ ။ သဗ္ဗဂမနေ၊,အဿိ,သိဗ္ဗိ,ဟု၊လာသောကြောင့်၊သိဗ္ဗိ,ကားပုဒ်ရင်း။ က,ကား ခုဒ္ဒကအနက်ကိုဟောသည်။ သမတီတိသမ္ဗုကော၊ ဥကော,ဗန္တောစ,ဟူရကားသမုဓါတ်ဥက,ပစ္စည်း၊ဓာတ်၏အဆုံး၌ဗ,လာ၍သမ္ဗုက,ပြီးသည်။ ဂုမ္ဗ,သဒ္ဒါအပေါင်းဟော)။ ။

အနဘိရတိဇာတကံပဉ္စမံ။၁၈၅။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဝဏ္ဏဂန္ဓရသူပေတော, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဒဓိဝါဟနဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ ဆန့်ကျင်ဘက်ဖြစ်သော အပေါင်းအဖော်ကိုမှီဝဲသောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ဒဓိဝါဟနမင်းသည် ဘုရားလောင်းကိုခေါ်၍၊ ပညာရှိ၊ ဤသရက်ပင်အားရှေး၌ဖြစ်သော ပူဇော်သက္ကာရမှယုတ်ခြင်းသည်မရှိ။ ဤသို့ဖြစ်လျက်လည်းထိုသရက်ပင်၏ အသီးသည်ခါး၏၊ အကြောင်းကားအသို့နည်းဟုမေးလိုရကား။ ။

(၂၂၃)ဝဏ္ဏ-ဂန္ဓ-ရသူ-ပေတော၊အမ္ဗော-ယံ အဟုဝါ ပုရေ။

တမေဝ ပူဇံ လဘမာနော၊ကေန-မ္ဗော ကဋုက-ပ္ဖလော။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၂၂၃)ပဏ္ဍိတ၊ ပညာရှိ။ အယံအမ္ဗော၊ ဤသရက်ပင်သည်။ ပုရေ၊ ရှေး၌။ ဝဏ္ဏ-ဂန္ဓ-ရသူပေတော၊ အဆင်းအနံ့အရသာနှင့်ပြည့်စုံသည်။ အဟုဝ၊ ဖြစ်သလျှင်ကတည်း။ ဣဒါနိ၊ ယခုအခါ၌။ တံပူဇံ၊ ထိုရှေး၌ပြုမြဲတိုင်းသောပူဇော်ခြင်းကို။ လဘမာနောဧဝ၊ ရလျက်လျှင်။ အမ္ဗော၊ သရက်သည်။ ကေန၊ အဘယ်အကြောင်းကြောင့်။ ကဋုက-ပ္ဖလော၊ ခါးသောအသီးရှိလေသနည်း။ ။

ထိုအခါ ဒဓိဝါဟနမင်းအား အကြောင်းကိုကြားလိုရကား ဘုရားလောင်းသည်။ ။

(၂၂၄)ပုစိမန္ဒ-ပရိဝါရော၊အမ္ဗော တေ ဒဓိဝါဟန။

မူလံ မူလေန သံသဋ္ဌံ၊သာခါ သာခံ နိဝိသရေ။

အသာတ-သန္နိဝါသေန၊တေန-မ္ဗော ကဋုကပ္ဖလော။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၂၂၄)ဒဓိဝါဟန၊ နို့ဓမ်းတည်းဟူသော စစ်သည်ဗိုလ်ပါရှိသောမင်းမြတ်။ တေ၊ အသျှင်မင်းမြတ်၏။ အမ္ဗော၊ မင်္ဂလာသရက်တော်သည်။ ပုစိမန္ဓ-ပရိဝါရော၊ တမာပင်တည်းဟူသော အခြံအရံရှိ၏။ မူလံ၊ သရက်ပင်၏အမြစ်သည်။ မူလေန၊ တမာပင်၏အမြစ်နှင့်။ သံသဋ္ဌံ၊ နှီးနှော၏။ သာခါ၊ တမာပင်၏အခက်တို့သည်။ သာခံ၊ သရက်ပင်၏အခက်သို့။ နိပိသရေ၊ ဝင်ကုန်၏။ အသာတ-သန္နိဝါသေန၊ မချိုကုန် သောတမာပင်တို့နှင့် ပေါင်းဖော်ခြင်းတည်းဟူသော။ တေနကာရဏေန၊ ထိုအကြောင်းကြောင့်။ အမ္ဗော၊ သရက်ပင်သည်။ ကဋုကပ္ဖလော၊ ခါးသောအသီးရှိ၏။ (ဤ၌ကဋုကသဒ္ဒါသည်ကားခါးသောအရသာကိုဟောသတည်း။ စပ်သောအရသာမဟုတ်)။ ။

ဒဓိဝါဟနဇာတကံဆဋ္ဌံ။၁၈၆။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဥစ္စေ ဝိဋပိမာရုယှ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤစတုမဋ္ဌဇာတ်ကို၊ဇေတဝန်ကျောင်း၌သီတင်းသုံး နေတော်မူစဉ်၊ မထင်ရှားသောရဟန်းအိုကို အကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါတစ်နေ့သ၌ ထိုဟင်္သာငယ်တို့သည် သစ်ပင်ဖျား၌ နားကုန်၍ဘုရားလောင်းနှင့်တကွ ပြောဟောကြ ကုန်သည်ရှိသော်၊ မြေခွေးတစ်ကောင်သည်ထိုသစ်ပင်အောက်၌ရပ်၍ ထိုဟင်္သာငယ်တို့နှင့်တကွတိုင်ပင်ပြောဟောလိုရကား။ ။

(၂၂၅)ဥစ္စေ ဝိဋဘိမာရုယှ၊မန္တယဝှော ရဟော-ဂတာ။

နီစေ ဩရုယှ မန္တဝှော၊မိဂ-ရာဇာပိ သုဿတိ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၂၂၅)ဘောန္တောဟံသပေါတကာ၊ အိုဟင်္သာငယ်တို့။ တုမှေ၊ သင်တို့သည်။ ဥစ္စေ၊ ပြကတေ့အားဖြင့်မြင့်သော ဤသစ်ပင်၌။ ဝိဋပိံ၊ အခွပေါ်သို့။ အာရူယှ၊ တက်ကုန်၍။ ရဟော-ဂတာ၊ ဆိတ်ကွယ်ရာအရပ်သို့ကပ်ကုန်၍။ မန္တယဝှေါ၊ တိုင်ပင်ပြောဟောကြကုန်၏။ နီစေ၊ နိမ့်ရာအရပ်သို့။ ဩရူယှ၊ သက်ခဲ့ကုန်၍။ မန္တဝှေါ၊ တိုင်ပင်ပြောဟောကြလာကုန်လှည့်။ မိဂရာဇာပိ၊ သားများသနင်းငါမင်းမြတ်သည်လည်း။ သူဿတိ၊ နားထောင်လတ္တံ့။ ။

ထိုအခါဟင်္သာငယ်တို့သည်မြေခွေးကို စက်ဆုပ်သဖြင့် ထ၍ဂိဇ္ဈကုဋ်တောင်သို့သာလျှင်ပျံသွားလေကုန်၏။ ထိုဟင်္သာငယ်တို့၏ ပျံသွားသောကာလ၌ဘုရားလောင်းသည်မြေခွေးအား။ ။

(၂၂၆)ယံ သုဝဏ္ဏော သုဝဏ္ဏေန၊ဒေဝေါ ဒေဝေန မန္တယေ။

ကိံ နေတ္ထ စတု-မဋ္ဌဿ၊ဗိလံ ပဝိသ ဇမ္ဗုက။

ဟူသောဒုတိယဂါထာကိုဆို၏။

(၂၂၆)ဇမ္ဗုက၊ ဟယ်မြေခွေး။ သုဝဏ္ဏော၊ ကောင်းသောအဆင်းရှိသော ဟင်္သာတစ်ခုသည်။ သုဝဏ္ဏေန၊ ကောင်းသော အဆင်းရှိသော ဟင်္သာတစ်ခုနှင့်။ ဒေဝေါ၊ နတ်ဖြစ်သောဟင်္သာတစ်ခုသည်။ ဒေဝေန၊ နတ်ဖြစ်သောဟင်္သာတစ်ခုနှင့်။ ယံမန္တယေ၊ အကြင်တိုင်ပင်ပြောဆို၏။ ဧတ္ထ၊ ဤပြောဆိုရာ၌။ စတုမဋ္ဌဿ၊ ကိုယ်,အမျိုး,အသံ,ဂုဏ်,တည်းဟူသောလေးပါးသောအင်္ဂါတို့ဖြင့်ကောင်းမြတ်လှပေသော မြေခွေးအား။ ကိံနု၊ အဘယ်ပြုအံ့နည်း။ ဇမ္ဗုက၊ ဟယ်မြေခွေး။ တွံ၊ သင်သည်။ ဗိလံ၊ တွင်းသို့။ ပဝိသ၊ ဝင်လေလော့။ ။

(ဒေဝေါ ဒေဝေနာတိ တေ ယေဝဒွေဒေဝေ ကတွာကတေတိ။ ။ တေယေဝဒွေ၊ ထိုဟင်္သာနှစ်ခုတို့ကိုသာလျှင်။ ဒေဝေ၊ နတ်တို့ကို။ ကတွာ၊ ပြု၍။ ကထေတိ၊ ဆို၏။ ။ အဋ္ဌကထာ။ စတုမဋ္ဌဿ,ဟူသောစကားသည်ချီးမွမ်းယောင်ဖြင့်ကဲ့ရဲ့သောကြောင့်ချီဆောင့်စကားမည်၏။ စတုမဋ္ဌဿလာမကဿ,ဟူသော အဋ္ဌကထာအလို၊ လေးပါးသောအင်္ဂါတို့ဖြင့်ယုတ်သောဟုပေးလိုသည်။ ။ ကိံ တေတ္ထ,ရှိမူ။ စတုမဋ္ဌဿ၊လေးပါးသောအင်္ဂါတို့ဖြင့် ကောင်းမြတ်လှပေသော။ တေ၊ သင်မြေခွေးအား။ ကိံ၊ အဘယ်ပြုအံ့နည်း။ပေး)။

စတုမဋ္ဌဇာတကံသတ္တမံ။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သီဟင်္ဂုလီသီဟနခေါ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသီဟကောတ္ထုဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံး နေတော်မူစဉ်၊ ကောကာလိကကို အကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုမြေခွေးမသား၏အသံကိုကြား၍တစ်ပါးသောဘုရားလောင်း၏ဇာတ်တူဖြစ်သောသားသည်၊ ဘခင်၊ဤခြင်္သေ့သည် အဆင်းအစရှိသည်တို့ဖြင့်ကျွန်ုပ်တို့နှင့်တူ၏။ ထိုခြင်္သေ့၏ အသံသည်တမူကား ကျွန်ုပ်တို့မှတစ်ပါးသောမြေခွေးသံနှင့် တူ၏။ ဤခြင်္သေ့သည်အဘယ်မည်သောခြင်္သေ့နည်းဟုမေးလိုရကား။ ။

(၂၂၇)သီဟင်္ဂုလီ သီဟနခေါ၊သီဟ-ပါဒပတိဋ္ဌိတော။

သော သီဟော သီဟသင်္ဃမှိ၊ဧကော နဒတိ အညထာ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

တာတ၊ ဘခင်။ အယံသီဟော၊ ဤခြင်္သေ့သည်။ သီဟင်္ဂုလိ၊ ခြင်္သေ့တို့၏ခြေချောင်းနှင့်တူသောခြေချောင်းလက်ချောင်းရှိ၏။ သီဟနခေါ၊ ခြင်္သေ့တို့၏ခြေသည်း လက်သည်းနှင့်တူသောခြေသည်းလက်သည်းရှိ၏။ သီဟ-ပါဒ-ပတိဋ္ဌိတော၊ ခြင်္သေ့တို့၏ခြေတို့ဖြင့်သာလျှင်ရပ်၏။ သောသီဟော၊ ထိုခြင်္သေ့သည်။ သီဟသင်္ဃမှိ၊ ခြင်္သေ့​​အပေါင်း၌။ ဧကော၊ တစ်စီးတည်း။ အညထာ၊ ခြင်္သေ့သံမှတစ်ပါးသောမြေခွေးသံဖြင့်။ နဒတိ၊ မြည်၏။ ကော၊ အဘယ်ခြင်္သေ့နည်း။ ။

ထိုစကားကိုကြား၍ဘုရားလောင်းသည်၊ ချစ်သား၊ဤခြင်္သေ့သည် သင်၏ညီတည်း။ မြေခွေးမ၏သားဖြစ်၍ အဆင်းအားဖြင့်ငါနှင့်တူ၏။ အသံအားဖြင့်အမိနှင့်တူ၏။ ဤသို့ဆိုပြီးသော်မြေခွေးမသားကိုခေါ်၍၊ ချစ်သား၊ဤနေ့မှစ၍ ဤအရပ်၌နေသည်ရှိသော်နည်းသောအသံရှိသည်ဖြစ်၍နေလော့၊တဖန်အကယ်၍​မြည်ပြန်အံ့၊မြေခွေး၏အဖြစ်ကိုသ်ိပြန်လတ္တံ့ဟုဆုံးမလိုရကား။ ။

(၂၂၈)မာ တွံ နဒိ ရာဇပုတ္တ၊အပ္ပသဒ္ဒေါ ဝနေ ဝသ။

သရေန မာတံ ဇာနေယျုံ၊န ဟိ တေ ပေတ္တိကော သရော။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၂၂၈)ရာဇ-ပုတ္တ၊ ကေသရာခြင်္သေ့မင်း၏သား။ တွံ၊ သင်သည်။ မာနဒိ၊ မမြည်လင့်။ အပ္ပသဒ္ဒေါ၊ အသံမရှိသည်ဖြစ်၍။ ဝနေ၊ တော၌။ ဝသ၊ နေလော့။ သရေန၊ အသံအားဖြင့်။ တံ၊ သင့်ကို။ မာဇာနေယျုံ၊ ခွေးဟူ၍မသိစေကုန်လင့်။ ဟိသစ္စံ၊ မှန်၏။ တေ၊ သင်၏။ သရော၊ အသံသည်။ နပေတ္တိကော၊ အဘဖြစ်သောခြင်္သေ့မင်း၏အသံနှင့်မတူ။

(သီဟကောတ္ထုဇာတကံအဋ္ဌမံ။၁၈၈။သီဟကောဋ္ဌဇာတကံရှိသည်ကား ပျက်သည်။ ။ သိင်္ဂါလောဇမ္ဗုကောကောတ္ထု။ ။ (အဘိဓာန်)။ ။ ကုသအက္ကောသေ၊ တု။တုဝါ။ဟု-၎င်း ဋီကာလာသောကြောင့် ပဌမက္ခရာတုလည်းသင့်၏။ ခြင်္သေ့သားမြေခွေးဖြစ်သောကြောင့်၎င်း၊ ဘတူမိတူဖြစ်သောကြောင့်၎င်းသီဟကောတ္ထု,ဆိုသည်)။ ။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နေတံသီဟဿနဒိတံ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသီဟစမ္မဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ကောကာလိကဇာတ်ကိုပင်လျှင် အကြောင်းပြု၍ဟောတော်မူ၏။

ထိုအခါထိုသတ္တဝါ၏မြည်း၏အဖြစ်ကိုသိ၍ဘုရားလောင်းသည်။ ။

(၂၂၉)နေတံ သီဟဿ နဒိတံ၊ဗျဂ္ဃဿ နစ ဒီပိနော။

ပါရုတော သီဟ-စမ္မေန၊ဇမ္မော နဒတိ ဂဒြဘော။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၂၂၉)ဘောန္တော၊ အိုအချင်းတို့။ ဧတံနဒိတံ၊ ထိုအသံသည်။ သီဟဿ၊ ခြင်္သေ့၏။ နနဒိတံ၊ အသံမဟုတ်။ ဗျဂ္ဃဿစ၊ ကျား၏လည်း။ နနဒိသံ၊ အသံမဟုတ်။ ဒီပိနောစ၊ သစ်၏လည်း။ နနဒိတံ၊ အသံမဟုတ်။ သီဟ-စမ္မေန၊ ခြင်္သေ့ရေဖြင့်။ ပါရုဝိတော၊ ရုံအပ်သော။ ဇမ္မော၊ ယုတ်မာသော။ ဂဒြဘော၊ မြည်းသည်။ နဒတိ၊ မြည်၏။ ။

ရွာ၌နေကုန်သောသူတို့သည်လည်း၊ထိုသတ္တဝါ၏ မြည်း၏အဖြစ်ကိုသိကုန်၍ အရိုးတို့ကိုကျိုးအောင် ရိုက်နှက်ကုန်သဖြင့် လည်းစေပြီးသော်၊ခြင်္သေ့အရေကိုယူ၍သွားလေကုန်၏။ ထို့နောင်မှထိုကုန်သည်တို့သည်လာလတ်၍ပျက်စီးခြင်းသို့ရောက်သောထိုမြည်းကိုမြင်၍။ ။

(၂၃ဝ)စိရမ္ပိ ခေါ တံ ခါဒေယျ၊ဂဒြဘော ဟရိတံ ယဝံ။

ပါရုတော သီဟ-စမ္မေန၊ရဝမာနောဝ ဒူသယိ။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၂၃၀)အယံဂဒြဘော၊ ဤမြည်းသည်။ အတ္တနော၊ မိမိ၏။ ဂဒြဘ-ဘာဝံ၊ မြည်း၏အဖြစ်ကို။ အဇာနာပေတွာ၊ မသိစေသည်ရှိသော်။ သီဟ-စမ္မေန၊ ခြင်္သေ့အရေဖြင့်။ ပါရုတော၊ ရုံအပ်သည်ဖြစ်၍။ စိရံပိခေါ၊ မြင့်ရှည်စွာလျှင်။ ဟရိတံ၊ စိမ်းစိုသော။ ယဝံ၊ မုယောကို။ ခါဒေယျ၊ စားရလေရာ၏။ ရဝမာနော-ဝ၊ မြည်သည်ဖြစ်၍သာလျှင်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဒူသယိ၊ ဖျက်ဆီးပြီ။

(တံခါဒေယျ,၌၊တံ,ကားနိပါတ်မျှသာ။ ။ ဝုဟဒုသာနံဒီဃံ,ဟူသောသုတ်ဖြင့်ဒီဃပြု၍ဒူသယိ,ပြီးသည်။ ဒိဝါဒိဂိုဏ်းဖြင့်ပြီးသည်မဟုတ်)။ ။

သီဟစမ္မဇာတကံနဝမံ။၁၈၉။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ပဿသဒ္ဓါယသီလဿ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသီလာနိသံသဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သောသဒ္ဓါတရားနှင့်ပြည့်စုံသော ဒါယကာကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါသမုဒြာရာစောင့်နတ်သည်၊ ပညာရှိတို့နှင့်သာလျှင် တကွပေါင်းဖော်ခြင်းမည်သည်ကိုပြုအပ်၏။ ဤဆေတ္တာသည်အားဤဒါယကာနှင့်ပေါင်းဖော်ရခြင်းသည်အကယ်၍ မဖြစ်ငြားအံ့၊ သမုဒြရာ၏အလယ်၌သာလျှင် ဆေတ္တာသည်သည်ပျက်စီးလတ္တံ့ဟုပညာရှိနှင့်ပေါင်းဖော်ရခြင်း၏ကျေးဇူးကိုဆိုလိုရကား။ ။

(၂၃၁)ပဿ သဒ္ဓါယ သီလဿ၊စာဂဿ စ အယံ ဖလံ။

နာဂေါ နာဝါယ ဝဏ္ဏေန၊သဒ္ဓံ ဝဟတုပါသကံ။

(၂၃၂)သဗ္ဘိရေဝ သမာသေထ၊သဗ္ဘိ ကုဗ္ဗေထ သန္ဓဝံ။

သတံ ဟိ သန္နိဝါသေန၊သောတ္ထိံ ဂစ္ဆတိ နှာပိတော။

ဟူသော နှစ်ဂါထာကိုရွတ်၏။ ။

(၂၃၁-၂၃၂)ဘော၊ အချင်းတို့။ ပဿပဿထ၊ ရှုကုန်လသေး။ သဒ္ဓါယစ၊ လောကီလောကုတ္တရာဖြစ်သောသဒ္ဓါ၏၎င်း။ သီလဿစ၊ လောကီလောကုတ္တရာဖြစ်သောသီလ၏၎င်း။ စာဂဿစ၊ ပေးကမ်းစွန့်ကြဲအပ်သောဝတ္ထုကိုပေးကမ်းစွန့်ကြဲခြင်း, ကိလေသာကိုစွန့်ခွါခြင်း၏၎င်း။ အယံဣဒံ၊ ဤသည်ကား။ ဖလံ၊ အကျိုးတည်း။ (အယံကားလိင်ပြန်သည်)။ တနည်း။ ဖလံ၊ အကျိုးကို။ ပဿပဿထ၊ ကြည့်စမ်းကြပါကုန်။ အယံနာဂေါ၊ ဤနဂါးကြီးသည်။ နာဝါယ၊ သင်္ဘော၏။ ဝဏ္ဏေန၊ သဏ္ဍာန်ဖြင့်။ သဒ္ဓံ၊ ကံကံ၏အကျိုးရတနာသုံးပါးဂုဏ်ကိုယုံကြည်သော။ ဥပါသကံ၊ သီတင်းသည်ကို။ ဝဟတိ၊ ကြည်းဆောင်၏။ ။

ပေါသော၊ သတ္တဝါသည်။ သဗ္ဘိရေဝ၊ ပညာရှိ သူတော်ကောင်းတို့နှင့်သာလျှင်။ သမာသေထ၊ ပေါင်းဖော်ရာ၏။ သဗ္ဘိ၊ ပညာရှိသူတော်ကောင်းတို့နှင့်။ သန္ဓဝံ၊ ပေါင်းဖော်ခြင်းကို။ ကုဗ္ဗေထ၊ ပြုရာ၏။ ဟိ၊ အကျိုးကိုဆိုအံ့။ သတံ၊ ပညာရှိသူတော်ကောင်းတို့နှင့်။ သန္နိဝါသေန၊ ပေါင်းဖော်ခြင်းကြောင့်။ နှာပိတော၊ ဆေတ္တာသည်သည်။ သောတ္ထိံ၊ ချမ်းသာခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။

သီလာနိသံသဇာတကံ ဒသမံ။၁၉၀။ အသဒိသဝဂ္ဂေါ စတုတ္ထော။ တဿုဒ္ဒါနံ။

အသဒိသဉ္စ,သင်္ဂါမံ,၊ဝါလောဒကံ,ဂိရိဒတ္ထံ။

နဘိရတိ,ဒဓိဝါဟံ,၊စတုမဋ္ဌံ,သီယကောတ္ထု။

သီဟစမ္မံ,သီလာနိသံသံ,။ ။