နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ သင်္ဂါမာဝစရော, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသင်္ဂါမာဝစရဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ နန္ဒမထေရ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
သေဘေးမှကြောက်ရကား မြို့တံခါးသို့ ကပ်အံ့သောငှါ မဝံ့သည်ဖြစ်၍ နောက်သို့ဆုတ်သောမင်္ဂလာဆင်ကို ဘုရားလောင်းဆင်ဆရာသည် နားရင်းကပ်၍အမောင်ဆင်သည် ရဲရင့်သောဆင်တည်း။စစ်မြေအပြင်ကို နှိပ်နင်း၍ သွားတတ်သောဆင်တည်း။ ဤသို့သဘောရှိသောအရပ်၌ ဆုတ်ခြင်းမည်သည်ကား သင့်အားမလျောက်ပတ်ဟုဆို၍ ဆင်ကိုဆုံးမလိုရကား။ ။
(၂၁၅)သင်္ဂါမာဝစရော သူရော၊ဗလဝါ ဣတိ ဝိဿုတော။
ကိံ နု တောရဏမာသဇ္ဇ၊ပဋိက္ကမသိ ကုဉ္ဇရ။ ။
(၂၁၆)ဩမဒ္ဒ ခိပ္ပံ ပလိဃံ၊ဧသိကာနိစ အဗ္ဘုဟ။
တောရဏာနိစ မဒ္ဒိတွာ၊ခိပ္ပံ ပဝိသ ကုဉ္ဇရ။ ။
ဟူသောနှစ်ဂါထာကိုဆို၏။ ။
(၂၁၅-၂၁၆)ကုဉ္ဇရ၊ မင်္ဂလာဆင်မြတ်။ တွံ၊ သင်သည်။ သင်္ဂါမာဝစရော၊ မိုးကြိုးထစ်သို့၊ပစ်ခတ်ထိုးခုတ်၊ ရှုတ်မျှလက်နက်ရှိသောစစ်ကိုနှိပ်နင်း၍ထွင်းဖောက်သွားတတ်၏။ သူရော၊ သဲကြီးဦးခက်၊ တစ်စက်မဆုတ်၊စုတ်စုတ်ရဲ၏။ ဗလဝါ၊ ခွန်အားကြီး၏။ ဣတိ၊ ဤသို့။ ဝိဿုတော၊ ကျော်စောသောဆင်တည်း။ တောရဏံ၊ တံခါးတိုင်သို့။ အာသဇ္ဇ၊ ရောက်၍။ ကိံနုပဋိက္ကမသိ၊ အဘယ့်ကြောင့်ဆုတ်ဘိသနည်း။ ကုဉ္ဇရ၊ မင်္ဂလာဆင်မြတ်။ ပလိဃံ၊ တံခါးကျဉ်ကို။ ဩမဒ္ဒ၊ အောက်သို့ချလော့။ ဧသိကာနိစ၊ တံခါးတိုင်တို့ကိုလည်း။ အဗ္ဘုဟ၊ နုတ်လော့။ တောရဏာနိစ၊ တံခါးပေါင်တို့ကိုလည်း။ မဒ္ဒိတွာ၊ နင်း၍။ ခိပ္ပံ၊ လျင်စွာ။ ပဝိသ၊ မြို့သို့ဝင်လော့။ (မင်္ဂလာဆင်တော်သည် ထိုစကားကိုကြား၍ ဘုရားလောင်း၏တစ်ကြိမ်ထည်းသော အဆုံးအမဖြင့်သာလျှင်ပြန်၍တံခါးတိုင်ကို နှာမောင်းဖြင့်ရစ်၍မိမိတို့ ကိုယ်ကဲ့သို့နုတ်၍ တံခါးပေါင်ကိုနင်း၍တံခါးကျည်းကိုချ၍ မြို့ တံခါးပေါက်၍ မြို့သို့ဝင်၍ ပြည်ကိုယူ၍ပေး၏)။ ။
ဧသိကာနိစအဗ္ဘုဟာတိနဂရဒွါရေသောဠသရနံဘူမိယံ ပဝေသေတွာ နိစ္စလံကတွာနိ ခါတာဧသိကာ ထမ္ဘာဟောန္တိ၊ တေခိပ္ပံဥဒ္ဓရလုဉ္စာဟီတိ အာဏာပေသိ။ ဤအလိုသော်။ တံခါးတိုင်ကိုဧသိက,ဆိုသည်ဟုသိသာသည်။ ဧသိကောဣန္ဒခီလောထ။ (အဘိဓာန်)။ တောရဏာနိစမိဒ္ဒိတွာတိနဂရဒွါရဿပဋိသင်္ဃာတံမဒ္ဒိတွာ,ဟူရကား၊တံခါးပေါင်ကို တောရဏ,ဟုသိသာသည်၊တုရိုင်တိုင်မဟုတ်။ ပိဋသင်္ဃာတကံဒွါရဗာယံ။(အဘိဓာန်)။ ။ အဗ္ဘုဟအဘိပုဗ္ဗဥဟဓာတ်ဖြစ်၍ အသဒိသဒွေးဘော်လိုသည်၊ ဝဟဓာတ်မဟုတ်)။ ။
သင်္ဂါမာဝစရဇာတကံဒုတိယံ။၁၈၂။