နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နယိဒံနိစ္စံဘဝိတဗ္ဗံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဝေနသာခါဇာတ်ကို၊ ဘဂ္ဂတိုင်းသုသုမာရဂိရိပြည်ကို မှီ၍ဘေသကလာတော၌ သီတင်းသုံးနေတော်မူစဉ်၊ ဗောဓိမင်းသားကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည်အင်္ဂဝိဇ္ဇာ၏ အစွမ်းအားဖြင့် ထိုမင်းသား၏ရုန့်ရင်းကြမ်းကြုတ်သော နိုင်ထက်ကလူ မူတတ်သော အဖြစ်ကိုသိ၍၊ အမောင်၊ သင်သည်ကြမ်းကြုတ်ရုန့်ရင်း၏။ နိုင်ထက်ကလူမူတတ်၏၊ ကြမ်းကြုတ်သဖြင့်ရသောစည်းစိမ် အစိုးရခြင်းသည် အရှည်မတည်။ အစိုးရခြင်းသည် ပျက်စီးလတ်သော်ထိုကြမ်းကြုတ်သောသူသည် သမုဒ္ဒရာ၌ လှေပျက်သောသူကဲ့သို့ တည်ရာကိုမရသည်ဖြစ်၏။ ထို့ကြောင့် ဤသို့ကြမ်းကြုတ်ရုန့်ရင်းသည်မဖြစ်လင့်ဟု ထိုမင်းသားကိုဆုံးမလိုရကား။ ။
(၇၂၁)နယိဒံ နိစ္စံ ဘဝိတဗ္ဗံ ဗြဟ္မဒတ္တ၊ခေမံ သုဘိက္ခံ သုခတာ စ ကာယေ။
အတ္ထစ္စယေ မာ အဟု သမ္ပမူဠှော၊ဘိန္နပ္လဝေါ သာဂရဿေဝ မဇ္ဈေ။ ။
(၇၂၂)ယာနိ ကရောတိ ပုရိသော၊တာနိ အတ္တနိ ပဿတိ။
ကလျာဏကာရီ ကလျာဏံ၊ပါပကာရီ စ ပါပကံ။
ယာဒိသံ ဝပတေ ဗီဇံ၊တာဒိသံ ဟရတေ ဖလံ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၇၂၁-၇၂ ၂)ဗြဟ္မဒတ္တ၊ ဗြဟ္မဒတ်မင်းသား။ ခေမံ၊ ဘေးကင်းသည်၏အဖြစ်သည်၎င်း။ သုဘိက္ခံ၊ ရလွယ်သောထမင်းအဖျော်အစာအာဟာရသည်၎င်း။ ကာယေ၊ ကိုယ်၌။ သုခတာစ၊ ချမ်းသာသည်၏ အဖြစ်သည်၎င်း။ အတ္ထိ၊ ရှိ၏။ ဣမေသံသတ္တာနံ၊ ဤသတ္တဝါတို့၏၊ ဤသတ္တဝါတို့အား။ ဣဒံသဗ္ဗံ၊ ဤဆိုအပ်ပြီးသော ခေမသုဘိက္ခသုခအဖြစ်သည်။ နိစ္စံ၊ မြဲသည်။ နဘဝိတဗ္ဗံ၊ မဖြစ်ရာ။ အနိစ္စံ၊ မမြဲသည်။ ဟုတွာ၊ ဖြစ်၍။ အဘာဝဓမ္မံ၊ ပျက်စီးသည်ဖြစ်၍ထင်ရှားမရှိဖြစ်တတ်၏။ သောတွံ၊ ထိုသင်သည်။ အတ္ထစ္စယေ၊ မိမိ၏အစိုးရခြင်းဣဿရိယဘောကင်းသည်ဖြစ်၍ စီးပွါးချမ်းသာပျက်စီးဆုတ်ယုတ်သည်။ သတိ၊ ရှိသော်။ သာဂရဿ၊ သမုဒ္ဒရာ၏။ မဇ္ဈေ၊ အလယ်၌။ ဘိန္န-ပ္လဝေါ၊ သင်္ဘောပျက်သောသူသည်။ ပတိဋ္ဌံ၊ တည်ရာကို။ အလဘန္တောဣဝ၊ မရ၏သို့။ ပတိဋ္ဌံ၊ တည်ရာကို။ အလဘန္တော၊ မရသည်။ သံပမူဠှော၊ ပြင်းစွာတွေဝေ မှိုင်ထိုင်လက်ချရှိရသည်။ မာအဟု၊ မဖြစ်စေလင့်။ ။
ပုရိသော၊ ယောက်ျားသည်။ ယာနိ၊ အကြင်ကောင်းမကောင်းသောအမှုတို့ကို။ ကရောတိ၊ ပြု၏။ တေသံ၊ ထိုကောင်းမကောင်းသောအမှုတို့၏။ ဖလံ၊ အကျိုးကို။ ဝိန္ဒန္တော၊ ရသည်ရှိသော်။ တာနိ၊ ထိုမိမိပြုအပ်သော ကောင်းမကောင်းသောအမှုတို့ကို။ အတ္တနိ၊ မိမိ၌။ ပဿတိ၊ မြင်ရ၏။ ကလျာဏ-ကာရီ၊ ကောင်းမှုကို ပြုလေ့ရှိသောသူသည်။ ကလျာဏံ၊ ကောင်းကျိုးကို။ ပဿတိ၊ မြင်ရ၏။ ပါပကာရီစ၊ မကောင်းမှုကို ပြုလေ့ရှိသောသူသည်လည်း။ ပါပကံ၊ မကောင်းကျိုးကို။ ပဿတိ၊ မြင်ရ၏။ ယာဒိသံ၊ အကြင်သို့သဘောရှိသော။ ဗီဇံ၊ မျိုးကို။ ဝပ္ပတေ၊ စိုက်ပျိုး၏။ တာဒိသံ၊ ထိုမျိုးစေ့နှင့်တူသောသဘောရှိသော။ ဖလံ၊ အသီးကို။ ဟရတေယထာ၊ ဆောင်၏သို့တည်း။ ။
ထိုဗြဟ္မဒတ်မင်းသားသည်။ ဆရာကိုရှိခိုးပြီး၍။ ဗာရာဏသီပြည်သို့ပြန်လတ်ပြီးသော် ခမည်းတော်အားအတတ်ကိုပြ၍ အိမ်ရှေ့အဖြစ်၌တည်လတ်ပြီ။ ခမည်းတော်ကွယ်လွန်သဖြင့် မင်းအဖြစ်သို့ရောက်၏။ ထိုမင်းသားအားပိင်္ဂလအမည်ရှိသော ပုရောဟိတ်သည်ရှိ၏။ ကြမ်းကြုတ်ရုန့်ရင်း၏၊ နိုင်ထက်ကလူမူတတ်၏။ ထိုပိင်္ဂလပုရောဟိတ်သည် စည်းစိမ်၌တပ်မက်သဖြင့်ငါသည်ဗြဟ္မဒတ်မင်းကို အလုံးစုံသောဇမ္ဗူဒိပ်၌အလုံးစုံသောမင်းတို့ကို ဖမ်းယူစေရမူကားကောင်း၏။ ဤသို့ဖမ်းယူသည်ရှိသော် ဤဗြဟ္မဒတ်မင်းသည် ဧကရာဇ်မင်းဖြစ်လတ္တံ့။ ငါသည်လည်း မြတ်သောပုရောဟိတ်ဖြစ်လတ္တံ့ဟုကြံ၏။ ကြံပြီး၍ထိုပုရောဟိတ်သည် ဗြဟ္မဒတ်မင်းကို မိမိစကားကိုယူစေ၏။ ဗြဟ္မဒတ်မင်းသည် များစွာသောစစ်သည်တို့ဖြင့် မြို့မှထွက်၍ တစ်ယောက်သောမင်း၏မြို့ကို ဝန်းရံ၍ထိုမင်းကိုဖမ်း၏။ ဤနည်းဖြင့် အလုံးစုံသောဇမ္ဗူဒိပ်၌ပြည်ကိုယူ၍ မင်းတစ်ထောင်ခြံရံလျက် တက္ကသိုလ်ပြည်၌ မင်းအဖြစ်ကိုယူအံ့ဟုသွား၏။ ဘုရားလောင်းသည် မြို့ကိုပြုပြင်၍ သူတစ်ပါးတို့ မဖျက်ဆီးနိုင်သည်ကို၊ ဗာရာဏသီမင်းဂင်္ဂါမြစ်နား၌ကြီးစွာသော ပညောင်ပင်၏အရင်း၌ တင်းတိမ်ကာရံ၍ အထက်၌ဗိတာန်ကိုကြက်စေ၍အိပ်ရာကို ခင်းစေ၍နေ၏။ ထိုဗာရာဏသီမင်းသည် ဇမ္ဗူဒိပ်အပြင်၌မင်းတစ်ထောင်တို့ကို ယူ၍စစ်ထိုးငြားသော်လည်းတက္ကသိုလ်ပြည်ကိုယူအံ့သောငှါမတတ်နိုင်သည်ဖြစ်၍ ပုရောဟိတ်ကို၊ ဆရာ၊ ငါတို့သည်ဤမျှကုန်သောမင်းတို့နှင့် တကွလာ၍လည်း တက္ကသိုလ်ပြည်ကိုယူအံ့သောငှါမတတ်နိုင်ကုန်။ အဘယ်သို့ပြုအပ်သနည်းဟုမေး၏။ မြတ်သောမင်းကြီး။ မင်းတစ်ထောင်တို့၏ မျက်စိကိုထုတ်၍သတ်၍ ဝမ်းကိုခွဲ၍ ကောင်းမြတ်သော နှလုံးသည်းပွတ်စသော အသားကိုယူ၍ ဤပညောင်ပင်စောင့်နတ်အား ပူဇော်ခြင်းကိုပြု၍အဦတို့ဖြင့် ပညောင်ပင်ကိုရစ်၍သွေးလက်ငါးချောင်းရာပေးခြင်း တို့ကိုပြုကြကုန်အံ့။ ဤသို့ပြုသည်ရှိသော် အကျွန်ုပ်တို့အား လျင်မြန်စွာလျှင်အောင်ခြင်းသည် ဖြစ်လတ္တံ့ဟု-ပုရောဟိတ်သည်လျှောက်၏။ မင်းသည် ကောင်းပြီဟုဝန်ခံ၍တင်းတိမ်တွင်း၌အားကြီးကုန်သောလက်ပန်းသည်တို့ကိုထား၍ တစ်ယောက်တစ်ယောက်သောမင်းကိုခေါ်စေ၍ နှိမ်စေသဖြင့်လျှင်မိန်းမောအောင်ပြုစေ၍ မျက်စိတို့ကိုထုတ်၍ အသားကိုယူ၍ ကိုယ်ကိုဂင်္ဂါမြစ်၌မျှော၍ဆိုအပ်ပြီးသောအပြားရှိသော နတ်ပူဇော်ခြင်းကိုပြု၍စစ်ထိုးစည်ကိုတီးစေ၍စစ်ထိုးအံ့သောငှါသွား၏။ ထိုအခါပြစင်မှတစ်ယောက်သောဘီလူးသည် လာလတ်၍ ဗာရာဏသီမင်း၏လက်ျာမျက်စိကိုထုတ်၍သွား၏။ ထိုအခါဗာရာဏသီမင်းအားကြီးစွာသောဝေဒနာသည်ဖြစ်၏။ ထိုမင်းသည်ဝေဒနာသို့ရောက်လတ်သော်လာလတ်၍ပညောင်ပင်ရင်းဝယ်ခင်းအပ်သောနေရာ၌ပက်လက်အိပ်၏။ တစ်ခုသော လင်းတသည် ထက်စွာသောအစွန်းရှိသော အရိုးကိုယူ၍ ပညောင်ပင်ဖျား၌အသားကိုစား၍ အရိုးကိုစွန့်ပစ်၏။ အရိုးစွန်းသည်လာလတ်၍ မင်း၏လက်ဝဲမျက်စိ၌သံတံကျင်တို့ဖြင့်ထိုးဘိသကဲ့သို့ကျ၍ မျက်စိကိုဖောက်၏။ ထိုခဏ၌ ဘုရားလောင်း၏စကားကိုမှတ်မိ၏။ ထိုမင်းသည်ကား မျိုးစေ့အားလျော်စွာ အသီးဖြစ်သကဲ့သို့ ကံအားလျော်သော အကျိုးကိုခံစားရကုန်၏ ဟု-ဆိုသောငါတို့ဆရာသည် ဤကိုမြင်၍ဆိုယောင်တကား-ဟုဆိုလို၍။ ။
(၇၂၃)ဣဒံ တဒါစရိယဝစော၊ပါရာသရိယော ယဒဗြဝိ။
မာ သု တွံ အကရိ ပါပံ၊ယံ တွံ ပစ္ဆာ ကတံ တပေ။ ။
(၇၂၄)အယမေဝ သောပိ ဘိယျော ဝေနသာခေါ၊ယမှိ ဃာတယိံ ခတ္တိယာနံ သဟဿံ။
အလင်္ကတေ စန္ဒန-သာရာနုလိတ္တေ၊တမေဝ ဒုက္ခံ ပစ္စာဂတံ မမံ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၇၂၃-၇၂၄)ဗြဟ္မဒတ္တ၊ ဗြဟ္မဒတ်။ တယာ၊ သင်သည်။ ကတံ၊ ပြုအပ်သော။ ယံပါပံ၊ အကြင်မကောင်းမှုသည်။ ပစ္ဆာ၊ နောက်၌။ တံ၊ သင့်ကို။ တပေ၊ ပူပန်စေရာ၏။ တံပါပံ၊ ထိုနောက်၌ပူပန်စေတတ်သောမကောင်းမှုကို။ တွံ၊ သင်သည်။ မာသုကရိ၊ မပြုလင့်။ ဣဒံတံအာစရိယဝစော၊ ဤသို့သဘောရှိသောထိုဆရာမြတ်၏ဆုံးမသောစကားကို။ ပေါရာဏာစရိယော၊ ရှေးအတီ,ထုံးပဝေဏီကိုမှတ်မိသော ငါတို့ဆရာသည်။ မံ၊ ငါ့ကို။ အဗြဝိ၊ ဆိုဘူးပေသည်ပင်။ အဟံပန၊ ငါမူကား။ အဿ၊ ထိုဆရာ၏။ ဝစနံ၊ အဆုံးမစကားကို။ အကရိံ၊ မပြုမကျင့်မလိုက်နာမိပေ။ ။
ယမှိ၊ အကြင်ပညောင်ပင်၌။ ခတ္တိယာနံ၊ မင်းတို့၏။ သဟဿံ၊ တစ်ထောင်ကို။ အဟံ၊ ငါသည်။ ဃာတယိံ၊ သတ်မိပြီ။ အလင်္ကတေ၊ မင်းတို့၏တန်းဆာဖြင့် တန်းဆာဆင်အပ်ကုန်သော။ စန္ဒနသာရာနုလိတ္တေ၊ စန္ဒကူးနှစ်ဖြင့်လိမ်းကျံ အပ်ကုန်သော။ ခတ္တိယေ၊ တစ်ထောင်သောမင်းတို့ကို။ ဃာတယိံ၊ သတ်မိပြီ။ ဘိယျော၊ လွန်စွာ။ ဝေနသာခေါ၊ ပြန့်သောအခက်ရှိသော။ သောပိရုက္ခော၊ ထိုသတ်ရာဖြစ်သော ပညောင်ပင်သည်လည်း။ အယမေဝ၊ ဤပညောင်ပင် ပင်တည်း။ ။
(ထိုပညောင်ပင်သည်ယခုအခါ၌ငါ့အားစောင့်ရှောက်ကွယ်ကာခြင်းကိုပြုခြင်းငှါ မတတ်နိုင်ဟူသောအနက်ကိုပြ၏)။ ။ မယာ၊ ငါသည်။ ယံဒုက္ခံ၊ အကြင်သူတစ်ပါး၏မျက်စိကိုထုတ်နုတ်ခြင်းဆင်းရဲကို။ ကတံ၊ ပြုမိပြီ။ (ထည့်)။ တမေဝဒုက္ခံ၊ ထိုမျက်စိကို ထုတ်နုတ်ခြင်းဆင်းရဲသည်ပင်လျှင်။ မမံ၊ ငါသို့။ ပစ္စာဂတံ၊ တဘန်ပြန်၍လာပြန်ပေပြီ။ ။
(ပစ္ဆာဂတံ,ရှိမူ။ ပစ္ဆာနောက်၌။ မမံ၊ ငါသို့။ အာဂတံ၊ လာပြန်ပေပြီပေး)။ ။
ထိုမင်းသည်ဤသို့ငိုကြွေးလျက်မိဘုရားကြီးကိုအောက်မေ့၍။ ။
(၇၂၅)သာမာ စ ခေါ စန္ဒ-နလိတ္တဂတ္တာ၊လဋ္ဌီဝ သောဘဉ္ဇနကဿ ဥဂ္ဂတာ။
အဒိသွာ ကာလံ ကရိဿာမိ ဥဗ္ဗရိံ၊တံ မေ ဣတော ဒုက္ခတရံ ဘဝိဿတိ။ ။
ဟူသောဤပဉ္စမဂါထာကိုဆို၏။ ။
(၇၂၅)ဥပ္ပရိ၊ ငါ၏မိဘုရားကြီးဥပရိသည်။ သာမာစခေါ၊ ရွှေသောအဆင်းရှိသည်သာလျှင်တည်း။ စန္ဒနလိတ္တဂတ္တာ၊ စန္ဒကူးဖြင့်လိမ်းကျံသော ကိုယ်ရှိ၏။ သောဘဉ္ဇနကဿ၊ ဒန့်သလွန်ပင်၏။ ဥဂ္ဂတာ၊ အထက်သို့တက်သော။ လဋ္ဌီဝ၊ ညင်းညင်းသောလေသည်ခတ်အပ်သည်ဖြစ်၍ တုန်လှုပ်သောအစေ့ကဲ့သို့။ ဣတ္ထိဝိလာသံ၊ မိန်းမ၏တင့်တယ်စမ္ပာယ်ကို။ ကုရုမာနာ၊ ပြုလျက်။ သောဘတိ၊ တင့်တယ်၏။ အဟံ၊ ငါသည်။ အက္ခီနံ၊ မျက်စိတို့၏။ ဘိန္နတ္တာ၊ ပျက်သည်၏အဖြစ်ကြောင့်။ တံဥပရိံ၊ ထိုဥပရိအမည်ရှိသော မိဘုရားကြီးကို။ အဒိသွာ၊ မမြင်ရမူ၍။ ကာလံကရိဿာမိ၊ သေရအံ့။ တံအဒဿနံ၊ ထိုဥပရိမိဘုရားကြီးကိုမမြင်ရခြင်းသည်။ မေ၊ ငါအား။ ဣတောမရဏဒုက္ခတော၊ ဤသေရခြင်းဆင်းရဲထက်။ ဒုက္ခတရံ၊ အလွန်ဆင်းရဲသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ။
(ဣဒံတဒါစရိယဝစောတိဣဒံတံအာစရိယဿဝစနံ,အဋ္ဌကထာဖွင့်ရကား။ ကဿပဿဝစေါသုတွာ,ကဲ့သို့အံကိုဩရေးသည်။ ပေါရာဏာစရိယောတိတံဂေါတ္တေနကိတ္တေတိ,ဟု-အဋ္ဌကထာဖွင့်ရကား။ အာစရိယဿဝစော အာစရိယဝစေါ,ပြု၍ ထိုဆုံးမတတ်သော ဆရာကိုပင်လျှင် ပေါရာဏာစရိယော,ဟု- ဂေါတ္တအားဖြင့်ကြားပြန်၏ဟူလို။ မဗြဝိမံအဗြဝိ,ဖြတ်။ မာသုတွံ၌သုကားအနက်မရှိ။ တွံကားပဌမန္တတည်း။ ယံတွံ၌တွံကား ကဋ္ဌဿတွံမညေ, ကဲ့သို့၊ တုမှဿတုဝံတွမံမှိ, ဖြင့်ပြီးသောဒုတိယန္တတည်း။ ဝေနသါခေါတိပသတသာခေါ, အဋ္ဌကထာဖွင့်ရကား။ ဝေနသာခါဧတဿာတိဝေနသါခေါ,ပြု၍ ထက်ဝန်းကျင်ပြန့်သောအခက်ရှိသောပညောင်ပင်ရသတည်း။ ခတ္တိယာနံ သဟဿံ,၏အရကိုပင် အလင်္ကတေစန္ဒနသာရာနုလိတ္တေဟု- ဘော်ပြန်သတည်း)။ ။
ဝေနသာခါဇာတကံ တတိယံ။၃၅၃။