နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဒရိယာသတ္တဝဿာနိ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမဏိဃံသဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊သုန္ဒရီ၏အစည်းအဝေးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဝက်တို့သည် ပတ္တမြားညစ်နွမ်းအောင်ပြုကြကုန်အံ့ဟုကြံ၍မနီးမဝေးသော အရပ်ဝယ်တစ်ခုသောရေကန်သို့သွား၍ ညွန်၌လူး၍လာလတ်၍ ထိုထိုပတ္တမြားကိုပွတ်ကုန်၏။ ပတ္တမြားသည်ဝက်တို့၏အမွေးတို့ဖြင့် ပွတ်အပ်သည်ရှိသော်အတိုင်းထက်အလွန်ကြည်၏။ ဝက်တို့သည်အကြောင်းကိုမမြင်နိုင်ကုန်၍ပတ္တမြား၏ညစ်နွမ်းခြင်းကိုပြုတတ်သောအကြောင်းကိုရသေ့ကိုမေးကုန်အံ့ဟုဘုရားလောင်းသို့ဆည်းကပ်၍ လျောက်ပတ်စွာတည်ကုန်၍။ ။
(၄၆၀)ဒရိယာ သတ္တ-ဝဿာနိ၊တိံသ-မတ္တာ ဝသာမသေ။
ဟညာမ မဏိနော အာဘံ၊ဣတိ နော မန္တနံ အဟု။ ။
(၄၆၁)ယာဝတာ မဏိံ ဃံသာမ၊ဘိယျော ဝေါဒါယတေ မဏိ။
ဣဒဉ္စ ဒါနိ ပုစ္ဆာမ၊ကိံ ကိစ္စံ ဣဓ မညသိ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆိုကုန်၏။ ။
(၄၆၀-၄၆၁)ဘောတာပသ၊ အိုသျှင်ရသေ့။ ဒရိယာ၊ ပတ္တမြားဂူ၌။ သတ္တဝဿာနိ၊ ခုနှစ်နှစ်တို့ပတ်လုံး။ တိံသ-မတ္တာ၊ သုံးဆယ်အတိုင်းအရှည်ရှိကုန်သော။ မယံ၊ ငါတို့သည်။ ဝသာမသေ၊ နေပါကုန်၏။ မဏိနော၊ ပတ္တမြား၏။ အာဘံ၊ အရောင်ကို။ ဟညာမ၊ ဖျက်ဆီးကုန်အံ့။ ဣတိ၊ ဤသို့။ နော၊ အကျွန်ုပ်တို့၏။ မန္တနံ၊ တိုင်ပင်ခြင်းသည်။ အဟု၊ ဖြစ်၏။ ။
ယာဝတာ၊ အကြင်မျှလောက်သောညွန်ဖြင့်။ မယံ၊ ငါတို့သည်။ မဏိံ၊ ပတ္တမြားကို။ ဃံသာမ၊ ပွတ်ကုန်၏။ မဏိ၊ ပတ္တမြားသည်။ ဘိယျော၊ ရှေးထက်လွန်စွာ။ ဝေါဒါယတေ၊ အရောင်ထွက်၏။ ဣဒါနိ၊ ယခု။ တံ၊ သျှင်ရသေ့ကို။ ဣဒံ၊ ဤအကြောင်းကို။ ပုစ္ဆာမ၊ မေးပါကုန်၏။ ဣဓဣမသ္မိံအတ္ထေ၊ ဤအရာ၌။ တွံ၊ အသျှင်ရသေ့သည်။ မမ၊ အကျွန်ုပ်၏။ ကိစ္စံ၊ မေးအပ်သောကိစ္စကို။ ကိံမညသိ၊ အသို့အောက်မေ့တော်မူသနည်း။ ။
ထိုအခါ ထိုဝက်တို့အားကြားလိုရကားဘုရားလောင်းသည်။ ။
(၄၆၂)အယံ မဏိ ဝေဠူရိယော၊အ-ကာစော ဝိပုလော သုဘော။
နာ-ဿ သက္ကာ သိရိံ ဟန္တုံ၊အပက္ကမထ သူကရာ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၄၆၂)သူကရာ၊ ဝက်တို့။ အယံမဏိ၊ ဤပတ္တမြားသည်။ ဝေဠုရိယော၊ ကျောက်မြက်ရွဲတည်း။ အ-ကာစော၊ မကြမ်း။ ဝါ၊ စဉ့်ကျောက်မဟုတ်။ ဝိပုလော၊ ပြန့်ပြောသောအရောင်ရှိ၏။ အဿ၊ ထိုပတ္တမြား၏။ သိရိံ၊ အရောင်ကို။ ဟန္တုံ၊ ဖျက်ဆီးခြင်းငှာ။ နသက္ကာ၊ မတတ်ကောင်း။ တသ္မာ၊ ထိုသို့မတတ်ကောင်းသောကြောင့်။ တုမှေ၊ သင်ဝက်တို့သည်။ အပက္ကမထ၊ ဤပတ္တမြားဂူကိုစွန့်၍အရပ်တစ်ပါးဖဲသွားကြကုန်လော့။ ။ (ဤ၌ဒရိသဒ္ဒါသည်ခြောက်ကိုမဟော၊ပတ္တမြားဂူကို ဟောသည်။ အကာစောကိုနှစ်နက်ပေးသည်မှာ။ အကာစောတိအကက္ကသော။ ။ အဋ္ဌကထာ။ ။ အကာစောတိကာစမယောနဘဝတိ။ ။ ဋီကာ။ ။ ကျမ်းနှစ်ပါးသို့လိုက်သည်။ သိရီ,ဟုရှေးရဿ၊နောက်ဒီဃ။ ဤ၌ကားအံဝိဘတ်သက်၍သိရိံ, ရှိသည်။ သိရိန္တိပတံ၊ အဋ္ဌကထာဖွင့်ရကား ဤ၌ အရောင်အဆင်းကိုဟောသည်)။ ။
မဏိဃံသဇာတကံပဉ္စမံ။၂၈၅။