(၉၃) နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ နဝိဿသေ အဝိဿဋ္ဌေ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဝိသာသဘောဇနဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ အကျွမ်းဝင်သောသူတို့သည် ပေးအပ်သောဘောဇဉ်ကိုအကြောင်းပြု၍ဟောတော်မူ၏။
ဘောန္တော၊ အချင်းတို့။ အ-ဝိဿဋ္ဌေ၊ ရွံရှာခြင်းမကင်းသောသူ၌။ ဝါ၊ ရှေးကအကျွမ်းမဝင်ဖူးသောသူ၌။ နဝိဿသေ၊ အကျွမ်းမဝင်ရာ။ ဝိဿဋ္ဌေပိ၊ ရွံရှာခြင်းကင်းသောသူ၌လည်း။ ဝါ၊ ရှေးကအကျွမ်းဝင်ဖူးသောသူ၌သော်လည်း။ နဝိဿသေ၊ အကျွမ်းမဝင်ရာ။ မိဂ-မာတုယာ၊ ပြောင်မမှ။ ဘယံ၊ ဘေးသည်။ သီဟံ၊ ခြင်္သေ့ကို။ အနွေတိဣဝ၊ အစဉ်လိုက်သကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ ဝိဿာသာ၊ အကျွမ်းတဝင်ပြုခြင်းကြောင့်။ ဝါ၊ အကျွမ်းတဝင်ပြုအပ်သောသူမှ။ ဘယံ၊ ဘေးသည်။ အနွေတိ၊ အစဉ်လိုက်တတ်၏။ ။
ဝိသာသဘောဇနဇာတကံ တတိယံ။၉၃။