နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ယော ဝေ သဗ္ဗသမေတာနံ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤအာရာမဒူသကဇာတ်ကို၊ ဒက္ခိဏဂိရိဇနပုဒ်၌မထင်ရှားသောဥယျာဉ်စောင့်၏သားကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
ဘုရားလောင်းသည် တစ်စုံတစ်ခုသောပြုဖွယ်ကိစ္စဖြင့် ဥယျာဉ်သို့သွား၍ ထိုသို့ပြုကုန်သောထိုမျောက်တို့ကိုမြင်၍ အဘယ့်ကြောင့်သင်တို့သည်ဤသို့ပြုအပ်သနည်းဟုမေး၍၊ မျောက်ကြီးသည်စီရင်သောကြောင့် ဤသို့ပြုအပ်၏ဟုဆိုသည်ရှိသော်၊ မျောက်ကြီးအားပညာနည်း၏၊ သင်တို့အားကား အဘယ်သို့သဘောရှိသနည်းဟူသောအနက်ကိုပြလိုရကား။ ။
(၄ဝ၉)ယော ဝေ သဗ္ဗ-သမေတာနံ၊အဟုဝါ သေဋ္ဌ-သမ္မတော။
တဿာ-ယံ ဧဒိသီ ပညာ၊ကိမေဝ ဣတရာ ပဇာ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ဘုရားလောင်း၏စကားကိုကြား၍မျောက်တို့သည်။ ။
(၄၁၀)ဧဝ-မေဝ တုဝံ ဗြဟ္မေ၊အနညာယ ဝိနိန္ဒသိ။
ကထံ မူလံ အ-ဒိသွာန၊ရုက္ခံ ဇညာ ပတိဋ္ဌိတံ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။
(၄၁၁)နာ-ဟံ တုမှေ ဝိနိန္ဒာမိ၊ယေ စ-ညေ ဝါနရာ ဝနေ။
ဝိဿသေနော-ဝ ဂါရယှော၊ယဿ-တ္ထာ ရုက္ခ-ရောပကာ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၄၁၁)အဟံ၊ ငါသည်။ တုမှေ၊ သင်တို့ကို။ နဝိနိန္ဒာမိ၊ မကဲ့ရဲ့။ အညေ၊ သင်တို့မှတစ်ပါးကုန်သော။ ယေဝါနရာ၊ အကြင်မျောက်တို့သည်။ ဝနေ၊ တော၌။ ဝသန္တိ၊ နေကုန်၏။ တေစ၊ ထိုတစ်ပါးသောမျောက်တို့ကိုလည်း။ အဟံ၊ ငါသည်။ နဝိနိန္ဒာမိ၊ မကဲ့ရဲ့။ ဧတ္ထ၊ ဤအရာ၌။ ယဿ၊ အကြင်ဝိသသေနမင်း၏။ အတ္ထာအတ္ထာယ၊ အကျိုးငှာ။ တုမှာဒိသာ၊ သင်တို့ကဲ့သို့သဘောရှိသောသူတို့သည်။ ရုက္ခ-ရောပကာ၊ သစ်ပင်ကိုပျိုးတတ်သောဥယျာဉ်သည်တို့သည်။ ဇာတာ၊ ဖြစ်ပေကုန်၏။ သောတာဒိသော၊ ထိုသို့ဥယျာဉ်စောင့်မျောက်ကို ရတတ်သောသဘောရှိသော။ ဝိသသေနောဝ၊ ဝိသသေနမင်းကိုသာလျှင်။ ဂါရယှော၊ ကဲ့ရဲ့အပ်၏။ ။
အာရာမဒူသကဇာတကံအဋ္ဌမံ။၂၆၈။