Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

212. Ucchiṭṭhabhattajātakaṃ (2-7-2)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အညောဥပရိမောဝဏ္ဏော, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဥစ္ဆိဋ္ဌဘတ္တဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မယားဟောင်းဖြားယောင်းသောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ပုဏ္ဏေးမသည်ထိုပုဏ္ဏားလာသည်ကိုမြင်၍ လျင်မြန်စွာဝင်၍၊ ထလော့၊ ပုဏ္ဏားသည်လာ၏ဟုသယောက်လင်ကို ကျီဘွင်းသို့သွင်း၍ ပုဏ္ဏားသည် ဝင်နေသောကာလ၌လက်ဆေးရေခွက်ကိုဆောင်၍ လက်ဆေးရေကိုပေး၍ သယောက်လင်၏ စားကြွင်းဖြစ်သော အေးသောထမင်း၏အပေါ်၌နွေးသော ထမင်းကိုခူး၍ပုဏ္ဏားအားပေး၏။ ထိုပုဏ္ဏားသည်ထမင်း၌လက်ကိုချ၍ အထက်၌ပူသောအောက်၌အေးသောထမင်းကိုမြင်၍ ဤထမင်းသည်ကား တစ်ပါးသောသူ၏ စားကြွင်းထမင်းဖြစ်ရာ၏ဟုကြံ၏။ ကြံပြီး၍ထိုပုဏ္ဏားသည် ပုဏ္ဏေးမကိုမေးလိုရကား။ ။

(၂၇၉)အညော ဥပရိမော ဝဏ္ဏော၊အညော ဝဏ္ဏော စ ဟေဋ္ဌိမော။

ဗြာဟ္မဏိ တွေ-ဝ ပုစ္ဆာမိ၊ကိံ ဟေဋ္ဌာ ကိဉ္စ ဥပ္ပရိ။

ဟူသောပဌမဂါထာကိုဆို၏။ ။

(၂၇၉)ဗြာဟ္မဏိ၊ ပုဏ္ဏေးမ။ ဘတ္တဿ၊ ထမင်း၏။ ဥပရိမော၊ အထက်၌ဖြစ်သော။ ဝဏ္ဏော၊ အခြင်းအရာသဘောလက္ခဏာသည်။ အညော၊ တစ်ပါးတည်း။ ဟေဋ္ဌိမော၊ အောက်၌ဖြစ်သော။ ဝဏ္ဏောစ၊ အခြင်းအရာသဘော လက္ခဏာသည်ကား။ အညော၊ တစ်ပါးတည်း။ တွေဝတွံဧဝ၊ သင့်ကိုပင်လျှင်။ ပုစ္ဆာမိ၊ ငါမေးအံ့။ ဟေဋ္ဌာ၊ အောက်၌ဖြစ်သောထမင်းကား။ ကိံ၊ အသို့နည်း။ ဥပရိစ၊ အထက်၌ဖြစ်သော ထမင်းကား။ ကိံ၊ အသို့နည်း။ ။

(ခူးအပ်သော ထမင်းမည်သည်ကား၊အထက်၌အေးသည်ဖြစ်ရာ၏။ အောက်၌ပူသည်ဖြစ်ရာ၏။ ဤထမင်းမူကား ထိုကဲ့သို့သဘောရှိသည်မဟုတ်၊ ထို့ကြောင့်သင့်ကိုငါမေးအံ့။ အဘယ်အကြောင်းကြောင့် အထက်ထမင်းပူသနည်း။ အောက်ထမင်းအေးသနည်းဟူလိုသတည်း)။ ။

ပုဏ္ဏေးမသည်မိမိပြုအပ်သော အမှုထင်ရှားအံ့သည်မှ ကြောက်သောကြောင့်၊ ပုဏ္ဏားသည် အဖန်တလဲလဲ မေးသော်လည်း ဆိတ်ဆိတ်နေသည်လျှင်ဖြစ်၏။ ထိုခဏ၌နဋမျိုး၏သားအားကျီ၌ နေစေအပ်သော ယောက်ျားသည်သယောက်လင်ဖြစ်ရာ၏။ ဤပုဏ္ဏားသည်အိမ်ရှင်ဖြစ်ရာ၏။ ပုဏ္ဏေးမသည်တမူကား မိမိသည် ပြုအပ်သော အမှု၏ထင်ရှားအံ့သည့်အဖြစ်မှကြောက်သောကြောင့်တစ်စုံတစ်ခုသောစကားကိုမဆို။ ယခုငါသည်ဤပုဏ္ဏေးမသည်ပြုအပ်သော အမှုကိုထင်ရှားပြ၍ သယောက်လင်ကိုကျီထဲ၌နေစေသည်၏အဖြစ်ကိုပုဏ္ဏားအားဆိုအံ့၊ ဤသို့သောအကြံဖြစ်၏။ ကြံပြီး၍၊ ထိုနဋအမျိုး၏သားသည် ပုဏ္ဏားသည်အိမ်မှထွက်သောကာလမှစ၍ သယောက်လင်သည် အိမ်သို့ဝင်ခြင်းကို၎င်း၊ အလွန်အကျူးကျင့်ခြင်းကို၎င်း၊ ထမင်းစားခြင်းကို၎င်း၊ ပုဏ္ဏေးမသည် တံခါး၌ရပ်၍ ခရီးကိုမျှော်ခြင်းကို၎င်း၊ သယောက်လင်သည် ကျီသို့ဝင်သည်၏အဖြစ်ကို၎င်း အလုံးစုံသောအကြောင်းကိုကြားလို၍။ ။

(၂၈ဝ)အဟံ နဋောသ္မိ ဘဒ္ဒန္တေ၊ဘိက္ခကော-သ္မိ ဣဓာ-ဂတော။

အယံ ဟိ ကောဋ္ဌ-မောတိဏ္ဏော၊အယံ သော တွံ ဂဝေသတိ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၂၈၀)ဘဒ္ဒန္တေ၊ အိုအသျှင်ပုဏ္ဏား။ အဟံ၊ ငါသည်။ နဋော၊ နဋအမျိုးသည်။ အသ္မိ၊ ဖြစ်၏။ ဘိက္ခကော၊ ထမင်းတောင်းလို၍။ ဣဓ၊ ဤအရပ်သို့။ အာဂတော၊ လာသည်။ အသ္မိ၊ ဖြစ်၏။ သောတွံ၊ ထိုအသျှင်သည်။ ဣမိနာ၊ ဤထမင်းသည်။ ကိဿနုခေါ၊ အဘယ်သူ၏လျှင်။ ဥစ္ဆိဋ္ဌကေန၊ စားကြွင်းထမင်းသည်။ ဘဝိတဗ္ဗံ၊ ဖြစ်ရာသနည်း။ ဣတိ၊ ဤသို့။ ဂဝေသသိ၊ ရှာ၏။ ဣမံဘတ္တံ၊ ဤထမင်းကို။ ဘုဉ္ဇန္တော၊ စားသော။ အယံဟိ၊ ဤပုဏ္ဏေးမ၏သယောက်လင်သည်ကား။ တဝ၊ သင်မှ။ ဘယေန၊ ကြောက်သောကြောင့်။ ကောဋ္ဌံ၊ ကျီသို့။ ဩတိဏ္ဏော၊ ဝင်၏။ တွံ၊ အသျှင်ပုဏ္ဏားသည်။ နံ၊ ထိုသယောက်လင်ကို။ စူဠာယ၊ ဥသျှောင်၌။ ဂဟေတွာ၊ ကိုင်ဆွဲ၍။ ယထာ၊ အကြင်အခြင်းဖြင့်။ ပုန၊ တဖန်။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ ပါပံ၊ ယုတ်မာသောအမှုကို။ နကရောတိ၊ မပြုဝံ့။ တထာ၊ ထိုအခြင်းဖြင့်။ ဇာနာဟိ၊ သိအောင်မူလိုက် ဆုံးမလိုက်လော့။ ။

(ဝဏ္ဏောတိအာကာရော၊ အယံဟိဥပရိမဿ ဥဏှဘာဝ္နံဟေဋ္ဌိမဿ သီဟဘာဝံ ပုစ္ဆန္တော ဧဝမာဟ။ ။ အဋ္ဌကထာ ဟူရကား၊ဝဏ္ဏသည် အာကာရကို ဟောသည်၊ အာကာရဟူသည်လည်း ထမင်း၏ပူသည့်အဖြစ်အေးသည့်အဖြစ်တည်းဟူသော သဘောလက္ခဏာကို ဆိုလိုသည်)။ ။

ဥစ္ဆိဋ္ဌဘတ္တဇာတကံ ဒုတိယံ။၂၂၁။