Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

413. Dhūmakārijātakaṃ (7-2-8)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ရာဇာအပုစ္ဆိဝိဓုရံ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဓူမကာရီဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ကောသလမင်း၏ အာဂန္တုကတို့အား သင်္ဂြိုဟ်ခြင်းကို အကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုကောရဗျမင်းသည် တစ်နေ့သ၌ငါသည်သာလျှင် အာဂန္တုကတို့အား သင်္ဂြိုဟ်ခြင်းကိုပြု၍ ရှုံးသလော။ ထိုသို့မဟုတ်မူကား ရှုံးဘူးကုန်သော တစ်ပါးကုန်သောမင်းတို့သည် ဤသို့ရှိကုန်သလောဟုဝိဓူရပညာရှိကို မေးအံ့ဟုကြံ၍၊ မင်းအား ခစားအံ့သောငှါလာ၍နေသော ထိုဝိဓူရပညာရှိကို ထိုအကြောင်းကိုမေး၏။ ထိုအခါ၌ ထိုကောရဗျမင်း၏မေးသော အခြင်းအရာကိုထင်စွာပြုလိုသောသဗ္ဗညုမြတ်စွာဘုရားသည်။ ။

(၁၁၁၇)ရာဇာ အပုစ္ဆိ ဝိဓုရံ၊ဓမ္မကာမော ယုဓိဋ္ဌိလော။

ဟူသော ဂါထာဝက်ကိုဟော၏။ ။

အပိ ဗြာဟ္မဏ ဇာနာသိ၊ကော ဧကော ဗဟု သောစတိ။ ။

ဟူသောနောက်ဂါထာဝက်ကား၊ ကောရဗျမင်းမေးသောစကားတည်း။ ။

(၁၁၁၇)ဓမ္မကာမော၊ သုစရိုက်တရားကို အလိုရှိသော။ ယုဓိဋ္ဌိလော၊ ယုဓိဋ္ဌိလအမည်ရှိသော။ ရာဇာ၊ ကောရဗျမင်းသည်။ ဝိဓူရံ၊ ဝိဓူရ ပညာရှိကို။ အပုစ္ဆိ၊ မေးလတ်သတည်း။ ကိံအပုစ္ဆိ၊ အသို့မေးသနည်းဟူမူကား။ ဗြာဟ္မဏ၊ ဆရာပုဏ္ဏား။ ဧကော၊ တစ်ယောက်သော။ ကော၊ အဘယ်သူသည်။ ဗဟု၊ များစွာ။ သောစတိ၊ စိုးရိမ်သနည်း။ တွံ၊ ဆရာသည်။ ဇာနာသိ၊ သိ၏လော။ ဣတိ၊ ဤသို့။ အပုစ္ဆိ၊ မေး၏။ ။

ထိုစကားကိုကြား၍ ဘုရားလောင်းသည်၊ မြတ်သောမင်းကြီး၊ သင်မင်းကြီးတို့၏ စိုးရိမ်ခြင်းသည် အဘယ်စိုးရိမ်ခြင်းမည်သနည်း။ ရှေး၌ ဓူမကာရီအမည်ရှိသော ဆိတ်ထိန်းပုဏ္ဏားသည် များစွာသော ဆိတ်အပေါင်းကိုယူ၍ တော၌ခြံကိုပြု၏။ ထိုခြံ၌ ဆိတ်တို့ကိုထား၍ မီးကို၎င်း အခိုးကို၎င်းပြု၍ ဆိတ်အပေါင်းကိုကျောင်း၍ နို့ရည်အစရှိသည်တို့ကို သုံးဆောင်လျက်နေ၏။ ထိုဓူမကာရီပုဏ္ဏားသည် ထိုအရပ်သို့လာကုန်သော ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်သော သရဘမည်ကုန်သော သားတို့ကိုမြင်၍ ထိုသားတို့၌ ချစ်ခြင်းကိုပြု၍ ဆိတ်တို့ကို မရေတွက်မူ၍ ဆိတ်တို့အား ချီးမြှောက်ခြင်းကို သရဘမည်သော သားတို့အားပြု၍၊ တန်ဆောင်မုန်းလအခါ၌ သရဘမည်သော သားတို့သည်ပြေးကုန်၍ ဟိမဝန္တာသို့သွားကုန်လတ်သော်၊ ဆိတ်တို့သည်လည်း ပျက်စီးကုန်လတ်သော် သရဘမည်သော သားတို့ကိုမမြင်သည်ဖြစ်၍ စိုးရိမ်သဖြင့် ဖြော့တော့သောအနာရှိသည်ဖြစ်၍ အသက်ကုန်ခြင်းသို့ရောက်၏။ ဤဓူမကာရီပုဏ္ဏားသည် အာဂန္တုကတို့အား သင်္ဂြိုဟ်ခြင်းကိုပြု၍ သင်တို့ထက်အဆတရာဖြင့်၎င်း အဆအထောင်ဖြင့်၎င်း စိုးရိမ်ပင်ပန်း၍ ပျက်စီးခြင်းသို့ရောက်၏ဟု-ဥဒါန်းကိုဆောင်၍ပြလိုရကား။ ။

(၁၁၁၈)ဗြာဟ္မဏော အဇယူထေန၊ဗဟူတေဇော ဝနေ ဝသံ။

ဓူမံ အကာသိ ဝါသေဋ္ဌော၊ရတ္တိန္ဒိဝမတန္ဒိတော။ ။

(၁၁၁၉)တဿ တံ ဓူမဂန္ဓေန၊သရဘာ မကသဍ္ဍိတာ။

ဝဿာဝါသံ ဥပါဂစ္ဆုံ၊ဓူမကာရိဿ သန္တိကေ။ ။

(၁၁၂၀)သရဘေသု မနံ ကတွာ၊အဇာ သော နာဝဗုဇ္ဈထ။

အာဂစ္ဆန္တိံ ဝဇန္တိံ ဝါ၊တဿ တာ ဝိနသုံ အဇာ။ ။

(၁၁၂၁)သရဘာ သရဒေ ကာလေ၊ပဟီန-မကသေ ဝနေ။

ပါဝိသုံ ဂိရိဒုဂ္ဂါနိ၊နဒီနံ ပဘဝါနိ စ။ ။

(၁၁၂၂)သရဘေ စ ဂတေ ဒိသွာ၊အဇေ စ ဝိဘဝံ ဂတေ။

ကိသော စ ဝိဝဏ္ဏော စာသိ၊ပဏ္ဍုရောဂီ စ ဗြာဟ္မဏော။ ။

(၁၁၂၃)ဧဝံ ယော သံ နိရံကတွာ၊အာဂန္တုံ ကုရုတေ ပိယံ။

သော ဧကော ဗဟု သောစတိ၊ဓူမကာရီဝ ဗြာဟ္မဏော။ ။

ဟူသောဤ ၆ ဂါထာတို့ကိုဆို၏။ ။

(၁၁၁၈-၁၁၂၃)မဟာရာဇ၊ မြတ်သောမင်းကြီး။ ဝါသိဋ္ဌော၊ ဝါသိဋ္ဌအနွယ်ဖြစ်သော။ ဗြာဟ္မဏော၊ ဓူမကာရီပုဏ္ဏားသည်။ အဇယူထေန၊ ဆိတ်အပေါင်းနှင့်။ သဒ္ဓိံ၊ တကွ။ ဗဟုတေဇော၊ များစွာသောမီးစာရှိသည်ဖြစ်၍။ ဝနေ၊ တော၌။ ဝသံ၊ နေလျက်။ ရတ္တိံဒိဝံ၊ ညဉ့်နေ့ပတ်လုံး။ အတန္ဒိတော၊ မပျင်းမရိသည်ဖြစ်၍။ မက္ခိကပရိဟရဏတ္ထာယ၊ မှက်ခြင်ယင်ရဲကိုပယ်ရှဲလွှင့်ဖျောက်ခြင်းအကျိုးငှါ။ ဓူမံ၊ မီးအစုကို။ အကာသိ၊ ပြု၏။ ။

တဿ၊ ထိုဓူမကာရီပုဏ္ဏား၏။ တံတေနဓူမဂန္ဓေန၊ ထိုအခိုးအနံ့ကြောင့်။ မကသဋ္ဋိတာ၊ မှက်ခြင်ယင်ရဲတို့သည် ကိုက်ခဲနှိပ်စက်အပ်ကုန်သည်ဖြစ်၍။ သရဘာ၊ ရွှေအဆင်းနှင့်တူသောအဆင်းရှိသော သရဘမည်သော သားတို့သည်။ ဓူမကာရိဿ၊ ဓူမကာရီပုဏ္ဏား၏။ သန္တိကေ၊ အထံ၌။ ဝဿာဝါသံ၊ မိုဃ်းကာလပတ်လုံးနေခြင်းသို့။ ဥပဂစ္ဆုံ၊ ကပ်ကုန်၏။ ။

သော၊ ထိုဓူမကာရီပုဏ္ဏားသည်။ သရဘေသု၊ သရဘမည်သောသားတို့၌။ မနံ၊ ချစ်ခြင်းကို။ ကတွာ၊ ပြု၍။ အာဂစ္ဆန္တိံဝါ၊ တောမှကျက်စား၍လာသည်ကို၎င်း။ ဝဇန္တိံဝါ၊ တောသို့ ကျက်စားသွားသည်ကို၎င်း။ ဧတ္တကာ၊ ဤမျှကုန်သော။ အဇာ၊ ဆိတ်တို့သည်။ အာဂတာ၊ လာကုန်၏။ ဧတ္တကာ၊ ဤမျှကုန်သော။ အဇာ၊ ဆိတ်တို့သည်။ အနာဂတာ၊ မလာကုန်။ ဣတိ၊ ဤသို့။ နာဝဗုဇ္ဈထ၊ နှလုံးမသွင်းအလျှင်းမသိ။ တဿ၊ ထိုဓူမကာရီပုဏ္ဏား၏။ ဧဝံအပ္ပစ္စဝေက္ခိတာ၊ ဤသို့မကြည့်မရှုမသိမ်းမဆည်းအပ်ကုန်သော။ တာအဇာ၊ ထိုဆိတ်တို့သည်။ ဝိနသုံ၊ ခြင်္သေ့,သစ်,ကျား ဖမ်းစားသဖြင့်ပျက်ပြားသေပျောက်ကုန်၏။ ။

သရဘာ၊ သရဘမည်သော သားတို့သည်။ သရဒေကာလေ၊ တန်ဆောင်မုန်းလအခါ၌။ ဝနေ၊ တောသည်။ ပဟီနမကသေ၊ မှက်ခြင်ယင်ရဲကင်းပျောက်လတ်သော်။ ဂိရိဒုဂ္ဂါနဉ္စ၊ တောင်ဟူသောခဲယဉ်းသဖြင့် သွားအပ်သော အရပ်တို့၏၎င်း။ နဒီနဉ္စ၊ တောင်မှစီးသော မြစ်တို့၏၎င်း။ ပဘဝါနိ၊ အမွှန်အဦးတို့သို့။ ပါဝိံသု၊ ဝင်ကုန်၏။ ။

ဗြာဟ္မဏော၊ ဓူမကာရီပုဏ္ဏားသည်။ ဂတေ၊ သွားကုန်သော။ သရဘေစ၊ သရဘမည်သောသားတို့ကို၎င်း။ ဝိဘဝံ၊ ပျက်စီးခြင်းသို့။ ဂတေ၊ ရောက်ကုန်သော။ အဇေစ၊ ဆိတ်တို့ကို၎င်း။ ဒိသွာဇာနိတွာ၊ သိ၍။ ဥဘတောပရိဟီနော၊ သရဘသားဆိတ်နှစ်ပါးမှဆုတ်ယုတ်သည်ဖြစ်၍။ သောကာဘိဘူတော၊ စိုးရိမ်ခြင်းနှိပ်စက်ရကား။ ကိသောစ၊ ကြုံလှီသည်၎င်း။ ဝိဝဏ္ဏောစ၊ အဆင်းမလှသည်၎င်း။ ပဏ္ဍုရောဂီစ၊ ဖြော့တော့သော ရောဂါစွဲသည်၎င်း။ အသိ၊ ဖြစ်၏။ ။

မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝံ၊ ဤသို့။ ယော၊ အကြင်သူသည်။ သံသကံအဇ္ဈတ္တိကဇနံ၊ မိမိဥစ္စာဟောင်းဖြစ်သော အတွင်းသားကို။ နိရံကတွာနီဟရိတွာ၊ ထုတ်၍။ ။

တနည်း။ ။

နိရံ၊ စုံမက်ခြင်းကင်းသည်ကို။ ကတွာ၊ ပြု၍။ အာဂန္တုံ၊ ဧည့်သည်အာဂန္တုကို။ ပိယံ၊ ချစ်မြတ်နိုးအပ်သည်ကို။ ကုရုတေ၊ ပြု၏။ သော၊ ထိုအဟောင်းကိုပစ်၍ အသစ်ကို မြတ်နိုးသော သူသည်။ တေ၊ ရှင်မင်းကြီးအား။ မယာ၊ အကျွန်ုပ်သည်။ ဒဿိတော၊ ပြအပ်သော။ အယံဓူမကာရီ ဗြာဟ္မဏောဣဝ၊ ဤဓူမကာရီပုဏ္ဏားကဲ့သို့။ ဗဟုသောစတိ၊ မဆည်းမတားနိုင်အကြိမ်ကြိမ်စိုးရိမ်ရ၏။ ။

(ဝိနဿုံအဇာ,လိုလျက်ဆန်းကြောင့် သံယုဂ်ကိုချေ၍ဝိနသုံနေသည်)။ ။

ဓူမကာရီဇာတကံ အဋ္ဌမံ။၄၁၃။