(၁၄)ဘဝန္တော၊ အိုအမတ်များတို့။ လောကေ၊ လူ့ရွာ၌။ ရသေဟိ၊ ဇိဝှါဝိညာဉ်ဖြင့် ခံစားအပ်ကုန်သော ချို,ချဉ်,စပ်,ငန်,အဖန်,အခါး, ခြောက်ပါးရသာတို့၌တပ်စွန်းကုန်သောရသတဏှာတို့အောက်။ ပါပိယော၊ အထူးသဖြင့်ယုတ်မာသောသဘောတရားသည်။ နတ္ထိကိရ၊ မရှိသတတ်။ အယံ၊ ဤဇိဝှါဝိညာဉ်ဖြင့် ခံစားအပ်သောအရသာ၌ တပ်သောတဏှာသည်။ အာဝါသေဟိဝါ၊ အရိပ်အာဝါသနေရာတို့၌ တပ်စွန်းသောလောဘတို့အောက်၎င်း။ သန္ထဝေဟိဝါ၊ အဆွေခင်ပွန်းတို့၌ တပ်စွန်းသောလောဘတို့အောက်၎င်း။ ပါပတရာကိရ၊ အဆတစ်ရာအဆအထောင် အဆအသိန်းအားဖြင့်လွန်၍ ယုတ်မာသတတ်။ ဘဝန္တော၊ အိုအမတ်များတို့။ တုမှေ၊ သင်တို့သည်။ ရသာနံ၊ ရသတဏှာတို့၏။ ပါပိယဘာဝံ၊ အလွန်ယုတ်မာသည့်အဖြစ်ကို။ ပဿထ၊ ရှုကြကုန်လော့။ ဂဟန-နိဿိတံ၊ တောချုံကိုမှီထသော။ ဝါတမိဂံ၊ ဝါတမိဂမည်ရခေါ်တွင်တောသမင်ကို။ သဉ္ဇယော၊ သဉ္ဇယအမည်ရှိသောဥယျာဉ်စောင့်သည်။ ရသေဟိ၊ ပျားလူးမြက်အရသာတို့ဖြင့်။ ဝသံ၊ မိမိအလိုသို့။ အာနေသိ၊ ဆောင်ခဲ့ပြီ။ ။ (ဤသို့မင်းသည်ရသတဏှာ၏အပြစ်ကိုဟော၏။ ဟောပြီး၍ကားထိုသမင်ကို တောသို့ လျှင်ပို့စေ၏။ ။ ဤဂါထာသည်ဝေတာလီဂါထာဖြစ်၍ ဒုတိယပါဒ၌အာဝါသေဟိဝ,ဟု၊ရဿရွတ်။ တိဋ္ဌံစရံနိသိန္နောဝသယာနော,ကဲ့သို့တည်း။ တတိယပါဒ၌။ သရလောပေါယမနရာဒီသုဝါ,ဟူသောသုတ်ဖြင့်သရကိုချေ၍ဂဟ္နနိဿိတံ,ရွတ်သော်ဆန်းသင့်၏။ သို့သော်လည်းစာစောင်အများရှိရကားလျစ်လျူရှုအပ်၏)။ ။
ဝါတမိဂဇာတကံစတုတ္ထံ။၁၄။