Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

281. Abbhantarajātakaṃ (3-4-1)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အဗ္ဘန္တရံနာမဒုမော,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤအဗ္ဘန္တရဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ အသျှင်သာရိပုတ္တရာမထေရ်သည် ယသော်ဓရာမထေရ်မအား သရက်အရသာပေးခြင်းကို အကြောင်းပြု၍ဟောတော်မူ၏။ ။

ဘုရားလောင်းရသေ့ဗာရာဏသီပြည်သို့ရောက်၍ မင်း၏ဥယျာဉ်၌ နေတော်မူသောအခါ၊ ရသေ့အပေါင်း၏သီလတန်ခိုးအားဖြင့်သိကြား၏ နေရာသည်လှုပ်၏။ သိကြားမင်းသည်ဆင်ခြင်လတ်သော်ထိုအကြောင်းကိုသိ၍ ဤရသေ့တို့အားနေရာမရစိမ့်သောငှါလုံ့လပြုအံ့၊ ထိုအခါ ထိုရသေ့တို့သည် နေရာပျက်သဖြင့် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ စိတ်၏တည်ကြည်ခြင်းကို မရကုန်လတ္တံ့၊ ဤသို့ဖြစ်သည်ရှိသော် ငါ့အားချမ်းသာခြင်းသည် ဖြစ်လတ္တံ့ဟုကြံ၍ အကြောင်းအသို့နည်းဟု ဆင်ခြင်လတ်သော်၊ မဇ္ဈိမယံ၏အခြားမဲ့၌မင်းမိဖုရားကြီး၏ကြက်သရေတိုက်သို့ ဝင်၍ ကောင်းကင်၌ ရပ်၍၊ သျှင်မိဖုရားကြီး၊ သင်သည် အကယ်၍ အဗ္ဘန္တရသရက်သီးမှည့်ကိုစားရငြားအံ့သားကိုရလတ္တံ့၊ထိုသားစကြဝတေးမင်းဖြစ်လတ္တံ့ဟုငါဆို၏။ မင်းသည် မိဖုရားစကားကိုကြား၍ သရက်သီးမှည့်အကျိုးငှါ ဥယျာဉ်သို့စေလတ္တံ့၊ ထိုအခါ ငါသည် သရက်သီးကိုကွယ်စေအံ့၊ မင်းအားဥယျာဉ်၌သရက်သီးတို့၏ မရှိသောအဖြစ်ကို ကြားလျှောက်လတ္တံ့။ အဘယ်သူတို့သည် စားကုန်သနည်းဟု မေးလတ်သော်ရသေ့တို့သည် စားကုန်၏ ဟုဆိုလတ္တံ့။ ထိုစကားကို ကြား၍ရသေ့တို့ကိုပုတ်ခတ်၍ နှင်ထုတ်စေလတ္တံ့။ ဤသို့နှင်ထုတ်စေသည်ရှိသော် ထိုရသေ့တို့သည် ဥပဒ္ဒဝေါရှိသည်ဖြစ်ကုန်လတ္တံ့။ ဤသို့သော အကြောင်းကိုမြင်၍ ထိုသိကြားမင်းသည် မဇ္ဈိမယံ၏အခြားမဲ့၌ကြက်သရေတိုက်သို့ဝင်၍ ကောင်းကင်၌ ရပ်လျက်မိမိ၏ သိကြားမင်းအဖြစ်ကိုသိစေ၍ထိုမိဖုရားနှင့်တကွစကားပြောလိုရကား။ ။

(၄၄၈)အဗ္ဘန္တရော နာမ ဒုမော၊ယဿ ဒိဗျ-မိဒံ ဖလံ။

ဘုတွာ ဒေါဟဠိနီ နာရီ၊စက္ကဝတ္တိံ ဝိဇာယတိ။ ။

(၄၄၉)တွံ ဟိ ဘဒ္ဒေ မဟေသီ-သိ၊သာစာပိ ပတိနော ပိယာ။

အာဟရိဿတိ တေ ရာဇာ၊ဣဒံ အဗ္ဘန္တရံ ဖလံ။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၄၄၈-၄၄၉)ဘဒ္ဒေ၊ သျှင်မိဖုရား။ ယဿ၊ အကြင်သရက်ပင်၏။ ဒိဗျံ၊ နတ်တို့သည် သုံးဆောင်ခြင်းငှါထိုက်သော။ ဖလံ၊ အသီးသည်။ အတ္ထိ၊ ရှိ၏။ ဣဒံဖလံ၊ ဤအသီးကို။ ဘုတွာ၊ စားရ၍။ ဒေါဟဠိနီ၊ စားချင်ခြင်းရှိသော။ နာရီ၊ မိန်းမသည်။ စက္ကဝတ္တိံ၊ စကြဝတေးမင်းကို။ ဝိဇာယတိ၊ ဖွား၏။ သောဒုမော၊ ထိုသရက်ပင်သည်။ အဗ္ဘန္တရံနာမ၊ အဗ္ဘန္တရမည်၏။ ။

ဘဒ္ဒေ၊ သျှင်မိဖုရား။ တွံ၊ သင်သည်။ မဟေသီ၊ မိဖုရားကြီးသည်။ ဟိယသ္မာ၊ အကြင်ကြောင့်။ အသိ၊ ဖြစ်၏။ သာစာပိ၊ ထိုသင့်ကိုလည်း။ ပတိနော၊ လင်ဖြစ်သော ဗာရာဏသီမင်းသည်။ ပိယာ၊ ချစ်အပ်သည်။ ဟိယသ္မာ၊ အကြင်ကြောင့်။ အသိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ တေ၊ သင့်တို့။ ရာဇာ၊ မင်းသည်။ ဣဒံအဗ္ဘန္တရံ-ဖလံ၊ ဤအဗ္ဘန္တရသရက်သီးကို။ အာဟရိဿတိ၊ ဆောင်လတ္တံ့။ ။

ရက္ခိုသ်တို့သည်နိုးကုန်၍ကျေးသားငယ်ကိုမြင်ကုန်၍ ဤကျေးသားကား သရက်သီးခိုးသူတည်း ဟုညှဉ်းဆဲခြင်း အစီအရင်ကို ဆိုကုန်၏။ တစ်ယောက်သောရက္ခိုသ်ကား ထိုကျေးသားကို ခံတွင်း၌ထည့်၍မျိုအံ့ဟုဆို၏။ တစ်ယောက်သောရက္ခိုသ်သည် ထိုကျေးသားကိုလက်တို့ဖြင့်နယ်၍ချေအံ့ဟုဆို၏။ တစ်ယောက်သော ရက္ခိုသ်သည် နှစ်ဖြာခွဲ၍မီးကျီးတို့၌ ကပ်၍စားအံ့ဟုဆို၏။ ထိုကျေးသားသည် ထိုရက္ခိုသ်တို့၏ညှဉ်းဆဲသော အစီအရင်ကိုကြား၍ မထိတ်မလန့်လျှင် ရက္ခိုသ်တို့ကိုခေါ်၍၊ အသျှင်ရက္ခိုသ်တို့၊ သင်တို့သည်အဘယ်သူ၏ လူတို့နည်းဟုမေး၏။ ဝေဿဝဏ်နတ်မင်းကြီး၏ လူတို့တည်းဟု ဆိုကုန်၏။ အသျှင်ရက္ခိုသ်တို့၊ သင်တို့သည် မင်းတစ်ယောက်၏ လူဖြစ်ကုန်၏။ ငါသည်လည်းမင်း၏ လူဖြစ်၏။ ဗာရာဏာသီမင်းသည် ငါ့ကိုအဗ္ဘန္တရသရက်သီးအကျိုးငှါစေ၍ ငါသည်ဗာရာဏသီ၌လျှင်မင်းအား အသက်ကိုပေး၍လာ၏။ အကြင်သူသည် မိဘအရှင်တို့၏အကျိုးငှါ အသက်ကိုစွန့်၏။ ထိုသူသည် နတ်ပြည်၌လျှင်အကြင်ကြောင့်ဖြစ်၏။ ထိုကြောင့်ငါသည်လည်း ဤတိရစ္ဆာန်အမျိုးမှစုတေ့၍နတ်ပြည်၌ဖြစ်အံ့ဟုဆို၏။ ။

(၄၅၀)ဘတ္တု-ရတ္ထေ ပရက္ကန္တော၊ယံ ဌာန-မဓိဂစ္ဆတိ။

သူရော အတ္တ-ပရိစ္စာဂီ၊လဘမာနော ဘဝါ-မဟံ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၄၅၀)ဘတ္တု-ရတ္ထေ၊ အဝတ်အစားပေး၍ မွေးမြူပေတတ်သော အမိ,အဘ,အစိုးရသောသူ,ဟုဆိုအပ်သောအရှင်သုံးပါး၏ အမှုကိစ္စ၌။ ဝါ၊ အရှင်သုံးပါး၏အကျိုးငှါ။ ပရက္ကန္တော၊ မဆုတ်မနစ် လုံ့လပြုသော။ အတ္တပရိစ္စာဂီ၊ ကိုယ့်အသက်၌ ငဲ့ကွက်မခင် အရှင်သုံးပါး အကျိုးငှါ ကိုယ်ကိုစွန့်စားသော။ သူရော၊ ဘေးရန်တွေ့လည်း၊မရွေ့မရှဲ၊ရဲရင့်သော သူသည်။ ယံဌာနံ၊ အကြင်ချမ်းသာခြင်း၏ အကြောင်းဖြစ်သော ယသ, လာဘ,ဒေဝသမ္ပတ္တိ,အစရှိသောအရာကို။ အဓိဂစ္ဆတိ၊ ရ၏။ အဟံပိ၊ ငါသည်လည်း။ တံဌာနံ၊ ထိုယသ,လာဘ,ဒေဝသမ္ပတ္တိ,မနုဿသမ္ပတ္တိ,အစရှိသော အရာဌာနကို။ လဘမာနော၊ ရသောသူရဲသည်။ ဘဝါမိ၊ ဖြစ်အံ့။ တသ္မာ၊ ထိုသို့ရဲသော် ရဲကျိုး,အဘိုးအနဂ္ဃကို မြင်သည့်အဖြစ်ကြောင့်။ ဧတ္ထ၊ ဤသို့သင်တို့ညှဉ်းဆဲသောအမှုကို စီရင်စိုင်းပြင်းရာ၌။ မေ၊ ငါ့အား။ ပာာသောဝ၊ ရွှင်ခြင်းသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ တာသော၊ ဆံခြည်ဆယ်စိတ်ထိတ်လန့်ခြင်းသည်။ နတ္ထိ၊ မရှိ။ တုမှေ၊ သင်တို့သည်။ မံ၊ ငါ့ကို။ ကိံ၊ အဘယ့်ကြောင့်။ တာသေထ၊ ခြောက်ကြကုန်သနည်း။ ဤသို့ ထိုကျေးသားသည် ဤဂါထာဖြင့် ထိုရက္ခိုသ်တို့အား တရားဟော၏။ ထိုရက္ခိုသ်တို့သည်၊ ထိုကျေးသား၏တရားကိုနာရ၍ ကြည်ညိုသော စိတ်ရှိကုန်၍ ဤကျေးသားကားတရားစောင့်၏၊ သတ်ခြင်းငှာ မတတ်ကောင်း။ ထိုကျေးသားကိုလွှတ်ကြကုန်အံ့ဟုဆို၍၊ ကျေးသား၊ သင်သည် ငါတို့လက်မှလွတ်သည်ဖြစ်၏။ ချမ်းသာသဖြင့် သွားလေလော့ဟု ဆိုကုန်၏။ အသျှင်ရက္ခိုသ်တို့၊ သင်တို့သည်ငါ၏လာခြင်းကို အချည်းနှီးမပြုကြကုန်လင့်။ ငါ့အားတစ်လုံးသော သရက်သီးကို ပေးကြကုန်လော့ဟု ကျေးသားဆို၏။ ကျေးသားငယ်၊ သင့်အားတစ်လုံးသောသရက်သီးကိုပေးခြင်းငှာ ငါတို့အားဝန်မတို။ ထိုသို့ဝန်မတိုငြားသော်လည်း ဤသရက်ပင်၌ သရက်သီးတို့ကိုရေတွက်၍ထားအပ်ကုန်၏။ တစ်လုံးသောသရက်သီးကိုမျှမမြင်သည်ရှိသော် ငါတို့အားအသက်သည်မရှိရ။ ဝေဿဝဏ်နတ်မင်းသည် အမျက်ထွက်၍ တစ်ကြိမ် ကြည့်သည်ရှိသော် ပူစွာသောအိုးခင်း၌ထည့်အပ်သော နှမ်းတို့ကဲ့သို့ ကုမ္ဘဏ်တစ်ထောင်တို့သည်ကွဲကြေ၍ ဖရိုဖရဲရှိကုန်၏။ ထို့ကြောင့် သင့်အား ငါတို့မပေးဝံ့ကုန်။ ရရာအရပ်ကိုကား ကြားကုန်အံ့ဟုဆိုကုန်၏။ တစ်စုံတစ်ယောက်သော သူသည်ပေးသည်ဖြစ်စေ၊ ငါ့အားအသီးဖြင့် အလိုရှိသည်ဖြစ်၏။ ရရာအရပ်ကို ကြားပါကုန်လော့ဟုဆို၏။ တစ်ခုသောရွှေတောင်ကွန်ရက်၏ အကြား၌ဇောတိရသအမည်ရှိသောရသေ့သည်မီးပူဇော်လျက် ကဉ္စနပဗ္ဗတမည်သောသင်္ခမ်း၌နေ၏။ ထိုရသေ့သည် ဝေဿဝဏ်နတ်မင်း၏ ဆရာတည်း။ ဝေဿဝဏ်နတ်မင်းသည် ထိုရသေ့သို့မပြတ်လေးလုံးသောသရက်သီးတို့ကိုပို့စေ၏။ ထိုရသေ့၏အထံသို့ သွားလေလော့ဟုဆိုကုန်၏။ ထိုကျေးသားသည် ကောင်းပြီဟုဝန်ခံ၍ ထိုရသေ့အထံသို့သွား၍ ရှိခိုး၍တင့်အပ် လျောက်ပတ်စွာနေ၏။ ထိုအခါ ကျေးသားကို ရသေ့သည်အဘယ်မှ လာသနည်းဟုမေး၏။ ဗာရာဏသီမင်း၏အထံမှ လာ၏ဟုလျှောက်၏။ အဘယ်အကျိုးငှာလာသနည်းဟုမေး၏။ မြတ်သောအသျှင်၊ အကျွန်ုပ်တို့၏မင်းမိဖုရားအားအဗ္ဘန္တရသရက်သီး၌ ချင်ခြင်းသည်ဖြစ်၏။ ထို့ကြောင့်အဗ္ဘန္တရသရက်သီးကိုရစိမ့်သောငှါလာ၏။ ထိုရက္ခိုသ်တို့သည်ကား အကျွန်ုပ်အားသရက်သီးကိုမပေးမူ၍ အသျှင်ဘုရားတို့၏အထံသို့စေကုန်၏ဟုလျှောက်၏။ ထိုသို့တပြီးကားရလတ္တံ့ဟုသျှင်ရသေ့ဆို၏။ ထိုအခါထိုရသေ့အား ဝေဿဝဏ်နတ်မင်းသည် လေးလုံးသော သရက်သီးကိုပို့စေ၏။ သျှင်ရသေ့သည် ထိုသရက်သီးတို့မှနှစ်လုံးသော သရက်သီးတို့ကိုဘုန်းပေး၏။ တစ်လုံးသောသရက်သီးကိုကျေးသားငယ်အားစားစိမ့်သောငှာပေး၏။ ထိုကျေးသားငယ်သည် ထိုသရက်သီးကိုစားလတ်သော် တစ်လုံးသောသရက်သီးကိုဆိုင်း၌ထည့်၍ ယခုသွားလေလော့ဟု ကျေးသားငယ်၏ လည်၌ စွပ်၍လွှတ်လိုက်၏။ ထိုကျေးသားသည် ထိုသရက်သီးကိုဆောင်၍ မိဖုရားအားပေး၏။ ထိုမိဖုရားသည် ထိုသရက်သီးကိုစား၍ချင်ခြင်းကိုငြိမ်းစေ၏။ (ထိုသရက်သီးကိုစားခြင်းဟူသော အကြောင်းကြောင့်သော်မူကား ထိုမိဖုရားအား သားရသောမည်သည်မဖြစ်၊ သိကြားညစ်၍လှည့်စားရုံမျှသာတည်း)။ ။

အဗ္ဘန္တရဇာတကံ ပဌမံ။၂၈၁။