နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အယမေဝ သာအဟမသ္မိသောနအညော,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤစူဠပဒုမဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ သာသနာတော်၌ငြီးငွေ့သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။
ထိုအခါပဒုမမင်းသည်၊ အကြင်မိန်းမသည် ငါ့ကိုတောင်ကမ်းပါးပြတ်မှတွန်းချအပ်၏။ ထိုမိန်းမသည်သီလမရှိသောဤမိန်းမပင်တည်း။ တစ်ပါးမိန်းမမဟုတ်၊ သတ်အပ်သောအဖြစ်သို့ရောက်သော ထိုငါမွေးမြူအပ် သောငတုံးသည်လည်း၊ ဤငတုံးလျှင်ပင်တည်း။တစ်ပါးသူမဟုတ်၊ ဤသို့ဆိုလို၍။ ။
(၂၃၇)အယမေ-ဝ သာ အဟ-မသ္မိ သော အနညော၊အယမေဝ သော ဟတ္ထစ္ဆိန္နော အနညော။
ယမာဟု ကောမာရ-ပတိံ မမန္တိ၊ဝဇ္ဈိတ္ထိယော နတ္ထိ ဣတ္ထီသု သစ္စံ။
(၂၃၈)ဣမဉ္စ ဇမ္မံ မုသလေန ဟန္တွာ၊လုဒ္ဒံ ဆဝံ ပရဒါရူပသေဝိံ။
ဣမိဿာစ နံ ပါပ-ပတိဗ္ဗတာယ၊ဇီဝန္တိယာ ဆိန္ဒထ ကဏ္ဏ-နာသံ။
ဟူသောဤဂါထာတို့ကိုဆို၏။ ။
(၂၃၇-၂၃၈)ဘောန္တောအမစ္စာ၊ အိုအမတ်တို့။ ယာယ၊ အကြင်မိန်းမသည်။ အဟံ၊ ငါ့ကို။ ပဗ္ဗတ-ပပါတိတော၊ တောင်ကမ်းပါးပြတ်မှတွန်းချလိုက်၏။ သာဣတ္ထီ၊ ထိုငါ့ကိုတွန်းချသောမိန်းမသည်။ အယမေဝ၊ ဤမိန်းမပင်တည်း။ အနညာ၊ တစ်ပါးသောမိန်းမမဟုတ်။ တာယ၊ ထိုမိန်းမသည်။ ယောပုရိသော၊ အကြင်ယောက်ျားကို။ ပဗ္ဗတပပါတိတော၊ တောင်ကမ်းပါးပြတ်မှတွန်းချအပ်၏။ သောပုရိသော၊ ထိုတွန်းချအပ်သောယောကျ်ားသည်။ အဟံ၊ ငါသည်ပင်။ အသ္မိ၊ ဖြစ်၏။ အနညော၊ တစ်ပါးသောသူမဟုတ်။ ဧသာ၊ ဤမိန်းမသည်။ ယံဟတ္ထစ္ဆိန္နံ၊ အကြင်ပြတ်သောလက်ခြေနားနှာခေါင်းရှိသောသူယုတ်မာကို။ အယံ၊ ဤယောက်ျားသည်။ မမံ၊ ငါ၏။ ကောမာရပတိ၊ မိဘထိမ်းမြားသော ငယ်လင်တည်း။ ဣတိ၊ ဤသို့။ အာဟုအာဟ၊ ဆို၏။ သောဟတ္ထစ္ဆိန္နော၊ သူ၏ငယ်လင်ဆိုသောပြတ်သောလက်ခြေနားနှာခေါင်းရှိသောထိုယောက်ျားသည်။ အယမေဝ၊ ဤသူယုတ်မာပင်တည်း။ အနညော၊ တစ်ပါးသောသူမဟုတ်။ ဣတ္ထိယော၊ မိန်းမတို့မည်သည်ကား။ ဝဇ္ဈာ၊ သတ်အပ်သောအဖြစ်သို့ရောက်ကုန်၏။ ဣတ္ထီသု၊ မိန်းမတို့၌။ သစ္စံ၊ သစ္စာသည်။ နတ္ထိ၊ မရှိ။ ။
လုဒ္ဒံ၊ ရုန့်ရင်းကြမ်းကြုတ်စွာထသော။ ဆဝံ၊ ကျေးဇူးဂုဏ်ကင်းသည်ဖြစ်၍သူသေနှင့်တူထသော။ ပါရဒါရူပ-သေဝိံ၊ သူ့မယားကိုမှီဝဲတတ်ထသော။ ဣမဉ္စဇမ္မံ၊ ဤသူယုတ်မာကိုလည်း။ မုသလေန၊ ကြည်ပွေ့ဖြင့်။ ဟန္တွာ၊ သိသိညက်ညက်ကြေအောင်နှက်၍။ ဒဏ္ဍံ၊ မင်းဒဏ်ကို။ ကရောထ၊ ပြုကြကုန်လော့။ ပါပ-ပတိဗ္ဗတာယ၊ ယုတ်မာစွာသောလင်ကိုလုပ်ကျွေးသော။ ဣမိဿာစ၊ ဤသီလမရှိသောမိန်းမမည်သည်လည်း။ ဝါ၊ ၏လည်း။ (နံကားနိပါတ်မျှ)။ ဇီဝန္တိယာ၊ အသက်ရှည်စဉ်လျှင်။ ကဏ္ဏနာသံ၊ နားနှာခေါင်းကို။ ဆိန္ဒထ၊ ဖြတ်ကြကုန်လော့။
စူဠပဒုမဇာတကံတတိယံ။၁၉၃။