ဘဝန္တော၊ အိုနတ်များတို့။ နိကတိပ္ပညော၊ ကောက်ကျစ်စဉ်းလဲလှည့်စားဉာဏ်ရောက်သောသူသည်။ နိကတျာ၊ ကောက်ကျစ်စဉ်းလဲလှည့်ပတ်သောအမှုဖြင့်။ အစ္စန္တံ၊ စင်စစ်။ ဝါ၊ အစ္စန္တံနိစ္စကာလံ၊အမြဲကာလပတ်လုံး။ သုခံသုခသ္မိံယေဝ၊ ချမ်းသာ၌သာလျှင်။ နဧဓတိ၊ မတည်နိုင်။ ။ (စင်စစ်သော်ကားမိမိအမှု အကုသိုလ်ပတ်မိ၍ ပျက်စီးခြင်းသို့ ရောက်အံ့သည်မချွတ်ဟူလို)။ ကတိပ္ပညော၊ ကောက်ကျစ်စဉ်းလဲလှည့်စားဉာဏ်ရောက်သောသူသည်။ အတ္တနာ၊ မိမိသည်။ ကတ-ပါပဿ၊ ပြုအပ်သောမကောင်းမှု၏။ ဖလံ၊ မကောင်းသောအကျိုးကို။ (ထည့်)။ အာရာဓေတိ၊ အတုံ့ရမည်မချွတ်တည်း။ ကိမိဝ၊ အဘယ်ကဲ့သို့နည်း ဟူမူကား။ ဗကော၊ ကောက်ကျစ်စဉ်းလဲသောဗျိုင်းလိမ်သည်။ ကက္ကဋကာ၊ မိမိထက်အလိမ်သာပြန်သောပုဇွန်မှ။ ဂီဝ-စ္ဆေဒံ၊ လည်ပြတ်ခြင်းသို့။ ပါပုဏာတိဣဝ၊ ရောက်၏သို့။ ဧဝံတထာ၊ ထို့အတူ။ သောကေရာဋိကော၊ ထိုကောက်ကျစ်စဉ်းလဲသောလူလိမ်သည်။ အတ္တနာ၊ မိမိသည်။ ကတ-ပါပတော၊ ပြုအပ်သောမကောင်းမှုမှ။ ဒိဋ္ဌေဝဓမ္မေဝါ၊ မျက်မြင်ပစ္စက္ခဤဘဝ၌သာလျှင်၎င်း။ သမ္ပရာယေဝါ၊ တမလွန်လောကသံသရာ၌၎င်း။ ဘယံ၊ အင်မတန်သောဘေးကို။ အာရာဓေတိ၊ ရမည်မချွတ်တည်း။
ဗကဇာတကံအဋ္ဌမံ။၃၈။