နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ပါဏိကေမုဒုကာအဿ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤမုဒုပါဏိဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ သာသနာတော်၌ငြီးငွေ့ သော ရဟန်းတစ်ပါးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအထိန်းမိန်းမသည်သွား၍၊ မိခင်၊ လာလော့၊ ခေါင်း၌သန်းရှာအံ့ဟုမင်းသ္မီးကို နိမ့်သောအင်းပျဉ်၌နေစေ၍၊ မိမိသည်မြင့်သော အင်းပျဉ်၌နေ၍၊ မင်းသ္မီး၏ဦးခေါင်းကိုမိမိပေါင်၌ထား၍သန်းကိုယူလျက် မင်းသ္မီးဦးခေါင်းကို လက်သည်းတို့ဖြင့်ထိုး၏။ မင်းသ္မီးသည် ဤအထိန်းမိန်းမကားမိမိလက်သည်းတို့ဖြင့်မထိုး။ ငါ့အရီးသား၏လက်သည်းတို့ဖြင့်ထိုး၏ဟုသိ၍၊ မိခင်၊ သင်သည် မင်းသားအထံသို့သွားချေသလောဟုမေး၏။ မိခင်၊ သွားချေ၏ဟုဆိုလတ်သော်၊ မင်းသားသည်အဘယ်စကားကိုပြောဆိုသနည်းဟုမေး၏။ မိခင်၊ သင်၏အဘသို့ရောက်ကြောင်းကိုမေး၏ဟုဆိုလတ်သော်၊မင်းသ္မီးသည်ပညာရှိမူကားသိလတ္တံ့ဟု။ ။
(၃၉၁)ပါဏိ စေ မုဒုကာ စ-ဿ၊နာဂေါ စ-ဿ သုကာရိတော။
အန္ဓကာရော စ ဝဿေယျ၊အထနူန တဒါ သိယာ။ ။
ဟူသောဤဂါထာကိုစီကုံး၍။ မိခင်၊ ဤဂါထာကိုသင်၍ မင်းသားအားလျှောက်လေလော့ဟုဆို၏။ ထိုအထိန်းမိန်းမသည် ထိုဂါထာကိုသင်၍ မင်းသားအထံသို့သွား၍၊ မိခင်၊ မင်းသ္မီး အသို့ဆိုလိုက်သနည်းဟုမေးသည်ရှိသော်၊ အသျှင့်သား၊ တစ်စုံတစ်ပါးသောစကားကိုမဆိုမူ၍ ဤဂါတာကိုပို့လာစေ၏ဟု ပြောဆို၍ထိုဂါထာကိုရွတ်၏။ မင်းသားသည်ထိုဂါထာ၏အနက်ကိုသိ၍၊ မိခင်၊ သွားလေတော့ဟုဆို၍ထိုအထိန်းမိန်းမကိုလွှတ်လိုက်၏။ ။
မင်းသည်နှလုံးမသာ၍ ကိုင်၍သွားသော်လည်း မာတုဂါမကိုစောင့်ခြင်းငှါမတတ်နိုင်သည်သာလျှင်တည်း။ မိန်းမတို့မည်သည်ကားစောင့်ရှောက်ခြင်းငှါမတတ်ကောင်းသောသဘောရှိ၏ဟုကြံ၍။ ။
(၃၉၂)အနလာ မုဒု-သမ္ဘာသာ၊ဒုပ္ပူရတ္တာ နဒီ-သမာ။
သီဒန္တိ နံ ဝိဒိတွာန၊အာရကာ ပရိဝဇ္ဇယေ။ ။
(၃၉၃)ယံ ဧတာ ဥပသေဝန္တိ၊ဆန္ဒသာ ဝါ ဓနေန ဝါ။
ဇာတဝေဒေါဝ သံ ဌာနံ၊ခိပ္ပံ အနုဒဟန္တိ နံ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၃၉၂-၃၉၃)ဣတ္ထိယော၊ မိန်းမတို့မည်သည်။ မုဒုသမ္ဘာသာ မုဒုသမ္ဘာသာယပိ၊ နူးညံ့ချိုသာသောစကားဖြင့်လည်း။ သင်္ဂဏှိတုံ၊ သင်္ဂြိုဟ်သိမ်းပိုက်ခြင်းငှါ။ အနလာအသက္ကုဏေယျာ၊ မတတ်ကောင်းကုန်။ တနည်း။ အနလာ၊ ယောက်ျားတို့နှင့်အတူနေခြင်းကိုမထိုက်ကုန်။ မုဒု-သမ္ဘာသာ၊ နှလုံးခိုင်မာလျက် နူးညံ့သာယာသောစကားရှိကုန်၏။ ဒုပ္ပူရတ္တာ၊ အလိုကိုပြည့်စေနိုင်ခဲသည်၏အဖြစ်ကြောင့်။ နဒီ-သမာ၊ မပြတ် စီးသော မြစ်ကြီးနှင့်တူကုန်၏။ သီဒန္တိ၊ ငရဲသို့နစ်တတ်ကုန်၏။ ဧဝံ၊ ဤသို့။ ဝိဒိတွာန၊ သိ၍။ ပဏ္ဍိတော၊ ပညာရှိသည်။ ဧတာ၊ ထိုမိန်းမတို့ကို။ အာရကာ၊ ဝေးစွာ။ ပရိဝဇ္ဇယေ၊ မြွေပွေးမြွေဟောက်သို့ ရွံ့ကြောက်သဖြင့်ကြဉ်ရာ၏။ ။
ဧတာ၊ ထိုမိန်းမတို့သည်။ ယံ၊ အကြင်ယောက်ျားကို။ ဆန္ဒသာဝါ၊ အလိုတူသဖြင့်၎င်း။ ဓနေနဝါ၊ ဥစ္စာပေးသွင်းသဖြင့်၎င်း။ ဥပသေဝန္တိ၊ မှီဝဲကုန်၏။ နံပုရိသံ၊ ထိုယောက်ျားကို။ ခိပ္ပံ၊ လျင်စွာ။ အနုဒဟန္တိ၊ လောင်တတ်ကုန်၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ဇာတဝေဒေါ၊ မီးသည်။ သံဌာနံ၊ မိမိတည်ရာကို။ အနုဒဟတိဣဝ၊ လောင်၏သို့တည်း။ ။
ရှေးအနက်လည်းမုဒုသမ္ဘာသာနောင်အာဝိကတာ,ကဲ့သို့ယ,ကျေသည်။ နအလံသက္ကုဏေယျာတိအနလာ,ပြု၊သင်္ဂဏှိတုံ,ကားပါဌသေသ။ နောက်နည်း၌ပုရိသေဟိဝါ သံနအလန္တိ အနလာ,ပြု။ ဟဒယေထဒ္ဓေဝိမုဒုသမ္ဘာ သာသုန္ဒရဝါစါဧတာသန္တိ မုဒုသမ္ဘာသာ။ ဧတာသံ၊ ထိုမိန်းမတို့အား၊၏။ ဟဒယေ၊ နှလုံးသည်။ ထဒ္ဓေပိ၊ ခိုင်မာသော်လည်း။ မုဒု၊ နူးညံ့သာယာသော။ သမ္ဘာသာသုန္ဒရဝါစာ၊ ကောင်းသောစကားသည်။ အတ္ထိ၊ ရှိ၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ တာဣတ္ထီ၊ ထိုမိန်းမတို့သည်။ မုဒုသမ္ဘာသာ၊ မည်ကုန်၏။ သီဒန္တိနံ,၌၊ နံကားနိပါတ်မျှ။ ဇာတမတ္တောဝဝေဒယတိဝိဒိတော ပါကဋောဟောတီတိ ဇာတဝေဒေါ။ ယောအဂ္ဂိ၊ အကြင်မီးသည်။ ဇာတမတ္တောဝ၊ ဖြစ်ကာမျှဖြစ်၍လျှင်။ ဝေဒယတိ၊ ထင်ရှားတတ်၏။ ဝိဒိတောပါကဋော၊ ထင်ရှားသည်။ ဟောတိ၊ ဖြစ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ သောအဂ္ဂိ၊ ထိုမီးသည်။ ဇာတဝေဒေါ၊ မည်၏)။ ။
မုဒုပါဏိဇာတကံ ဒုတိယံ။၂၆၂။