Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

148. Siṅgālajātakaṃ

Author: နိဿယ-1 @ IAPT

(၁၄၈) နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ နာဟံပုနနစပုန, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသိင်္ဂါလဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ ကိလေသာကိုနှိပ်ခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏။

အဟံ၊ ငါမြေခွေးအိုသည်။ ဣတော၊ ဤယခုဆင်ဝမ်းခေါင်းမှထွက်သောကာလမှ။ ပုန၊ တဖန်။ ဟတ္ထိ-ဗောန္ဒိံ၊ ဆင်ကောင်သို့။ နပဝေက္ခာမိ၊ မဝင်အံ့။ တတော၊ ထိုမဝင်အံ့ဟုဆိုသောအကြိမ်မှ။ ပုနစ၊ တဖန်လည်း။ ဟတ္ထိ-ဗောန္ဒိံ၊ ဆင်ကောင်သို့။ နပဝေက္ခာမိ၊ မဝင်အံ့။ တတောစာပိ၊ ထိုမဝင်အံ့ဟုနှစ်ကြိမ်ဆိုသည်မှလည်း။ အပုနပ္ပုနံ၊ အကြိမ်ကြိမ်အဖန်ဖန်လည်း။ ဟတ္ထိ-ဗောန္ဒိံ၊ ဆင်ကောင်သို့။ နပဝေက္ခာမိ၊ မဝင်အံ့။ ကိံကာရဏာ၊ အဘယ်အကြောင်းကြောင့်နည်းဟူမူကား။ အဟံ၊ ငါမြေခွေးအိုသည်။ ဣမသ္မိံ ယေဝပဝေသနေ၊ ဤဆင်ကောင်၌ဝင်ခြင်းကြောင့်သာလျှင်။ ဘယ-တဇ္ဇိတော၊ သေဘေးဖြင့်ထိတ်လန့်ရ၏။ တထာဟိတတောဧဝ၊ ထို့ကြောင့်ပင်လျှင်။ နပဝေက္ခာမိ၊ မဝင်ပေအံ့။ ။ (အပ္ပုနပ္ပုနံ,၌,အကား နိပါတမတ္တသာ)။ ။

သိင်္ဂါလဇာတကံအဋ္ဌမံ။၁၄၈။